Design-Build Stories

Design-Build Stories

Share

Keep going to your goal.Never stop it.

Photos from Design-Build Stories's post 07/07/2025

အဆောက်အဦး နံရံများ၏ အမျိုးအစားနှင့် အသုံးပြုပုံများကို လေ့လာခြင်း.....။

06/05/2024

ရိုးရာနည်း​ဖြင့် ကာကွယ်ခြင်း

VS

သိပ္ပံနည်းကျ ကာကွယ်ခြင်း

-----------------------------------------------------------

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်

ကျွန်တော်တို့မြန်မာနိုင်ငံဆောက်လုပ်ရေးလောကဟာ တခြားသော တိုးတက်ပြီးနိုင်ငံတွေ၊တိုးတက်နေဆဲနိုင်ငံတွေထက် အများကြီးနောက်ကောက်ကျနေပါတယ်။

နည်းပညာ၊အတတ်ပညာ၊အသိပညာ၊စေတနာ
အစရှိသဖြင့် အဘက်ဘက်က
အင်အားနည်းနေတဲ့ အခါ
လုပ်ငန်းခွင်တွေထဲမှာရှိနေတဲ့ အသက်တွေဟာလည်း စျေးပေါလို့နေခဲ့ပါတယ်။

ဒီနေ့တော့ မြန်မာနိုင်ငံဆောက်လုပ်ရေးလောကရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်လေးအကြောင်း ဆွေးနွေးပေးမှာပါ။

ပထမဆုံးအနေနဲ့ တည်ဆောက်မှုတစ်ခုခုပြုလုပ်တိုင်းမှာ မလုပ်မဖြစ်လုပ်ကြရတဲ့ လုပ်ငန်းစဥ်တစ်ရပ်ဟာ ကန်တော့ပွဲပေးခြင်းဖြစ်တယ်လို့ ဆိုရမှာပါ။

ရိုးရာနည်းဖြင့်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဥ်တစ်ရပ်ဖြစ်တဲ့ ကန်တော့ပွဲပေးခြင်းကို

ရှေးထုံးလည်းမပယ်နဲ့ဆိုသလို မလုပ်သင့်ဘူးလားမေးရင် လုပ်ကိုလုပ်သင့်ပါတယ်။ သမိုင်းအစဥ်အဆက် ယုံကြည်လာကြတဲ့ထုံးတမ်းအစဥ်အလာတစ်ခုလည်းဖြစ်တဲ့အပြင်၊ လုပ်သားတစ်ဦးချင်းစီရဲ့ ( ကန်တော့ပွဲပေးထားပြီး ဆိုင်ရာပိုင်ရာတွေကို ပူဇော်ထားတယ်ဆိုတဲ့အသိနဲ့) စိတ်လုံခြုံမှုရှိစွာ အလုပ် လုပ်ကိုင်နိုင်ခြင်းတွေကြောင့် ရိုးရာနည်းလမ်းတွေကိုလည်း မပယ်သင့်ပါ။

သို့သော် ရိုးရာပူဇော်ပသမှုတစ်ခုထဲကိုပဲ တစ်ရာ ရာခိုင်နှုန်း ပုံအပ်ထားလို့မရပါ။

သိပ္ပံနည်းစနစ်များ၊ကျိုးကြောင်းဆက်စပ်တွေးခေါ်မှုများဖြင့်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်ရပါမည်။

ဥပမာ - အမြင့်တက်ရသောလုပ်ငန်းများတွင် Life-Line ကြိုး ခေါ် သက်ကယ်ကိုယ်သိုင်းကြိုးများကို စနစ်တကျ ဝတ်ဆင်ခြင်း၊

လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သော လုပ်ငန်းများတွင် လျှပ်ကာလက်အိတ်များ၊Hand Tool များကို အသုံးပြုလုပ်ကိုင်ခြင်း၊

ဆောက်လုပ်ရေးSite များ အတွင်း ဖြစ်နေကျဖြစ်သော အမြင့်မှပြုတ်ကျလာသည့် အရာဝတ္ထုများကို ကာကွယ်ရန် လုပ်ငန်းသုံးPPE(Personal Protected Equipment) ဦးထုပ်အမာများဆောင်းခြင်း ၊

စသဖြင့် ။

-------------

ဒါကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တ်ို့ကိုယ်တိုင်နဲ့ လုပ်သားတိုင်းရဲ့ အသက်တွေကို တန်ဖိုးထားခြင်းအားဖြင့်

50/50 Rule(ရိုးရာနည်း/သိပ္ပံနည်း)
ကို ခုချ်ိန်ကစပြီး ကျင့်သုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ.....။

လုပ်ငန်းခွင်ထဲမှာ လူတစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးရလို့ လျော်ကြေး ၅သိန်း ၆သိန်းလောက်နဲ့ ကျေနပ်လိုက်ရတဲ့ သူ့ရဲ့မိသားစုဝင်တွေအကြောင်း ကြားဖူးပါသလား?

လုပ်ငန်းခွင်ထဲမှာ လူတစ်ယောက် မတော်တဆဖြစ်ပြီး ကိုယ်လက်အဂ်ါ မသန်စွမ်းတော့လို့ စီးပွားရေးအဆင်မပြေတော့တဲ့အကြောင်း
ကြားဖူးပါသလား??

မပေါ့ဆပါနဲ့!
အသက်တစ်ချောင်းရဲ့ နောက်ကွယ်မှာ
ဘဝလေးတွေ ရှိနေပါသေးတယ်....

Thanks For Reading Until The End.

Ye Nyi Nyi
Actively Civil Engineer

Want your business to be the top-listed Engineering Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay