Hazel In The Universe
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hazel In The Universe, Mandalay.
18/07/2023
Level Up ဖို့ ဘာတွေလုပ်ရမလဲ??
Upper intermediate တို့ Advanced level တို့ ရောက်ဖို့ဆိုတာ ဘိုရူးလေးတို့ရဲ့ အိပ်မက်ပဲမို့ Level up ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။ 🤩🤩
Level Up ဖို့က Level မြင့်လာလေ အချိန်ကြာလေပဲမို့ စိတ်ရှည်ဖို့တော့ လိုမယ်နော်။
အချိန်ဘယ်လောက်ကြာမယ် ဘယ်လောက်မြန်မယ်ဆိုတာကတော့ ကိုယ့်ရဲ့လေ့လာမှုပေါ် မူတည်တာမို့ Level up ချင်ရင်တော့ စာလုပ်မှ ရပါမယ်။ 🌚
Beginners သမားလေးတွေဆိုရင်တော့ သင်တန်းလေးတွေ အရင်တက်ဖို့ အကြံပေးချင်ပါတယ်။
Intermediate and above ကတော့ သင်တန်းတက်ရင်လည်း ရသလို Self study လုပ်သွားရင်လဲ ရပါတယ်။ 🤩
အရင်ဆုံး ကိုယ့်ရဲ့ English Level ဘယ်လောက်ရှိလဲဆိုတာ သိဖို့ ဒီကနေ Level Test စစ်ကြည့်လို့ရပါတယ်။
👇👇
British Council
https://play.google.com/store/apps/details?id=com.englishscore
Ef set
https://www.efset.org/ef-set-50
✅ English စာ လေ့လာဖို့ Study plan မဆွဲတတ်ဘူး ဆိုတဲ့သူတွေအတွက်လဲ "English with Lucy" ရဲ့ ဒီ Plan လေးနဲ့လည်း လေ့လာလို့ရပါတယ်။
👇
https://youtu.be/PUOOml1ONfg
✅ English စာမှာ အခြေခံအကျဆုံးက Grammar ဖြစ်တာမို့ Grammar မပိုင်ရင်တော့ Level up ဖို့ မစဉ်းစားပါနဲ့။ 🙅
Grammar အတွက်ဆိုရင်
✨English Grammar in use (Raymond Murphy)✨ စာအုပ်နဲ့ လေ့လာလို့ရသလို ဒီ Channel လေးတွေကနေလည်း လေ့လာလို့ရပါတယ်။
👇👇
Learn English Lab
https://youtube.com/
English Class 101.com
https://youtube.com/
English with Lucy
https://youtube.com/
✅ Vocabulary လေ့လာတဲ့အခါမှာလဲ
Cambridge ကနေ Level အလိုက် ထုတ်ထားတဲ့ "Vocabularies in use" စာအုပ်တွေနဲ့ လေ့လာလို့ရပါတယ်။
စာလေ့လာရင်းနဲ့ ကိုယ်မသိတဲ့ စကားလုံးတွေ တွေ့တဲ့အခါမှာလည်း
English to Myanmar Translation အတွက်
"iAbidan Dictionary"
https://play.google.com/store/apps/details?id=com.iAbidan
English to English Translation အတွက်
"Oxford Dictionary"
https://play.google.com/store/apps/details?id=com.mobisystems.msdict.embedded.wireless.oxford.dictionaryofenglish တွေမှာ ရှာလို့ရပါတယ်။ 😉
✅ Reading အတွက်ကတော့ Level အလိုက်စာအုပ်တွေကို ဒီမှာဖတ်လို့ရပါတယ်။
👇
https://m.facebook.com/story.php?story_fbid=704915996724190&id=129943894221406&mibextid=Nif5oz
ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကိုလည်း
➡️ "www.zlibrary.com" မှာ ရှာပြီးဖတ်လို့ရတယ်နော်။ 😉😉
✅ Intermediate and above တွေအတွက်ကတော့
"Reader's digest" Magazine ဖတ်လို့ရပါတယ်။ Level up ဖို့အတွက် အရမ်းကောင်းသော အရမ်းကို အထောက်အကူပြုသောပါ။ 🤩🤩
✅ Speaking Skill တက်ဖို့ဆိုရင် နေ့တိုင်းလေ့ကျင့်မှ ရမှာမို့
➡️"Speaking Partner" ရှာပြီး လေ့ကျင့်တာ ( Speaking partner ရှာတဲ့အခါမှာလည်း ကိုယ်နဲ့ Level တူတဲ့သူ ဒါမှမဟုတ် ကိုယ့်ထက် Level မြင့်တဲ့သူနဲ့ လေ့ကျင့်တာက Level up ဖို့ ပိုအထောက်အကူ ဖြစ်ပါတယ် )
➡️ "Conversation Clubs " တွေ Join တာ
( Conversation Clubs ဆိုရင် Dagon University English Students' Service-Learning Association မှာ Join လို့ရတယ်နော်)
➡️ဒါမှမဟုတ်ရင်လည်း "JAM technique" နဲ့ အိမ်မှာ တစ်ယောက်ထဲ လေ့ကျင့်လို့ရပါတယ်။
JAM technique က ဘာလဲဆိုတာ သိချင်ရင်တော့ ဒီ Video လေးကို ကြည့်ကြည့်ပါ။👇
https://youtu.be/O0qT4cK-wtk
ဒါဆိုရင်တော့ Level Up ဖို့ နည်းလမ်းလေးတွေကို ပြောပြပြီးပြီမို့ ကိုယ့်ရဲ့ Skill တက်လာဖို့ ကိုယ့်ရဲ့ Level မြင့်လာဖို့ကတော့ ဒီနည်းလမ်းလေးတွေကို အသုံးချပြီး စာလုပ်မှ ရမယ်နော်။ 😉
15/07/2023
Speaking မှာ Idea ရအောင် ဘယ်လိုတွေးကြမလဲ?🤔
✨ Idea ဘယ်လိုမှ မထွက်လာရင် အလွယ်ကူဆုံးတွေးနည်းကတော့ "What, Why, How" နည်းလမ်းနဲ့ တွေးနည်းပါ။🤓
ဥပမာ
Do you like apple? လို့ မေးလာတယ်ဆိုပါတော့
Of course, I do. ဆိုတာလောက်နဲ့ ရပ်မနေဘဲ Why?
Apple ကို ဘာလို့ကြိုက်တာလဲ?
ကျန်းမာရေးအတွက်ကောင်းလို့လား?
အသီးစားတာက အသားအရေလှစေလို့လား?
Calories မတက်အောင်လို့လား?
ဒါမျိုးလေးတွေ စဉ်းစားပြီး ကိုယ်ပြောချင်တဲ့ Idea ကို ချဲ့လိုရတယ်နော်။ 😉
✨ နောက်တစ်နည်းက "How" နဲ့ စဉ်းစားနည်း
ဟုတ်ပြီ Apple ကြိုက်တယ် But how?
Apple ကို ဘယ်လိုပုံစံစားရတာကို ကြိုက်တာလဲ?
အသီးကို ဒီတိုင်းခွဲစားရတာကြိုက်တာလား?
Juice အနေနဲ့ သောက်ရတာကို ကြိုက်တာလား?
ငရုတ်သီးမှုန့်လေးတွေနဲ့ သုပ်စားရတာကို ကြိုက်တာလား?😋
ဘယ်လိုပုံစံလေးကို ကြိုက်တာလေ ဆိုတာမျိုး ပြောရင်းနဲ့ လေကြောရှည်လို့ရတယ်ဟုတ်။ 😉
Example
Q: Do you like apple?
A: Of course, I do. It's my favorite as it helps me reduce calories and stay in the shape. In addition, it makes the skin glower and healthier. I like to eat apple in a variety of forms. Among them, as a gril, I really like to make apple salads as it's spicy and delightful.
ဒီလိုလေးပြောလိုက်တော့ ကိုယ်ပြောချင်တဲ့စကားကို Idea ဆွဲဆန့်ပြီး ပြောလို့ရသွားတာပေါ့။ ဟုတ်တယ်ဟုတ်။😉✨
✨ Speaking မှာ Idea တွေ အလွယ်တကူထွက်စေမယ့် နောက်တစ်ချက်ကတော့ Conversation Clubs တွေ Join ကြည့်ဖို့ပါ။
ဆိုင်လို့လားလို့ တွေးမိရင် ဆက်ဖတ်ကြည့်နော်။ 😉
Conversation Clubs တွေမှာ သူများနဲ့ မေးခွန်းတွေဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့ထင်မြင်ချက်ကို ချက်ချင်းပေးရတတ်တော့ အဲ့လိုပြောပါများလာလေလေ ကိုယ်က ကျင့်သားရလာလေဖြစ်ပြီး Idea စဉ်းစားရတာ ခက်ခဲတော့မှာ မဟုတ်ပါဘူး။ 🤩
✨ နောက်တစ်နည်းကတော့
Essay တွေ များများဖတ်ရင်း Idea ယူလို့ ရပါသေးတယ်။ IELTS learners တို့အတွက် Idea ရစေဖို့ဆိုရင် "IELTS Journal"ရယ် "Essays from Examiners" စာအုပ်ရယ်ဖတ်ပြီး Idea ယူလို့ ရပါသေးတယ်။🥳
✨ နောက်ဆုံးအချက်အနေနဲ့ကတော့ Idea ကောင်းကောင်းလေးတွေ ထွက်ချင်ရင် Knowledge ကြွယ်ဖို့လိုပါတယ်။
ဗဟုသုတ ကြွယ်ဖို့ကတော့ စာဖတ်ရင်ဖတ် မဟုတ်ရင်လဲ ကိုယ့်အတွက် ဗဟုသုတရနိုင်မယ့် Videos လေးတွေ ကြည့်ပါ။
"Nas Daily" လိုမျိုး Channel တွေကနေ Knowledge တွေကို စိတ်ဝင်စားစရာကောင်းတဲ့ Creations နဲ့ ပြောပြပေးတာလေးတွေ နားထောင်ကြည့်လို့ရပါတယ်။✨
ဒီလောက်ဆိုရင်တော့ Speaking မှာ Idea ထုတ်ရခက်ခဲတဲ့ ပြဿနာလေး အဆင်ပြေသွားကြမယ်လို့ မျှော်လင့်ပါတယ်။ 🤗🤗
30/06/2023
To some English Learners 🙋✍️
Hazel ကို English learning နဲ့ပတ်သက်ပြီး လာမေးကြတာလေးရှိလို့ ကိုယ့်တုန်းက လေ့လာခဲ့တဲ့နည်းလမ်းလေးတွေ Sharing လုပ်ပေးပါမယ်။ 🥰
Reading 📚
Hazel က Reading ကို Story လေးတွေဖတ်ရင်း လေ့လာခဲ့တာပါ။
ကိုယ်စလေ့လာခါစက PEC ကနေ Level အလိုက် 1,2,3 ဆိုပြီး တင်ပေးတာလေးတွေကနေ Level အလိုက် စဖတ်ခဲ့ပါတယ်။
Story အတိုလေးတွေကနေစလို့ Level မြင့်တဲ့ စာအုပ်လေးတွေဆီ တစ်ဆင့်ချင်း ဖတ်ခဲ့တာပါ။
Link here👇👇
https://m.facebook.com/story.php?story_fbid=704915996724190&id=129943894221406&mibextid=Nif5oz
Listening 🔊👂
Listening ကိုတော့ စလေ့ကျင့်တာက BBC Podcast နားထောင်ခဲ့တာ။ စစချင်း နားထောင်ခါစက တစ်မိနစ်စာလောက်လေးကိုတောင် ဘာတေပြောသွားလဲဆိုတာ နားမလည်လိုက်ဘူးပေါ့နော်။ ဒါပေမယ့် Listening ရဲ့ သဘောသဘာဝအရ နားရည်ဝလာမှ တဖြည်းဖြည်းချင်း Listening skill တက်လာတာမျိုးပါ။
"BBC 6 Minutes English" လေးလည်း Listening အတွက် တကယ်ကို အဆင်ပြေပါတယ်။ Level အလိုက် ရွေးနားထောင်လို့ရတာရယ် 6 မိနစ်စာအတွင်းမှာ Vocab+ Knowledge sharing လုပ်ပေးတာမို့ တကယ်အဆင်ပြေပါတယ်။
Listening နဲ့ ပတ်သက်ရင် Intermediate level လောက်ရောက်ပြီဆိုရင် YouTube က "TED talk" နားထောင်ဖို့ Highly recommended ပါ။ TED talk ကနေ Listening skill တင်မကဘဲ Knowledge, Motivation တွေပါ ရနိုင်တာမို့ "It's a must"ပါ။
Writing ✍️
Writing ကိုတော့ ကိုယ့်ရဲ့တစ်နေ့တာ Diary ကို English လိုရေးတာကနေပဲ သွားခဲ့တာပါ။ သင်တန်းတွေတက်ခါမှ အတန်းကပေးတဲ့ Assignment တွေ လုပ်တဲ့အခါမှာ သေချာရေးဖြစ်ခဲ့တာပါ။ Writing တိုးတက်ဖို့ကကျ ကိုယ်ရေးထားတာကို သေချာFeedback ပေးနိုင်မယ့်သူ လိုအပ်ပါတယ်။
Speaking 🌬️
ဒါကတော့ Hazel အားအသာဆုံး Skill တစ်ခုပါ။ (ကြုံကြွားလေးပေါ့နော်🤭)
Speaking ကို Practical English Club ရဲ့ Free Conversation Clubs joinရင်းနဲ့ မြှင့်ခဲ့တာပါ။ Speaking ရဲ့ သဘောသဘာဝက ပြောလေ့ရှိနေမှ ပြောတတ်မှာမို့ Speaking partner လိုအပ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပြောကျင့်တာဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါမှာ English conversation ပဲ ပြောတာဖြစ်ဖြစ် လေ့ကျင့်သင့်ပါတယ်။
Conversation Clubs join ချင်တယ်ဆိုရင် Practical English Clubရယ် Dagon University English Students' Service-Learning Association ရယ်ကို Recommend ပေးပါတယ်။
တစ်ခုကတော့ ကိုယ်သဘောအကျဆုံးနေရာလေးဖြစ်ပြီး တစ်ခုကတော့ ကိုယ်လက်ရှိ Facilitator လုပ်နေတဲ့ နေရာလေးပါ။ I recommend that you come and join.
Grammar လေ့လာချင်တဲ့သူတွေအတွက်တော့ YouTube က "Zoeii English Channel" လေးကို Recommend ပေးပါတယ်။
တစ်ချို့က မေးကြပါတယ်။ 4 skills အတွက် ဘာသင်တန်းတက်ရမလဲ ဆိုပြီးတော့။ Hazel ကတော့ "Practical English Club" ရဲ့ Training club လေးကိုပဲ ညွှန်းချင်ပါတယ်။ ကိုယ့်တုန်းက Level နဲ့ ကိုက်ညီတဲ့ Training club Intermediate level ကို တက်ခဲ့ပြီးတော့ နောက်ပိုင်းမှာ Self study နဲ့ သွားခဲ့တာပါ။
Training club က Speaking focused လို့ ပြောပေမယ့် Level အလိုက် လိုအပ်တဲ့ Grammar, Vocab, Reading, Listening, Writing ပါ တွဲကျင့်ပေးတာမို့ 4 Skills လုံးဖြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။
I hope you, guys, enjoy my sharing. 🥰
နောက်ပိုင်းမှာ IELTS နဲ့ ပတ်သက်တာတွေ Share ရင်း စာအုပ် Giveaway ပေးမှာတွေပါရှိလို့ စိတ်ဝင်စားရင် Like & Follow this page pr.
Click here to claim your Sponsored Listing.
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |