Groot FX Daily Blog
Open a trading account with me.��
Contact us;09981791583��
07/03/2023
👉" မင်း ထက်တော်တဲ့သူ မရှိဘူး "👈
======================
လောကကြီးမှာ....
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။
မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာ မရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင် ကြိုးစားနေသူတွေပဲရှိတယ်။
မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊ ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲ ရှိတယ်။
မင်းတစ်ယောက်တည်း မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာသဘာဝပဲ။
မင်း တစ်ယောက်တည်း ကျရူံးဖူးတာ မဟုတ်ဘူး
ဘဝမှာ ရူံးနိမ့်ခြင်းဆိုတာ ကို လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။
မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရတာ မဟုတ်ဘူးလူသားတိုင်း ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။
👉 မင်းဘာကြောင့် အားငယ်နေမှာလဲ …
👉 မင်းဘာကြောင့်တွေဝေနေမှာလဲ …
👉 မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ …
👉 မင်းဘာကြောင့် စိတ်ဓါတ်ကျနေမှာလဲ…
👉 မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ …
👉 ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ အရှုံးမပေးနဲ့
မင်းအမေကမင်းကို ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။
ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက် ။
မနက်ဖန်တိုင်းမှာ မင်းအတွက် ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။
မင်း လည်း လူပဲ
အခြားသူတွေလည်း လူတွေပဲ ။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ့ဖြစ်အောင် လုပ်နိူင်သူရယ်.....
မလုပ်နိုင်သူရယ်ပဲရှိတယ်။
အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့ မင်း"မဖြစ်စေနဲ့ ။
Groot FX Daily Blog
Crd...
01/03/2023
အလုပ်လုပ်ပါ
စိတ်ညစ်တဲ့အချိန်တိုင်း - အလုပ်လုပ်ပါ။
စိတ်ပျော်နေတဲ့အချိန်တိုင်း - အလုပ်လုပ်ပါ ။
အောင်မြင်မှုတစ်ခုရပြီးတိုင်းလည်း - ရပ်မနေဘဲ ပိုကြိုးစားပြီး အလုပ်လုပ်ပါ။
လဲကျသွားရင်လည်း ပြန်ထပြီး - အလုပ်လုပ်ပါ။
ရှုံးနိမ့်ခဲ့ရင်တောင် ဝမ်းနည်းမနေဘဲ - အလုပ်လုပ်ပါ။
အလုပ်ရှိခြင်း ၊ အလုပ်လုပ်ခြင်းဟာ ပြဿနာတော်တော်များများကိုဖြေရှင်းပေးနိုင်တယ်။
အလုပ်လုပ်တယ်ဆိုတာ စိတ်ကိုအအားမထားဘဲ အလုပ်ပေးတာပါ။ အလုပ်ရှိနေတဲ့အတွက် စိတ်ညစ်စရာတွေ ၊ ဝမ်းနည်းစရာတွေကို မတွေးမိတော့ဘူး။
အလုပ်မရှိရင်တော့ သူနဲ့ပြောင်းပြန် အတွေးတွေနယ်ချဲ့လာတတ်တယ် ။ ကောင်းတဲ့အတွေးဆိုရင် ကိစ္စမရှိပေမယ့် မကောင်းတဲ့အတွေးတွေ တွေးမိရင် ဘာမှန်းမသိ အလကားနေ စိတ်ဓါတ်ကျသွားတတ်တယ်။
အလုပ်လုပ်နေခြင်းဟာ ဝင်ငွေတစ်ခုတည်းအတွက်မဟုတ်သလို ၊ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေး ၊ အထက်လူကြီး ၊ လက်အောက်ငယ်သား၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လိုအဆင်ပြေအောင်ပေါင်းသင်းဆက်ဆံရမလဲဆိုတာကိုပါ လေ့လာသင်ယူပြီးဖြစ်သွားတယ်
လောကကြီးမှာ အလုပ်လုပ်ရင်းနဲ့ပဲ လူတွေဟာ ပိုမိုရင့်ကျက်ပြီး mature ဖြစ်လာကြတယ်။
ဘယ်အလုပ်မဆို - အလုပ်လုပ်နေခြင်းဟာ အင်မတန်မှ ဂုဏ်ရှိပြီး လုပ်ငန်းခွင်အတွေ့အကြုံ ၊ ဘဝအတွေ့အကြုံတွေ၊ မိမိကိုယ်ကိုယုံကြည်ချက်တွေတိုးလာလိမ့်မယ်။
မြန်မာမိန်းကလေးအများစုဟာ အိမ်ထောင်ကျသွားရင် သားသမီးကိစ္စ မိသားစုကိစ္စနဲ့ အလုပ်များပြီး အိမ်မှာပဲနေလိုက်ကြတာများတယ် ။
မနေပါနဲ့ ။ အလုပ်လုပ်ပါ။ ကလေးငယ်သေးလည်း ကလေးနည်းနည်းကြီးလာတာနဲ့ အပြင်ထွက်ပါ ။ လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ပါ။ career woman ၊ career mom အနေနဲ့ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းပါ၊ သားသမီးကိုပြုစုပျိုးထောင်ပါ။
ဘယ်သူ့အတွက်မှမဟုတ်ဘဲ ကိုယ့်အတွက် ၊ ကိုယ့်ဘဝတိုးတက်ဖို့အတွက် ၊ ကိုယ်တိုးတက်ဖို့အတွက်အလုပ်လုပ်ပါ။
အလုပ်လုပ်ခြင်းသည် မိမိကိုယ်ကိုချစ်ခြင်းမည်ပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ
ကမ္ဘာ့ရွှေအရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ဖို့အတွက်
အရင်ဆုံးသင်တန်းတက်ပါ။
သင်တန်းအပ်လို့ပါက 09981791583 ကိုဆက်သွယ်စုံစမ်းမေးမြန်ပါခင်ဗျာ။🥰
မနက်ဖြန် မနက် ၅:၃၀ ဆိုရင် ကမ္ဘာ့ရွှေစျေးကွက်
ပြန်ဖွင့်ပါပြီ။
ကမ္ဘာရွှေအရောင်းအဝယ်သင်တန်းကို သီးသန့် တက်ရောက်လိုပါက 09981791583 ကိုဆက်သွယ်လိုက်ပါ။ Groot FX Daily Blog
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay