High-Tech
I can give you what you want
မီးမလာလို့ စိတ်မပူနဲ့တော့! 💡 လေတိုက်ရုံနဲ့ လျှပ်စစ်ဓာတ်အားရရှိမယ့် ဒီ DIY နည်းလမ်းလေးက စရိတ်သက်သာပြီး တကယ့်ကို အသုံးတည့်လှပါတယ်။
#လေအားလျှပ်စစ် #ကိုယ်တိုင်လုပ်နည်း
11/01/2026
မိုးကြိုးဆိုသည်မှာ လျှပ်စစ်ဓာတ်အား အလွန်အမင်း များပြားသည့် လျှပ်စစ်စီးကြောင်းတစ်ခု ဖြစ်သည်။ မိုးတိမ်များအတွင်းရှိ အဖိုဓာတ်နှင့် အမဓာတ်များ ပွတ်တိုက်မိရာမှ လျှပ်စစ်စွမ်းအင်များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ အရာဝတ္ထုများဆီသို့ စီးဆင်းသွားခြင်းကို မိုးကြိုးပ-စ်သည်ဟု ခေါ်သည်။ မိုးကြိုးပ-စ်ခြင်းကြောင့် လူနှင့် တိရစ္ဆာန်များ အသ-က်ဆုံးရှုံးခြင်း၊ အဆောက်အဦးများ ပျက်စီးခြင်း၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးခြင်းနှင့် မီးလောင်ကျွမ်းခြင်းကဲ့သို့သော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
မိုးကြိုး-ပစ်ခြင်းကို (၂) မျိုး ခွဲခြားထားနိုင်သည်။ Hot Stroke သည် အပူချိန် အလွန်မြင့်မားပြီး ၎င်းစီးဆင်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် မီ းလောင်ကျွမ်းမှုများကို ဖြစ်ပေါ်စေတတ်သည်။ Cold Stroke မှာမူ အပူချိန်နည်းသော်လည်း ထိတွေ့မိပါက ပေါ-က်ကွဲမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် မိုးကြိုးအန္တ-ရာယ်ကို သတိပြုကာ ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ထားရန် အလွန်အရေးကြီးသည်။
အဆောက်အဦးများ ပျက်စီးမှုကို ကာကွယ်ရန်အတွက် အောက်ပါနေရာများတွင် မိုးကြိုးလွှဲများ မဖြစ်မနေ တပ်ဆင်သင့်သည် -
~ မီးလောင်လွယ်သော ပစ္စည်းများ သိုလှောင်ထားသည့် အဆောက်အဦးများ။
~ စက်ရုံ၊ အလုပ်ရုံများနှင့် မြင့်မားသော အဆောက်အဦးများ။
~ ရုံးများ၊ ကျောင်းများ၊ ဆေးရုံများနှင့် လူအများ နေထိုင်ရာ နေရာများ။
~ ဘုရားစေတီများ၊ ဘုရားကျောင်းများနှင့် ရှေးဟောင်းအဆောက်အဦးများ။
မိုးကြိုးလွှဲ (Lightning Arrestor) စနစ်တစ်ခုကို အခြေခံအားဖြင့် အောက်ပါ အစိတ်အပိုင်း (၃) ခုဖြင့် ဖွဲ့စည်းထားပါသည် -
~ Air Terminal: အဆောက်အဦး၏ အမြင့်ဆုံးနေရာတွင် တပ်ဆင်ရသော မိုးကြိုးလက်ခံတိုင်။
~ Down Wire (Down Conductor): မိုးကြိုးဓာတ်အားကို မြေကြီးထဲသို့ ဆက်သွယ်ပို့ဆောင်ပေးသည့် လျှပ်ကူးကြိုး။
~ Earth Electrode: မြေအောက်ထဲတွင် မြှုပ်နှံထားရသော မြေစိုက်တိုင်။
မိုးကြိုးလွှဲ တပ်ဆင်ရာတွင် အဆောက်အဦး အမိုးပေါ်၌ Air Terminal ကို ထားရှိပြီး Down Wire မှတစ်ဆင့် မြေစိုက်တိုင် (Earth Electrode) သို့ ဆက်သွယ်ထားရသည်။ မိုးကြိုးပစ်သည့်အခါ ထိုလျှပ်စစ်ဓာတ်အားများကို မြေကြီးထဲသို့ ဘေးကင်းစွာ စီးဆင်းသွားစေခြင်းဖြင့် အဆောက်အဦးကို ကာကွယ်ပေးသည်။ များသောအားဖြင့် Air Terminal ၏ ထိပ်ဖျားမှနေ၍ အောက်ခြေသို့ စက်ဝိုင်းကတော့ပုံ အဝန်းအဝိုင်းအတွင်းရှိသော ဧရိယာကို မိုးကြိုးအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။
မိုးကြိုးလွှဲစနစ် တပ်ဆင်ခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်များအနေနှင့်-
~ အဆောက်အဦးအမြင့် (၂၀) မီတာအထိရှိသော နေရာများတွင် အနည်းဆုံး မိုးကြိုးလွှဲတိုင် (၁) တိုင်နှင့် မြေဆင်းကြိုး (၁) ခု တပ်ဆင်ရမည်ဖြစ်ပြီး၊ အမြင့် (၂၀) မီတာထက် ကျော်လွန်ပါက အနည်းဆုံး မိုးကြိုးလွှဲတိုင် (၂) တိုင်နှင့် မြေဆင်းကြိုး (၂)ခု တပ်ဆင်ရန် လိုအပ်သည်။
~ မိုးကြိုးလွှဲစနစ်၏ မြေဓါတ်ခုခံမှု (Earth Resistance) သည် (၁၀) အုမ်း (Ohms) ထက် မပိုစေရန် အထူးဂရုပြုရမည်။
~ မိုးကြိုးလွှဲတိုင် (Air Terminal) ကို အဆောက်အဦး၏ အမြင့်ဆုံးနေရာတွင် တပ်ဆင်ရမည်ဖြစ်ပြီး၊ ၎င်း၏ အလျားသည် အနည်းဆုံး (၃) ပေ ရှိရမည်။
~ Air Terminal တစ်ခုထက်ပို၍ တပ်ဆင်ရပါက တစ်ခုနှင့်တစ်ခု အကွာအဝေးသည် ပေ (၁၀၀) ထက် မကျော်လွန်စေရ။
~ မိုးကြိုးလွှဲတိုင်နှင့် မြေဓာတ်(electrode or other) ကို ဆက်သွယ်ပေးသည့် မြေစိုက်ကြိုး (Down Wire) ကို တိုနိုင်သမျှတိုအောင်၊ ဖြောင့်နိုင်သမျှ ဖြောင့်အောင် တပ်ဆင်ရမည်။
~ Down Wire ကို တပ်ဆင်ရာတွင် အကွေ့အကောက်များခြင်း၊ ထောင့်ချိုးကျဉ်းခြင်းနှင့် ကွင်း (Loop) ပုံစံ ဖြစ်ပေါ်ခြင်းမျိုး မရှိစေရ။
~ Down Wire အတွက် Copper Tape ကို အသုံးပြုပါက အနံ (၂၅) မီလီမီတာ၊ အထူ (၃) မီလီမီတာ ရှိရမည်။ အကယ်၍ Bare Copper Wire ကို အသုံးပြုပါက SWG No.2 ထက် မငယ်ရဘဲ၊ Stranded Copper Wire ဖြစ်ပါက 35 mm^2 ထက် မငယ်စေရ။
~ Down Wire ကို အလူမီနီယံဖြင့် ပြုလုပ်ထားပါက မြေစိုက်တိုင် (Earth Electrode) နှင့် ဆက်သွယ်သည့်နေရာတွင် သတ္တုနှစ်မျိုးစပ် (Bi-metal Joint) ကို အသုံးပြုရမည်။
~ မိုးကြိုးလွှဲ၏ မြေစိုက်စနစ်ကို ပုံမှန် စစ်ဆေးနိုင်ရန်အတွက် Down Wire နှင့် မြေစိုက်တိုင်(Earth Electrode) ကြားတွင် စစ်ဆေးရေးအဆက် (Inspection Joint) တစ်ခု ထည့်သွင်းထားရမည်။
~ မိုးကြိုးပစ်သည့်အခါ Side Flashing ကြောင့် ဘေးအန္တရာယ်မဖြစ်စေရန် အဆောက်အဦး၏ သံထည်ပစ္စည်းများ၊ သံတိုင်များနှင့် အခြားသတ္တုပစ္စည်းများကို Down Wire နှင့် ခိုင်မာစွာ ဆက်သွယ်ထားရမည်။
မိုးကြိုးလွှဲစနစ်တစ်ခုကို စံချိန်စံညွှန်းနှင့်အညီ တပ်ဆင်ခြင်းသည် အဆောက်အဦးနှင့် လူသားများ၏ အသ-က်အန္တရာယ်ကို ကာကွယ်ရန်အတွက် အလွန်အရေးကြီးပါသည်။ မိုးကြိုးလွှဲတိုင် အရေအတွက်၊ မြေစိုက်ခုခံမှု တန်ဖိုးနှင့် အသုံးပြုမည့် ကြေးနန်းကြိုး အမျိုးအစားများကို စနစ်တကျ ရွေးချယ်တွက်ချက်ပြီး တပ်ဆင်ခြင်းဖြင့် မိုးကြိုးဘေးအန္တရာယ်မှ စိတ်ချစွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
∆ credit to EI Refresher Course
∆ Ultimate Power Hub မှ ကောက်နုတ်ပြီး ဖတ်ရလွယ်ကူစေရန် ပြန်လည်ရေးသားသည်
10/01/2026
2KW off grid solar system
Two way switch installation
Click here to claim your Sponsored Listing.