Tea N Me
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tea N Me, Bubble Tea Shop, Wundwin, Mandalay.
05/04/2022
Bubble teaချစ်သူတွေတိုင်း သိထားသင့်တဲ့ Bubble teaရဲ့ရာဇဝင် 🥤🍀
ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲဖြစ်တဲ့ Bubble teaကို ဘယ်နိုင်ငံမှာ ဘယ်သူကစတင်ဖျော်စပ်ခဲ့ပြီး ဘယ်လောက်ထိကျော်ကြားခဲ့လဲဆိုတာကို Teadotက Bubble tea လေးသောက်ရင်း ပြောပြပေးသွားမှာဖြစ်ပါတယ်...👀
Bubble teaကို စတင်ဖျော်စပ်ခဲ့တဲ့သူကတော့ ထိုင်ဝမ်အလယ်ပိုင်း ၊ ထိုင်ကျုံးမြို့က လင်ရှို့ဟွေဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့အတွက်ကြောင့် နို့လက်ဖက်ရည်ဖျော်စပ်နည်းတို့ကို စနစ်တကျ လေ့လာသင်ယူခဲ့ဖူးတဲ့သူလည်း ဖြစ်ပါတယ်။
🥤Bubble teaလို့ ဘာကြောင့်ခေါ်ဆိုသလဲ? ဘာတွေနဲ့ ရောသမမွှေထားလဲ?
နို့လက်ဖက်ရည်ထဲကို ပီလောပီနံနဲ့ပြုလုပ်ထားတဲ့ အစေ့လေး ( Tapioca Pearls )တွေအပြင် အသီးနှံနဲ့ပြုလုပ်ထားတဲ့ ဂျယ်လီလေးတွေကိုပါ ရောသမမွှေထည့်ဖျော်ထားတဲ့အတွက်ကြောင့် Bubble teaလို့ခေါ်ပါတယ်။
🥤လင်ရှို့ဟွေဆိုတဲ့ အမျိုးသမီးလေးက
Bubble teaကို ဘာကြောင့်ဖျော်စပ်ခဲ့သလဲ?
Bubble teaကို ဖျော်စပ်ခဲ့ရခြင်း အကြောင်းအရင်းကတော့ သူမငယ်ငယ်က ဈေးထဲမှာစားရတဲ့ ပုလဲမုန့်စေးလုံးချိုချိုလေးတွေကို သတိရပြီး အစမ်းဖျော်ကြည့်ရင်း သူငယ်ချင်း အပေါင်းအသင်းတွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ သူတို့လည်းအကြိုက်တွေ့သွားခဲ့ရပါတယ်တဲ့။
🥤Bubble teaကို ဘယ်ခုနှစ်က စတင်ရောင်းချခဲ့သလဲ?
1987ခုနှစ်မှာ လင်ရှို့ဟွေဆိုတဲ့ အမျိုးသမီးလေးက ကိုယ်ပိုင် Bubble teaဆိုင်လေးကို စတင်ဖွင့်လှစ်ပြီး ရောင်းချခဲ့ပါတယ်။
🥤Bubble teaရဲ့ အောင်မြင်မှု
သူမရဲ့Bubble teaစတင်ရောင်းချပြီး 1လအကြာမှာ ထိုင်ဝမ်ရဲ့ထိုင်ကျုံးတစ်မြို့လုံးမှာ Bubble teaဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင် ပေါ်ပေါက်လာခဲ့ပြီး သုံးလအကြာမှာတော့ ထိုင်ဝမ်တစ်နိုင်ငံလုံးဟာ bubble teaဆိုင်တွေနဲ့ ပြည့်နှက်လို့သွားခဲ့ပါတယ်။
Bubble teaကတော့ တစ်စနဲ့တစ်စ ကြီးထွားလာခဲ့တာ 1990ခုနှစ်မှာဆိုရင်တော့ တရုတ်ပြည်မကြီး၊ဟောင်ကောင်၊ဂျပန်၊စင်ကာပူနဲ့မလေးရှားနိုင်ငံထိ ပေါက်ရောက်ခဲ့ပြီး 2000ခုနှစ်မှာတော့ အမေရိကန်နိုင်ငံအထိပါ ထိုးဖောက်လို့ သွားခဲ့ပါတယ်။
Bubble teaဟာ ထိုင်ဝမ်ရဲ့ပုံရိပ်ကို ထင်ရှားစေခဲ့တဲ့အတွက် ထိုင်ဝမ်အစိုးရက နှစ်စဉ် Aprilလ 30ရက်နေ့ကို National Bubble Tea Day အဖြစ် သတ်မှတ်ပေးခဲ့ပါသေးတယ်။
toTeadot_yango
N Me
03/04/2022
ချစ်ရတဲ့ customers များ မင်္ဂလာပါ..
နေသာတဲ့ နေ့လေးတွေမှာ အအေးတခွက်နဲ့ အဆက်မပြတ် ရင်အေးစေဖို့ Tea N Me ကမှာယူဖို့ မမေ့နဲ့နော် 🤗
09-988487386
N Me
မင်္ဂလာ ရှိသော နံနက်ခင်းလေး ဖြစ်ပါစေဗျ...
ချစ်ရတဲ့ customer များ ကို သောက်ဖူးတဲ့ drinks နဲ့ foods လေးတွေကို ဒီပို့လ်အောက်မှာ feedback လေးရေးပေးစေချင်ပါတယ် အကြံပြုချင်တာ ရှိရင်လည်း ရေးပေးခဲ့ကြပါနော်
Quality ကိုလည်း မကျအောင် အမြဲထိန်းသိမ်းနေပါတယ်ဗျ
ပေးရတဲ့စျေးဖြင့်တန်အောင် ကြိုးစားနေပါတယ်
27/03/2022
ချစ်ရသော customer များ မင်္ဂလာပါ...
မိုးအေးသော အချိန်အခါလေးမှာ သီးချင်းလေးတပုဒ်နဲ့ ice coffee လေးနဲ့ ဖြတ်သန်း လိုက်ရင် အကောင်းဆုံးနေ့တနေ့လည်းဖြစ်မှာပါဗျ 🤗
အိမ်မှာပဲနေပါ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပါပီဗျ 🚴🏻
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |