HENC Myanmar

HENC Myanmar

Share

HENC (He Nonprofit Consulting)
Study in Thailand 🇹🇭
ထိုင်းနိုင်ငံရှိတက္ကသိုလ်များ
ကျောင်းဝင်ခွင့်လျောက်ထားပေးပါသည်။

11/06/2026

📣 𝐂𝐚𝐥𝐥 𝐟𝐨𝐫 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬: 𝐒𝐄𝐀𝐑𝐂𝐀 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐀𝐘 𝟐𝟎𝟐𝟔–𝟐𝟎𝟐𝟕

is now accepting applications for the Research Scholarship Program, which provides financial support to ongoing Master’s and PhD students whose research addresses pressing concerns in agriculture and rural development in Southeast Asia.

The research should be relevant to SEARCA’s priority thrusts under its current Five-Year Development Plan: Sustainable Transformation of Agricultural Systems through Innovation in Southeast Asia ( ).

Applicants must be:
🌱 A Southeast Asian national enrolled in a Master’s or PhD program
🌱 With an approved thesis/dissertation proposal related to SEARCA’s priority thrusts and currently conducting research activities
🌱 Expected to complete all research activities, including manuscript writing, within one year from the date of award

For more information, visit: https://www.searca.org/research-scholarship
Submit your applications here: https://ischo.searcaapps.org/v2/scholarship/75-searca-research-scholarship-for-ms-and-phd-students-2026-2027

📌 Deadline: 17 July 2026

07/06/2026

ပညာရေးနဲ့တော့မဆိုင်ပါဘူး ဒါပေမယ့်
စီးပွားရေးနဲ့ကျောင်းပြီးထားတဲ့ကလေးတွေအတွက်

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော
ဥပါသကာ (ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်များ)
မလုပ်ကောင်းသော၊ ရှောင်ကြဉ်ရမည့်
အသက်မွေးမှု မိစ္ဆာဇီဝ လုပ်ငန်း (၅) မျိုး ရှိပါသည်။ ၎င်းတို့ကို ပါဠိလို “မိစ္ဆာဝဏိဇ္ဇာ (၅) ပါး” ဟုခေါ်ဆိုပြီး
အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်တွင်
ဘုရားရှင်ကိုယ်တိုင် တားမြစ်တော်မူခဲ့သည်။
မလုပ်ရမည့် လုပ်ငန်း (၅) မျိုးမှာ
အောက်ပါအတိုင်း ဖြစ်သည်။

၁။ သတ္ထဝဏိဇ္ဇာ (လက်နက် ကုန်သွယ်ခြင်း)
လူ သို့မဟုတ် သတ္တဝါတို့ကို သတ်ဖြတ်ရန်
အသုံးပြုသည့် ဓား၊ လှံ၊ သေနတ်၊ ဗုံး အစရှိသော
လက်နက် ကိရိယာမျိုးစုံကို ထုတ်လုပ်ခြင်း၊
ရောင်းဝယ်ဖောက်ကားခြင်း။

၂။ သတ္တဝဏိဇ္ဇာ (လူကုန်ကူးခြင်း)
လူသားအချင်းချင်း ရောင်းစားခြင်း၊ လူကုန်ကူးခြင်း။
ကျွန်အဖြစ် ရောင်းချခြင်း သို့မဟုတ်
ပြည့်တန်ဆာ လုပ်ငန်းများတွင်
အဓမ္မစေခိုင်းရန် သားသမီး၊ အမျိုးသမီးများကို
မွေးမြူခေါင်းပုံဖြတ်ခြင်း။

၃။ မံသဝဏိဇ္ဇာ (အသား ကုန်သွယ်ခြင်း)
ဝက်၊ နွား၊ ဆိတ်၊ ကြက်၊ ငှက် စသော သတ္တဝါများကို
သတ်ဖြတ်ရန်အတွက် မွေးမြူပြီး ရောင်းချခြင်း။
(မှတ်ချက်။ ။ မိမိကိုယ်တိုင် သတ်ဖြတ်ခြင်း
သို့မဟုတ် သူတပါး သတ်ဖြတ်ရန်အတွက်
သက်ရှိသတ္တဝါများကို အရောင်းအဝယ်ပြုလုပ်ခြင်း
ကို ဆိုလိုသည်။ သေဆုံးပြီးသား အသားစိမ်း/အသား
ကျက်များကို သတ်ဖြတ်လိုစိတ်မရှိဘဲ ရောင်းချခြင်း
သည် ဤနေရာ၌ အကျုံးမဝင်ပါ။)

၄။ မဇ္ဇဝဏိဇ္ဇာ (မူးယစ်ဆေးဝါးနှင့်
အရက်သေစာ ကုန်သွယ်ခြင်း)လူတို့၏
အသိဉာဏ်ကို ပျက်ပြားစေတတ်သော အရက်၊
ဘီယာ၊ ဘိန်း၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး
အစရှိသည်တို့ကို ချက်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း။

၅။ ဝိသဝဏိဇ္ဇာ (အဆိပ် ကုန်သွယ်ခြင်း)
လူ သို့မဟုတ် သတ္တဝါတို့ကို
သေကျေပျက်စီးစေနိုင်သော
အဆိပ်အတောက်များ၊ ဓာတုအဆိပ်များနှင့်
ပိုးသတ်ဆေးများကို ထုတ်လုပ်ရောင်းချခြင်း။

မိမိအကျိုး သူတပါးအကျိုးဖြစ်ထွန်းစေဖို့
အဆိုပါ လုပ်ငန်း (၅) မျိုးတော့ရှောင်စေချင်ပါတယ်။

#အသိပညာ

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

19 Street, 58G, 44 Block, Nanshae
Mandalay
05011