Health Insurance - Nwe
လူတိုင်းအတွက် ကျန်းမာရေး အာမခံ
ကျန်းမာရေးအာမခံ ဘယ်လိုထားမလဲ ❓❓
ဉပမာ - အသက် (၄၀) နှစ် ရှိသူတယောက်က တစ်နေ့ကို 🍀(၆၅၂) ကျပ် စုဆောင်းထားရုံနဲ့ တစ်နှစ်အတွင်း ဆေးရုံတက်ရောက်ကုသရသော ရောဂါတစုံတရာဖြစ်ပွားလာခဲ့ပါက ဆေးကုသစရိတ် 🍀ကျပ်သိန်း (၅၀) အထိ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
(မိမိအသက်အရွယ်/ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး စုဆောင်းငွေပမာဏ အနည်းအများ ကွာခြားနိုင်ပါတယ်။)
ဘယ်အရာမှ ကြိုတင်မှန်းဆထားလို့ မရနိုင်တဲ့ ခုလိုချိန်မျိုးမှာ အကယ်၍များ အကြောင်းတခုခုကြောင့် မိမိဆုံးပါးသွားခဲ့ပါကလည်း မိသားစုအတွက် ကျန်းမာရေးအာမခံ၏ သေဆုံးမှုအကျိုးခံစားခွင့်အနေနဲ့ 🍀ငွေကျပ် (၁၀) သိန်း ချန်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။
💖ကျန်းမာရေးအာမခံထားရှိခြင်းက နာမကျန်းဖြစ်ခြင်း/ မတော်တဆမှုတခုခုကြောင့် ဆေးရုံတက်ရတဲ့အခါ သင်ရော/ သင့်မိသားစုမှာပါ ဆေးကုသစရိတ်အတွက် ပူပင်သောကတွေ လျော့နည်းစေနိုင်ပါတယ်။
ဒီလို သင်နဲ့ သင့်မိသားစု အနာဂတ်အတွက် စိတ်အေးချမ်းစေမယ့် အကျိုးရှိလှတဲ့ ကျန်းမာရေးအာမခံ ထားရှိလိုပါက ...
Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor
09796103070
ထာဝရသင်နှင့်အတူ
29/09/2023
💖 World Heart Day 2023 💖
*Use Heart, Know Heart* .....
💞 Protect your Heart.
If not,
🍀🍀 Cover medical expenses that arise due to cardiovascular diseases ...
💖World Heart Day 2023💖
နှလုံးသွေးကြောဆိုင်ရာရောဂါသည် ကမ္ဘာ့နံပါတ်တစ် လူသတ်သမားဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၇၀ မတိုင်မှီ သေဆုံးမှုလေးဦးလျှင် တစ်ဦးမှာ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO မှ ခန့်မှန်းထားပါသည်။
စစ်တမ်းများအရ အသက် ၄၀ မှ ၉၉ နှစ်အတွင်း လူဉီးရေ တစ်ထောင်တွင် (၁၅)ယောက်ခန့်ထိ နှလုံးရောဂါ၏ နောက်ဆက်တွဲ လေဖြတ်ခြင်းကို ခံစားနေကြရသည်။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းအတွက် ဆေးကုသစရိတ်များမှာ အလွန်မြင့်မားပါသည်။ ၎င်းတို့သည် အများအားဖြင့် ရေရှည် ကုသမှုကိုလိုအပ်ပြီး မိသားစုများအတွက် အိတ်ကပ်ပြင်ပအသုံးစရိတ်များ (Out of Pocket Expendicture) မြင့်မားစေကာ အိမ်ထောင်စုများစွာကို ကျန်းမာရေးအသုံးစရိတ်နှင့် ဆင်းရဲမွဲတေမှုဘေးသို့ တွန်းပို့နိုင်သည်။
❌တစ်နေ့လျှင် ဆား ၅ ဂရမ် (လက်ဖက်စားဇွန်း တစ်ဇွန်းနီးပါးပမာဏ) ထက် ပိုစားသုံးပါက သွေးဖိအားကို တိုးစေပြီး နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ ပိုများသည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းတွင် သွေးတိုးရောဂါအတွက် ထိပ်တန်းအန္တရာယ်အချက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။
💖 ယခုနှစ် World Heart Day 2023 - ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင် "နှလုံးသားကိုသုံးပါ၊ နှလုံးသားကိုသိပါ" ("Use Heart, Know Heart.") ဆောင်ပုဒ်ဖြင့် နှလုံးရောဂါများကို သတိပေးထားပါတယ်ရှင် .....
24/09/2023
Dai-ichi Health CARE က
💖 မထင်မှတ်ဘဲကြုံတွေ့လာရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကနေ မိမိအတွက်သာမက ချစ်ခင်ရသူတွေအတွက်ပါ ကာကွယ်ပေးထားနိုင်ပါတယ်။
ဒါတင်မက
Dai-ichi Health CARE နဲ့ဆိုရင် ပြည်တွင်းဆေးရုံတွေသာမက ပြည်ပနိုင်ငံတွေက သတ်မှတ်ထားတဲ့ဆေးရုံတွေမှာပါ ဆေးရုံတက်စဉ်၊ မတက်ခင်နဲ့ ဆေးရုံဆင်းပြီးကုသမှု၊ ပြင်ပလူနာဌာနပြသမှုတို့အပြင် သေဆုံးမှုတို့အတွက်ကိုပါ ဝယ်ယူမှုအစီအစဥ်ပေါ်မူတည်ပြီး ငွေကြေးအရအကာအကွယ်ပေးထားနိုင်တယ်ပါတယ်။
အသေးစိတ်ထပ်မံသိရှိနိုင်ဖို့ ...
➡️ဝက်ဘ်ဆိုဒ် https://bit.ly/45bMNJH ကနေတစ်ဆင့် ဝင်ရောက်လေ့လာနိုင်သလို
➡️chat box မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင်။
Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor
အရေးကြီးဆုံး ကိုယ်တွင်းအင်္ဂါများထဲမှ တစ်ခုဖြစ်တဲ့အသည်းက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး အာဟာရဓာတ်တွေကို သိုလှောင်ကာ ဟော်မုန်းတွေကိုလည်း ထိန်းညှိပေးပါတယ်။
ကျန်းမာတဲ့အသည်းတစ်ခုကို ထိန်းသိမ်းထားနိုင်ဖို့အတွက်ဆိုရင်
➡️အရက်သောက်သုံးမှုကို လျှော့ချခြင်း၊
➡️အကိုက်အခဲပျောက်ဆေးများ ရေရှည်သုံးစွဲမှုကိုရှောင်ရှားခြင်း၊
➡️အဆီအလွန်အကျွံစားသုံးမှုကို ရှောင်ကြဥ်ခြင်း အစရှိတဲ့ အချက်များကိုလိုက်နာကျင့်သုံးသင့်ပါတယ်။
💖 ဒါ့အပြင် အသည်းရောဂါကဲ့သို့သော ပြင်းထန်ရောဂါတွေကို ဆေးကုသရာမှာ ကုန်ကျစရိတ်အတွက် ငွေကြေးအကာအကွယ်ပေးတဲ့ Dai-ichi CI Plus ကိုရယူထားခြင်းကလည်း အကောင်းဆုံး ကြိုတင်ကာကွယ်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။
မိမိနှင့် မိမိချစ်ခင်ရသူတွေအတွက် ဆေးကုသစရိတ် ဝန်ထုပ်ဝန်ပိုးများကို Dai-ichi CI Plus နှင့် ကာကွယ်လိုပါက
Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor
ထာဝရသင်နှင့်အတူ 🥰
19/09/2023
လူတိုင်း ကျန်းမာတဲ့အခါ ရှိသလို မကျန်းမာတဲ့အခါလည်း ရှိတယ်။ ကျန်းမာနေတဲ့ အချိန် လူတွေက ပျော်ရွှင်နေတော့ ဘာပဲလုပ်လုပ် အဆင်ပြေကြတယ်။ အဆင်ပြေနေပြီ ဆိုရင် ပျော်စရာတွေ လွှမ်းမိုးနေတာမို့ အားကိုးရာ သိပ်မရှာကြသလို ကျန်းမာရေးစရိတ် ကိုလည်း ပေါ့ပေါ့ပါးပါးပဲ တွေးကြတယ်။
မကျန်းမမာ ဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးစရိတ်အတွက် ပူပန်လာကြတယ်။ အားကိုး ရှာလာကြတယ်။ နောက်ပိုင်းမှာ မိသားစုအရေး ကိုယ့်ပေါ် အားထားနေရတဲ့ အခြေအနေဆိုရင် သောကပိုလာတယ်။ စိတ်ဓာတ်ကျလာတယ်။ ကိုယ်ရော သူရော အတူတူပါပဲ။
ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကျန်းမာရေးအာမခံ အကြောင်း မိတ်ဆွေ တစ်ယောက်ကို လေ့လာခိုင်းတော့ ...
- အကျိုးခံစားခွင့်က သူ့အတွက် မပြောပလောက်ပါဘူး
- အနည်းငယ်သာ ကျမယ့် ပရီမီယံကြေးပမာဏကိုလည်း မသွင်းချင်ဘူး နှမျောလို့ ဆိုပြီး ငြင်းပယ်ခဲ့တယ်။
ခုတော့ ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်က မပြောပလောက်ပါဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ သူကိုယ်တိုင်ပဲ ...
ကျန်းမာရေးကိစ္စ ကြုံလာတော့
ကျန်းမာရေးအာမခံ ထားဖို့ မေးလာတယ်
အကျိုးခံစားခွင့်ကို စိတ်ဝင်စားလာတယ်
သုံးရမယ့် ပရီမီယံကြေးကိုလည်း မနှမျောနိုင်တော့ဘူး။
စိတ်မကောင်းစွာနဲ့ပဲ အကျိုးအကြောင်းရှင်းပြပြီး ငြင်းပယ်ခဲ့တယ်။
အာမခံ ဆိုတာ ကျန်းမာနေတဲ့ချိန်မှာကတည်းက ထားလို့ရတာ၊ ထားရမှာပါ။ ရောဂါခံစားလာချိန်မှ ထားလို့ မရတော့ပါဘူး။
ဖြစ်မယ် မဖြစ်ဘူး မသေချာတဲ့ အခြေအနေမှာ ... ကြိုတင်စီမံထားရတဲ့ သဘောပါ။ (အနာဂတ်မှာ ဖြစ်လာခဲ့ရင် အခက်အခဲ မဖြစ်ရအောင် ပြင်ဆင်ထားခြင်းပါ)
ခု မိတ်ဆွေ (ငွေကြေးတက်နိုင်တဲ့သူတောင်) တကယ်ဖြစ်လာတော့ ကိုယ့်အိတ်ထဲက ငွေကြေး ထုတ်သုံးရမှာ နှမျောတယ်၊ အာမခံလျော်ကြေးကို မျှော်မှန်း အားကိုးလာတယ်။ ဒါပေမယ့် အချိန်နှောင်းခဲ့ပါတယ်။
ဆိုတော့ ကျနော်တို့လို သာမာန် လူတန်းစားအတွက် အာမခံ အကာအကွယ်က ပိုလို့တောင် လိုအပ်ပါတယ်။ ကျန်းမာရေးကုန်ကျစရိတ်ဆိုတာ ဈေးဆစ်လို့မရပါဘူး။ မရှိလည်း ပေါင်နှံရောင်းချ ကုသကြတာပဲ။ ကျန်းမာမှ ဝင်ငွေပြန်ရှာနိုင်မှာကိုး။
သွင်းရတဲ့ ပရီမီယံက ကိုယ်တက်နိုင်တဲ့ ပမာဏကို ရွေးချယ်လို့ ရလို့ လက်လှမ်းမီတဲ့ အခြေအနေမျိုးပါ။
တချို့ ကျန်းမာရေးအာမခံအမျိုးအစားဆို ဖြစ်ရင်လည်း အကျိုးခံစားခွင့်ရတယ် ... ဘာမှ မဖြစ်ရင်လည်း သွင်းထားတဲ့ ငွေ အတိုင်းအတာတစ်ခုထိ ပြန်ရလို့ ငွေစုထားသလိုတောင် ဖြစ်ပါတယ်။
အာမခံစနစ်ဆိုတာ ...
ချမ်းသာအောင် မလုပ်ပေးနိုင်ပေမယ့် လက်ရှိထက် မနိမ့်ပါးသွားအောင် မိသားစု ရည်မှန်းချက်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။
#ကျော်ကျော် (တောင်ငူ) Life Insurance Advisor
Click here to claim your Sponsored Listing.