Cherry Myanmar
Local Brand Myanmar. Cherry Myanmar
cherrybeautymyanmar
17/05/2026
ကိုယ့်မျက်စိရှေ့မှာမရှိလည်း လုပ်ငန်းတစ်ခုကို စနစ်တကျ လည်ပတ်စေချင်ပါသလား❓
လုပ်ငန်းရှင်တော်တော်များများ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာက ကိုယ်တိုင်မကြီးကြပ်ရင် အလုပ်မပြီးတာ၊ ဝန်ထမ်းအသစ်ဝင်လာတိုင်း အစကနေ အသစ်ပြန်သင်နေရတာနဲ့ အမှားအယွင်းတွေ ခဏခဏ ထပ်နေတဲ့ကိစ္စတွေပါ။
ဒါတွေကို မဖြစ်စေဖို့နဲ့ ပြဿနာတွေကို နည်းလာအောင် ဖန်တီးချင်တယ်ဆို ကိုယ့်လုပ်ငန်းမှာ 𝐒𝐎𝐏 (𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞) ရှိထားဖို့ လိုအပ်ပါတယ်။
🗂️SOP ဆိုတာ Standard Operation Procedure ရဲ့ အတိုချုံ့စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ လုပ်ငန်းတစ်ခုအတွင်းမှာရှိတဲ့ လုပ်ဆောင်ချက်တွေကို ဘယ်သူက၊ ဘာကို၊ ဘယ်လို၊ ဘယ်အချိန်မှာလုပ်ရမလဲ၊ ဘယ်သူ့ကို Report လုပ်ပြီး Decision ကို ဘယ်သူလုပ်မယ်ဆိုတဲ့ အဆင့်ဆင့်ကို ရေးသားထားတဲ့ လုပ်ငန်းစဥ် လမ်းညွှန်ချက် ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းမှာ SOP ရှိထားမယ်ဆိုရင်
✅𝐂𝐨𝐧𝐬𝐢𝐬𝐭𝐞𝐧𝐜𝐲 - ဝန်ထမ်းတွေ ဘယ်လောက်ပြောင်းပြောင်း Customer ရရှိမယ့် ဝန်ဆောင်မှုနဲ့ Product Quality တွေက အမြဲတိကျ မှန်ကန်နေစေတယ်။
✅𝐓𝐢𝐦𝐞 𝐒𝐚𝐯𝐢𝐧𝐠 - ဘယ်သူ့တာဝန်လဲ၊ ဘယ်သူ့ကိုပြောရမလဲ ဆိုတာတွေကို မေးနေစရာမလိုဘဲ SOP အတိုင်းလုပ်နိုင်တာကြောင့် အချိန်ကုန်သက်သာစေတယ်။
✅𝐑𝐞𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐨𝐟 𝐄𝐫𝐫𝐨𝐫𝐬 - လုပ်ငန်းစဥ်အဆင့်ဆင့် သတ်မှတ်ထားတာကြောင့် အမှားအယွင်းကို အများကြီး လျှော့ချနိုင်တယ်။
✅𝐄𝐚𝐬𝐲 𝐎𝐧𝐛𝐨𝐚𝐫𝐝𝐢𝐧𝐠 - ဝန်ထမ်းအသစ်ရောက်တိုင်း စလယ်ဆုံး လေ့ကျင့်ပေးနေစရာမလိုဘဲ မြန်မြန်အသားကျအောင် SOP က ကူညီပေးနိုင်ပါတယ်။
ဒါ့အပြင် စနစ်ရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် လုပ်ငန်းအသစ်၊ Branch အသစ်တွေကို ချဲ့ထွင်နိုင်ပါတယ်။
လုပ်ငန်းလည်ပတ်မှုမှာ ချောမွေ့စေဖို့ SOP အပြင် လုပ်ငန်းတစ်ခုလုံးအတွက် Operation, Systems တွေကို ဘယ်လိုချမှတ်ရမယ်၊ ဘယ်လိုတိကျစွာ စနစ်တွေကို တည်ဆောက်ရမလဲဆိုတာ လေ့လာချင်တယ်ဆို
‼️𝟏𝟔𝐭𝐡 𝐉𝐮𝐧𝐞, 𝟐𝟎𝟐𝟔 မှာ ဖွင့်လှစ်သွားမယ့် 𝐁𝐮𝐢𝐥𝐝 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐧𝐠𝐢𝐧𝐞: 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬, 𝐒𝐲𝐬𝐭𝐞𝐦𝐬 & 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐨𝐧 𝐂𝐨𝐮𝐫𝐬𝐞 ကို တက်ရောက်နိုင်ပါတယ်။
သင်တန်းအကြောင်း အသေးစိတ်ကို ကြည့်ရှုရန်
https://www.facebook.com/share/p/1H8JZdWzZA/?mibextid=wwXIfr
သင်တန်းအကြောင်း အသေးစိတ် သိရှိချင်တယ်ဆို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📌 အသေးစိတ် ဆက်သွယ်စုံစမ်းရန် - 09684396333
&Execution
09/05/2026
🏠 ပျော်ရွှင်နွေးထွေးတဲ့အိမ်ဖြစ်ဖို့ အခရာကျတဲ့ မေမေများအားလုံး ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ စိတ်ချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။
💗မိသားစုကိုချစ်သလို ကိုယ့်ကိုယ်ကိုလည်း ပိုချစ်နိုင်ပါစေ။
ကျန်းမာပြီး ပျော်ရွှင်ရတဲ့ဘဝလေးကို ပိုင်ဆိုင်ပါစေလို့ Cherry Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်😘😘
’sDay
01/05/2026
လူငယ်တွေအနေနဲ့ Career တစ်ခုကို မရွေးချယ်ခင်မှာ ဘာတွေသိထားဖို့ လိုမလဲ❓
ရွေးချယ်လိုက်တဲ့ Career မှားသွားမှာ၊ ရေရှည်မှာ အဆင်မပြေဖြစ်မှာ၊ လုပ်နေရင်းနဲ့ Passion ပျောက်လာတာတွေ မဖြစ်စေဖို့အတွက် Career တစ်ခုကို မရွေးချယ်ခင်မှာ အောက်ကပြောပြသွားမယ့် အချက်တွေကို သေချာလေး ပြန်ကြည့်ဖို့ အကြုံပြုပါတယ်နော်
💓ကိုယ့်ရဲ့စိတ်ဝင်စားမှုကိုသိအောင် ကြိုးစားပါ။
ကိုယ်က ဘာလုပ်နေရရင်ပျော်လဲ၊ လေ့လာနေရရင် စိတ်ဝင်စားမှုရှိလဲ ဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါနော်
📝ကိုယ့်ရဲ့အားသာချက်တွေကို နားလည်ပါ။
ကိုယ်ကဘယ်နေရာမှာ အားသာလဲ၊ သူများနဲ့မတူ ထူးခြားတဲ့ ကျွမ်းကျင်မှုတွေ ဘာရှိမလဲဆိုတာ သိဖို့လိုပါတယ်။
✨အနာဂတ်မှာရလာနိုင်တဲ့ အခွင့်အလမ်းတွေကို စူးစမ်းရှာဖွေကြည့်ပါ။
ကိုယ်စိတ်ဝင်စားတဲ့ Career က အနာဂတ်မှာ ဘယ်လောက်ထိ Demand များမလဲ၊ အခွင့်အလမ်းတွေ ရှိလာနိုင်မလဲဆိုတာကို လေ့လာထားဖို့ လိုအပ်ပါတယ်။
📍Salary နှုန်းထားကိုလေ့လာပါ။
ပိုက်ဆံက အရာရာမဟုတ်ပေမယ့် အရေးအပါဆုံးအရာလည်း ဖြစ်တာမို့ ကိုယ်ရွေးချယ်တဲ့ Career ရဲ့ Salary က ဘယ်လောက်ထိ မြင့်နိုင်ဖို့ရှိတယ်ဆိုတာ တွက်ချက်ထားကြည့်ဖို့လည်း မမေ့ပါနဲ့နော်
✅အတွေ့အကြုံတွေ ရှာဖွေကြည့်ပါ။
ကိုယ်စိတ်ဝင်စားတဲ့ Career နဲ့ဆိုင်တဲ့ Volunteer အလုပ်၊ Internship၊ part-time လေးတွေ လုပ်ကြည့်ရင်း ကိုယ်နဲ့ရေရှည် အဆင်ပြေမပြေ ဆိုတာကို လက်တွေ့လုပ်ရင်း လေ့လာကြည့်စေချင်ပါတယ်။
Career တစ်ခုကို ရွေးချယ်ဖို့ အခက်တွေ့နေတဲ့ လူငယ်တွေအနေနဲ့ ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်ပြီး မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူငယ်တွေအတွက် Personal Development, Professional Development, Career Development တွေနဲ့ အတွေ့အကြုံကရတဲ့ သင်ခန်းစာလေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ထားဖို့ မမေ့နဲ့နော်😍😍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
4802
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |