Han Lwin Oo

Han Lwin Oo

Share

Forex Trading

22/12/2022

သိမ်းးးး သိမ်းချစ်နေမယ်

Gosh

21/10/2022

ရော့ နှစ်လမ်းသွား

21/10/2022

Trading မှာ အောင်မြင်မှုရဲ့ ၆၀% ဟာ psychology နဲ့ဆိုင်တယ်လို့
(အေးဆုတို့ online trading လုပ်တဲ့သူတိုင်း) သိရှိရတယ်။ သိရှိတာဟာ နားလည်သဘောပေါက်ပြီးကိုယ်တိုင်လိုက်နာကျင့်သုံးတာနဲ့မတူပါဘူး။

ဥပမာ - လေ့ကျင့်ခန်းလုပ်ရင် ကိုယ်ခန္ဓာကြံ့ခိုင်လာမယ်ဆိုတာကို သိတာလူတိုင်းသိပါတယ်။ တကယ်နားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးလို့ ကျန်းမာရေးကောင်းတာကတော့ သိရှိသူထက်ပိုနည်းပါတယ်။

ဒါဆို trading psychology ဆိုတာကဘာလဲ?
Investopedia မှာတော့ - “Trading psychology refers to the emotions and mental state that help dictate success or failure in trading securities.” လို့ဆိုထားပါတယ်။

တကယ်တော့ ဒီ လုပ်ငန်းဟာ ပိုက်ဆံကိုရင်းပြီး ပိုက်ဆံရှာရတဲ့ စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တယ်။ လူတွေဟာ ငွေကြေး နဲ့ပတ်သက်လာရင် စိတ်ခံစားမှုပြင်းထန်ကြတယ်။ ပိုက်ဆံနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ (hope) ၊ စိုးရိမ်မှုတွေ (worry)၊ လောဘကြီးခြင်းတွေ (greed)၊ ကြောက်ရွံ့မှုတွေ (fear)၊ ပျော်ရွှင်မှုတွေ(happiness)၊ ဝမ်းနည်းမှု (sadness)၊ စိတ်လှုပ်ရှားမှု (excitement)၊ နောင်တရမှု(regret)၊ စိတ်မရှည်မှု (impatience) စတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်တယ်။ အထူးသဖြင့် ဒီ စီးပွါးရေးကိုလုပ်ကိုင်တဲ့အခါမှာ အဲဒီ စိတ်ခံစားမှုတွေဟာ ပိုပြီးပြင်းထန်တတ်တယ်။

စိတ်ခံစားမှု (emotion) ဖြစ်ပေါ်တယ်ဆိုတာမဆန်းပါဘူး ။ အေးဆုတို့အားလုံးသက်ရှိလူသားတွေပဲလေ၊ ဒါပေမယ့် အဲဒီ စိတ်ခံစားမှု တွေကို စနစ်တကျသေချာလေ့ကျင့်ပြီးစီမံခန့်ခွဲနိုင်မှုမရှိရင်တော့ သူက မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကိုတွန်းပို့ပေးနိုင်ပါတယ်။

Emotions —> actions (စိတ်ခံစားမှုဟာ လုပ်ဆောင်ချက်တွေကိုဖော်ဆောင်စေတယ်)

Actions —> results (လုပ်ဆောင်ချက်တွေဟာ ရလဒ်ကိုဖြစ်ပေါ်စေတယ်)

အောင်မြင်တဲ့ forex traders တွေဟာလည်း လူတွေပါပဲ။ လူတွေဖြစ်တဲ့အတွက်သူတို့မှာလည်း စိတ်ခံစားမှု (emotions) တွေရှိကြတာပေါ့။ ဒါပေမယ့်သူတို့ဟာ သူတို့ရဲ့ emotions တွေကို ကောင်းစွာ manage လုပ်နိုင်တဲ့အတွက်မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်နိုင်တယ်။ မှန်ကန်တဲ့လုပ်ဆောင်ချက်ကိုလုပ်ဆောင်နိုင်ရင် ကိုယ်ရချင်တဲ့ ရလဒ်တွေဟာလည်း တစ်ချိန်ကျရင် အကောင်အထည်ပေါ်လာမှာ အမှန်တရားတစ်ခုပါပဲ။

ဒီလုပ်ငန်းလုပ်ကိုင်သူအားလုံး မိမိရဲ့ psychology ကိုစနစ်တကျလေ့ကျင့်တည်ဆောက်နိုင်ပြီး ရလဒ်ကောင်းတွေရကြပါစေ

Copy from Rockstar Trader

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Address

62A Street 103×103A Between Chan Mya Thar Zi Twp
Mandalay
05041