Nutranext HeCare

Nutranext HeCare

Share

စွမ်းဆောင်ရည် မြင့်မားပြီး အိမ်ထော?

16/12/2021

ပိုအချစ်ခံရဖို့ နည်းလမ်းကောင်း (၅)ခု

(Unicode)

ချစ်သူရည်းစားကိစ္စတွေက ပရိယာယ်ဆန်ပါတယ်။ တစ်ခါတစ်လေမှာ မိန်းကလေးတွေက သူတို့ကိုယ်တိုင်ဖွင့်မပြောပဲနဲ့ သူတို့ရဲ့ခံစားချက်တွေကို သိနေတာမျိုး လိုချင်မျှော်လင့်တတ်ကြပါတယ်။ ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီကိစ္စအတွက် နည်လမ်းကောင်း(၅)ခု ရှိပါတယ်။

၁။ မှတ်စုစာအုပ်အသေးလေးတစ်အုပ်ဆောင်ထားပါ။ သူမ မမြင်ပါစေနဲ့။ အခွင့်အရေးရတိုင်းမှာ သူမ ကြိုက်တတ်တာတွေ၊ ၀ယ်ချင်တာတွေ၊ သွားလည်ချင်တယ်လို့ ပြောလာတဲ့နေရာတွေနဲ့ သူမလုပ်ချင်တာတွေ အားလုံးကို ရေးမှတ်ထားပါ။ အထူးအထိမ်းအမှတ်နေ့တွေရောက်တဲ့အခါ ဒါမှမဟုတ် တတ်နိုင်တဲ့အခါမျိုးမှာ သူမ လိုချင်တာကို ၀ယ်ပေးတာ၊ သွားလည်ချင်တဲ့နေရာကို ခေါ်သွားတာ စသဖြင့် လုပ်ပေးလိုက်ပါ။ အဓိကအချက်က သူမပြောပြီးပြီးချင်း လုပ်ပေးတာမျိုးမဟုတ်ပဲ ရုတ်တရက် မစဉ်းစားနိုင်လောက်အောင် အချိန်တစ်ခုကြာပြီးမှ လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သူမကို ဂရုစိုက်တယ်ဆိုတာ သိသွားမှာဖြစ်ပြီး အရေးကြီးတာက သူမပြောသမျှကို အလေးအနက်ထားတတ်သူအဖြစ် ပိုချစ်လာမှာဖြစ်ပါတယ်။

၂။ သင့်ချစ်သူကောင်မလေး ဆံပင်ညှပ်လေ့၊ ပြင်လေ့ရှိတဲ့ ဆိုင်နဲ့ ရင်းနှီးအောင်လုပ်ပါ။ သူမ ဆံပင်လာညှပ်တိုင်း ဒါမှမဟုတ် ဆံပင်လာပြင်တိုင်းမှာ သင့်ဆီကို ဖုန်းဆက်အကြောင်းကြားပေးဖို့ တောင်းဆိုပါ။ သင့်ချစ်သူ ဆံပင်ညှပ်ထားတာကို ကြိုသိထားပြီး တွေ့ဖြစ်ကြမယ်ဆိုရင် “ဆံပင် လုပ်ထားတာလား၊ နည်းနည်းတိုသွားပေမယ့် အရမ်းလှတယ်” စသဖြင့် ပြောပေးပါ။ အပြုံးပန်းတွေ ပွင့်လန်းသွားမှာ သေချာပါတယ်။

၃။ ရန်ဖြစ်စကားများကြတဲ့အချိန်မှာ လက်ကလေးကို ကိုင်ပြီး လမ်းလျှောက်ပါ။ စိတ်ဆိုးနေချိန်မှာ လက်ကိုင်ထားဖို့ ဒါမှမဟုတ် ဦးတည်ဖက်တစ်ခုထဲကို အတူတူလမ်းလျှောက်သွားဖို့က အရမ်းကိုခက်ခဲပါတယ်။ ဒီအချက်က ရိုမန်းတစ်ဆန်ရုံတင်မဟုတ်ပါဘူး။ ချစ်သူတိုင်းအတွက် အရေးကြီးပါတယ်။ အတူတူလမ်းလျှောက်ရင်း ပြောတဲ့စကားတွေက မျက်နှာချင်းဆိုင်ပြောတဲ့စကားတွေနဲ့ လုံးဝကွဲပြားခြားနေမှာ ဖြစ်ပါတယ်။ ကြိုးစားကြည့်ပါ။

၄။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်စီရဲ့ ကောင်းကွက်တွေရော ဆိုးကွက်တွေကိုပါ တွေ့လာမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သင့်ချစ်သူကို မုန်းရင်တောင် မုန်းနေနိုင်ပါတယ်။ ဒါပေမယ့် ရန်ဖြစ်စကားများကြတဲ့အခါတိုင်းမှာ ပျော်စရာကောင်းတဲ့အမှတ်တရတွေ၊ သင့်ချစ်သူရဲ့ ကောင်းကွက်လေးတွေကိုပဲ စိတ်ထဲမှာ တွေးထားပါ။ ပြီးတော့ သင့်ချစ်သူရဲ့ မကောင်းတဲ့အချက်တွေ၊ အပြစ်တွေကို တွေးမိတဲ့အချိန်တိုင်းမှာ ကျေနပ်ပျော်ရွှင်စရာကိစ္စတွေကိုပဲ တွေးပြီး ကျန်တာတွေကို စိတ်ထဲကထုတ်ထားလိုက်ပါ။ ဒီလိုဆိုရင် သင်တို့နှစ်ယောက်စလုံးအတွက် ကျေနပ်ပျော်ရွှင်စရာ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၅။ သူမ ဖုန်းဆက်ရင် အမြဲတမ်းကိုင်ပါ။ အမြဲတမ်းပါ။ သူမဟာ သင့်အတွက်အရေးအကြီးဆုံး ပုဂ္ဂိုဟ်ဖြစ်ပြီး ဘယ်ကိစ္စကမှ သူမထက်အရေးမကြီးဘူးဆိုတာကို သိသွားဖို့ လိုပါတယ်။



#အမျ်ုးသားအားဆေး

08/12/2021

ဖွားဖက်တော် အရွယ်အစားအတွက် နည်းလမ်းများ

ယောင်္ကျားအများစုက ကိုယ်ပိုင်ပစ္စည်းနဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှု ရှိကြပါတယ်။ တော်တော်များများက ကိုယ့်ရဲ့ ဖွားဖက်တော်အရွယ်အစားကို အလိုမကျဖြစ်နေကြပြီး ပိုမိုကြီးထားစေချင်ကြပါတယ်။ လိင်တံသေးသေးလိုချင်တယ်လို့ ဘယ်ယောင်္ကျားမှ ပြောမှာမဟုတ်ပါဘူး။ ဒီလို ပစ္စည်းပိုကြီးချင်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင်၊ ဈေးကွက်ထဲက လိင်တံကြီးထွားလာစေမယ့် ဆေးဝါးတွေ၊ ပစ္စည်းကိရိယာတွေကို တကယ်အသုံးဝင်မဝင်ဆိုတာကို ကျွမ်းကျင်ပညာရှင် ဆရာဝန်တွေရဲ့ မှတ်ချက်ကို လေ့လာကြည့်သင့်ပါတယ်။

Pumps
လိင်တံကို ဖိအားပေးတဲ့ ပန့်မ်တွေက သင့်ပစ္စည်းရဲ့ အရှည်နဲ့လုံးပတ်ကို ကြီးလာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန့်မ်ရဲ့ဖိအားကြောင့် လိင်တံမှာရှိတဲ့ တစ်ရှုးတွေကို ဆွဲဆန့်သလိုဖြစ်ပြီး ယောင်ရမ်းလာစေတာကြောင့် ဖြစ်ပါတယ်။ ပန့်မ်လို ပစ္စည်းကိရိယာမသုံးချင်ဘူးဆိုရင်တော့ Jelqing လုပ်လို့ ရပါတယ်။ ဘယ်လိုလုပ်ရသလဲဆိုရင် သင့်ပစ္စည်းရဲ့အောက်ခြေကနေ ထိပ်ပိုင်းဆီကို လက်ချောင်းလေးတွေနဲ့ ဆွဲလှိမ့်ပေးတာဖြစ်ပါတယ်။

သတိပြုရန် – သင့်ပစ္စည်းကို တန်ဖိုးထားတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ဆီကို သွားပြီး ဆေးဖက်ဆိုင်ရာ ထောက်ခံချက်ရထားတဲ့ ပန့်မ်ကိုပဲ သုံးပါ။

Stretchers
Stretchers တွေက လိင်တံရဲ့အလျားကို ရှည်လာစေနိုင်ပါတယ်။ ဒီကိရိယာကတော့ လိင်တံရဲ့ အဆုံးနဲ့ ထိပ်ပိုင်းကနေ တပ်ဆင်ပြီး လိင်တံတစ်ခုလုံးကို ဆွဲဆန့်ထားတာဖြစ်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူး တစ်ခုက သင့်လိင်တံက တစ်ဖက်ဖက်ကို ကောက်နေတယ်ဆိုရင်လည်း ပြန်ဖြောင့်သွားစေနိုင်တာပဲ ဖြစ်ပါတယ်။ တစ်ခုဆိုးတာက Stretchers တွေကို ရက်ရှည်လများအသုံးပြုမှ ထူးခြားတဲ့ရလဒ်ကို ရနိုင်တာဖြစ်ပါတယ်။

သတိပြုရန် – နောက်ဆက်တွဲပြဿနာတွေအနေဲ့ လိင်တံအရေပြားဆုတ်ပြဲခြင်း၊ သွေးကြောအနေအထားပျက်ယွင်းခြင်း၊ အာရုံကြောထိခိုက်ခြင်းတို့ ဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီသွားသင့်ပါတယ်။

သောက်ဆေးများ
လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြတဲ့ အမျိုးသားတွေဟာ ကြာရှည်ထောင်မတ်နိုင်ခြင်း မရှိတဲ့ ပြဿနာလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့ဆေးဝါးတွေ သောက်သုံးပေးမယ်ဆိုရင်တော့ လိင်တံထောင်မတ်မှုကို ကြာရှည်စေနိုင်ပြီး အရွယ်အစားနဲ့ပတ်သက်လို့လည်း စိတ်ပူပန်မှုလျော့နည်းသွားနိုင်ပါတယ်။

သတိပြုရန် – အမျိုးသားထုရဲ့ (၅)ရာခိုင်နှုန်းလောက်ပဲ သာမန်အရွယ်အစားထက် သေးငယ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ပစ္စည်းအရွယ်အစားနဲ့ ပတ်သက်ပြီးစိုးရိမ်စိတ်ကြောင့် အိပ်ရာထဲက စွမ်းဆောင်ရည်ကို ထိခိုက်မခံပါနဲ့။

အဆီဖယ်ထုတ်ခြင်း
သင့်ပစ္စည်းအရွယ်အစား သေးငယ်နေရခြင်းက အဆီပိုတွေများနေတာနဲ့လည်း သက်ဆိုင်ပါတယ်။ အမျိုးသားတစ်ချို့မှာ ဆီးခုံဝန်းကျင်တဝိုက်အဆီတစ်ရှုးတွေ များနေခြင်းကြောင့် လိင်တံကို တိုနေစေသလို ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဆီးခုံတဝိုက်က အဆီတွေကို ဖယ်ထုတ်တာက လိင်တံကို ပိုရှည်လာစေနိုင်ပါတယ်။ ဒါ့အပြင် အမွှေးအမျှင်ရိတ်ပေးတာကလည်း သင့်ပစ္စည်းကို ထင်ရှားပေါ်လွင်လာစေမှာ ဖြစ်ပါတယ်။

သတိပြုရန် – အဆီတွေဖယ်မထုတ်ခင်မှာ ကိုယ်အလေးချိန်လျော့ချတာ ပိုကောင်းပါတယ်။ ပိန်တဲ့လူဖြစ်ရင်တော့ အဆီဖယ်ထုတ်ဖို့ပဲ ကျန်ပါတော့တယ်။

ထိုးဆေးများ
လိင်တံအရွယ်အစားကြီးမားလာဖို့အတွက် အဆီထိုးဆေး၊ ဆီလီကွန်ထိုးဆေးတွေ အများကြီးရှီပါတယ်။ အဆီထိုးသွင်းတာက ယာယီအခိုက်အတန့်သာ ခံပါတယ်။ ဆီလီကွန်ထိုးဆေးတွေကတော့ လိင်တံမှာ အဖုအထစ်တွေဖြစ်စေနိုင်သလို အရေပြားကို စားသွားတာမျိုး ဖြစ်တတ်ပါတယ်။

သတိပြုရန် – ဒီလိုမလုပ်ခင်မှာ သေချာစဉ်းစားပါ။

23/11/2021

သူမ စိတ်မပါရင် ဘာလုပ်ကြမလဲ ?

နှစ်ဦးသား ချစ်တင်းနှောဖို့ကိစ္စကို သင်က စိတ်ပါနေမယ်။ ဒါပေမယ့် သူမက စိတ်မဝင်စားဘူး။ ဒါမှမဟုတ် သူမက စိတ်ပါနေပြီး သင်က………. စိတ်မပါတဲ့အချိန်များ ရှိလို့လား။ အမြဲတမ်းတက်ကြွနေတတ်တာပဲ မဟုတ်လား။ ဒါပေမယ့် သင့်ရဲ့ပါတနာမိန်းကလေး စိတ်မပါဘူးဆိုရင် ဘယ်လိုရှေ့ဆက်ကြမလဲ။ တစ်ခါတစ်လေကျတော့လည်း လည်တိုင်လေးကို အနမ်းလေးတွေပေးပြီး၊ တစ်ချို့နေရာလေးတွေကို ပွတ်သပ်ပေးလိုက်ရုံနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ ဒီလိုနဲ့မရပဲ သူမဖက်က ငြင်းဆန်နေဦးမယ်ဆိုရင် လက်ခံလာအောင် လုပ်ဆောင်သင့်တဲ့နည်းလမ်းလေးတွေ ရှိနေပါတယ်။

အရင်ဆုံးသိထားရမှာက ဒီလို မိန်းကလေးဖက်က စိတ်မပါပဲ ငြင်းဆန်တာမျိုးက Desire discrepancies (စိတ်ဆန္ဒခြင်းမကိုက်ညီမှု)လို့ ခေါ်ဆိုပြီး ါပဲ။လေ့ဖြစ်ထရှိတယ်ဆိုတာပါပဲ။ လေ့လာမှုတွေအရ လူ(၁၀၀)မှာ (၈၀)လောက်က ဒီအခြေအနေမျိုး ကြုံတွေ့ရတတ်တယ်လို့ ဆိုပါတယ်။ မိန်းကလေးတစ်ယောက်က ချစ်တင်းနှောဖို့ စိတ်မဝင်စားတာဟာ ဒီကိစ္စထက် အခြားနီးစပ်မှု၊ ချစ်ခင်တွယ်တာမှုတွေကို အလိုရှိတာကြောင့်သော်လည်းကောင်း၊ တစ်နေကုန်စိတ်ရောလူပါ ပင်ပန်းနေတဲ့အတွက်ကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူမ စိတ်မပါတာကို သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး ချစ်တင်းနှောဖို့ အတင်းကြိုးစားနေမယ်ဆိုရင်တော့ နှစ်ယောက်ကြားမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။

ဒီအချိန်မှာ လုပ်သင့်တာက သူမနဲ့ စကားပြောဖို့ပဲဖြစ်ပါတယ်။ သူမကို မေးခွန်းလေးတွေ မေးကြည့်ပါ။ သူမစိတ်ပါလာအောင် ဘာလုပ်ပေးရမလဲ ဆိုတာလိုမျိုး ဒဲ့ဒိုးမေးချလိုက်လို့လည်း ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေ အမေးခံရတဲ့အခါမှာ သူမအတွက် စဉ်းစားချိန်ပိုရပြီး စိတ်တင်းကျပ်မှုတွေ လျော့ပါးသွားစေနိုင်တဲ့အတွက် စိတ်ပါလာနိုင်ပါတယ်။ ဒါပေမယ့် သူမက ဆက်လက်ငြင်းဆန်နေဦးမယ်ဆိုရင်တော့ စိတ်ကိုထိန်းပြီး နောက်တစ်ကြိမ်အတွက် ကြိုခွင့်တောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီအပြုအမူမျိုးက ဒီတစ်ကြိမ်တော့ အတူမနေဖို့ လက်ခံလိုက်ကြောင်းနဲ့ သူမကို စိတ်မပျက်ကြောင်း၊ နောက်တစ်ချိန်ချိန်မှာ ချစ်တင်းနှောဖို့ မျှော်လင့်နေဆဲဖြစ်ကြောင်း ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ဒီလို မိန်းကလေးဖက်က စိတ်မပါတာကို အသိအမှတ်ပြုပြီး နားလည်ပေးလိုက်တာက နောက်တစ်ကြိမ်မှာ သင့်စိတ်တိုင်းကျဖြစ်အောင် လိုက်လျောပေးဖို့ သူမကို လှုံ့ဆော်ရာလည်း ရောက်ပါတယ်။

ဒါ့ကြောင့် မိန်းကလေးဘက်က စိတ်မပါချိန်တွေမှာ နားလည်ပေးပြီး သူမ စိတ်ပါလာချိန်ကို စောင့်စားနေကြောင်းကို ပြေပြေလည်လည်ဖော်ပြပါ။ နောက်တစ်ကြိမ် သင်တောင်းဆိုရာမှာ တကယ်ကောင်းတာတွေပဲ ကြုံတွေ့ရမှာ သေချာပါတယ်။

19/11/2021

လိင်ကိစ္စအပြီးမှာ လုပ်ဆောင်သင့်တဲ့ ရိုမန်တစ်ဆန်တဲ့ ကိစ္စ ၁၀ ခု

အတွဲတော်တော်များများဟာ ကိစ္စပြီးတာနဲ့ ဟိုဘက်လှည့် အိပ်ကြတာ များမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မပါပါဘူး။ လိင်ဆက်ဆံ ပြီးပြီးချင်း အချိန်လေးဟာ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်ရစ်နှောင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ သင်က သူမကို ထွေးပွေ့ပြီး အိပ်ဖို့ကလွဲလို့ ဘာမှ မလုပ်တတ်ရင် လိင်ဆက်ဆံပြီး လုပ်ဆောင်သင့်တဲ့ ရိုမန်တစ်ဆန်တဲ့ ကိစ္စ ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁. အစာစားပါ

လိင်ကိစ္စအပြီးမှာ သင်ဟာ ဗိုက်ဆာနေလောက်ပါတယ်။ လိင်ကိစ္စဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုလိုမျိုး ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ အဲဒါကြောင့် အမြန်စားလို့ရတဲ့ဟာ တစ်ခုခုလုပ်ပြီး အိပ်ယာထဲမှာ ၂ ယောက်သား ထွေးပွေ့ရင်းနဲ့ စားလိုက်ပါ။

၂. စကားပြောပါ

ကိစ္စပြီးတဲ့အချိန်မှာ စကားပြောခြင်းဟာ သင်တို့နှစ်ယောက်ကို ပို ပျော်ရွှင်စေပါတယ်။ အဲဒိချိန်မှာ စိတ်ကြည်နေတဲ့အတွက် အရေးကြီးကိစ္စတွေ ဆွေးနွေးလို့ ကောင်းပါတယ်။ အရမ်းကြီးတော့ Serious မဖြစ်ပါနဲ့။ ပေါ့ပေါ့ပါးပါးပဲ ပြောဆိုပါ။

၃. တူတူ အမှတ်တရ ပုံလေးတွေရိုက်ပါ

ပျော်ရွှင်မှုရပြီးနောက်မှာ သင်တို့ အမှတ်တရပုံလေးတွေကို ရိုက်ကြည့်ပါ။ သင်တို့မှာ သဘာဝပျော်ရွှင်မှုကနေ မျက်နှာ လင်းနေမှာမို့ မိတ်ကပ်တောင် မလိုပါဘူး။

၄. ပွတ်သီးပွတ်သပ်နေပါ

လိင်ကိစ္စအပြီးမှာ အိပ်ပျော်သွားတတ်တဲ့ ပျင်းစရာစုံတွဲ မလုပ်ပါနဲ့တော့။ ကိစ္စအပြီး အိပ်ရာထဲမှာ ခဏလောက် ပွတ်သီးပွတ်သပ်နေတာဟာ ရိုမန်တစ် ဆန်လွန်းပါတယ်။ TV ကြည့်နေရင်းဖြစ်ဖြစ် စကားပြောရင်းဖြစ်ဖြစ် မထိတထိလေး ပွတ်သီးပွတ်သပ်နေတာဟာ ချစ်ဖို့ကောင်းပါတယ်။

၅. ထွေးပွေ့ထားပါ

ဒါကတော့ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ ကိစ္စပြီးရင် ဖက်ပြီး ထွေးပွေ့ထားပေးခြင်းဟာ သင့်ပါတနာကို သင်ဘယ်လောက် မြတ်နိုးတယ်ဆိုတာ ပြရာလဲရောက်ပါတယ်။ လူတိုင်းလဲ ကြိုက်ပါတယ်။

၆. စိတ်ချင်းဆက်သွယ်ပါ

စိတ်ချင်းဆက်သွယ်ဖို့ နည်းတွေ အများကြီးရှိပါတယ်။ ဖက်ထားပေးတာ၊ အစာခွံကျွေးတာ၊ စကားပြောတာတို့ပါ။ ဒါပေမယ့် နှစ်ယောက်သား မျက်နှာချင်းဆိုင်လှဲပြီး ဘာမှ မပြောပဲ မျက်လုံးချင်းဆုံကြည့်နေရတာကလည်း ချစ်ဖို့ကောင်းပါတယ်။ ချစ်စရာ စကားလေးတွေလဲ ပြောပေးနိုင်ပါသေးတယ်။

၇. ရယ်ပါ

ရယ်ရတာကို မကြိုက်တဲ့သူ မရှိပါဘူး။ ကောင်လေးတွေက ဟာသဉာဏ်ရှိတဲ့ကောင်မလေးတွေကို ကြိုက်တတ်တာ သက်သေပါ။ ကိစ္စအပြီးမှာ ရယ်စရာ ပြောပေးပြီး အားရပါးရ ရယ်လိုက်ပါ။ ရယ်ခြင်းဟာ စိတ်ချင်းဆက်သွယ်မှုကိုလဲ မြင့်မားစေပါတယ်။

၈. အနာဂါတ်ကို ဆွေးနွေးပါ

ဒီကိစ္စနဲ့ ဘာမှတော့ မဆိုင်ပါဘူး။ ဒါပေမယ့် သင့်အိပ်မက်တွေ မျှော်လင့်ချက်တွေကို သူမကို ပြောပြနိုင်ပါတယ်။ သင်သွားချင်တဲ့ နေရာတစ်ခု၊ လုပ်လိုတဲ့ အလုပ်တစ်ခုလိုမျိုးပေါ့။ အဲဒါဟာ တစ်ယောက်ကိုတစ်ယောက် ပိုသိစေပြီး ဆက်သွယ်မှု ပိုခိုင်မြဲစေပါတယ်။

၉. ဇာတ်ကား တစ်ကားလောက် ကြည့်ပါ

ချစ်ကိစ္စပြီးတော့ ရုပ်ရှင်ကြည့်တာ ရိုမန်တစ်ဆန်ပါတယ်။ အလွမ်းအဆွေးကားတွေရှောင်ပါ။ ပေါ့ပေါ့ပါးပါး ဟာသကားလေးတွေ ကြည့်ပါ။ အဲဒါဟာ သင်တို့ကြားက ဆက်သွယ်မှုကိုလဲ ခိုင်မြဲစေပါတယ်။

၁၀. ခဏလောက် တူတူမှိန်းနေပါ

ချစ်ဇာတ်လမ်း ခပ်ကြမ်းကြမ်းလေး ခင်းပြီးရင်တော့ သင်တို့နှစ်ယောက်လုံးပင်ပန်းနေမှာ အသေအချာပါပဲ။ ယောက်ျားလေးတော်တော်များများက ကိစ္စပြီးရင် မှေးချင် ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး တစ်ရေးလောက် မှိန်းလိုက်ပါ။ ပြန်နိုးလာရင် နောက်တစ်ချီ ထပ်ဆွဲလို့လဲ ရပါသေးတယ်။



#အမျိုသားးအားဆေး

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

တိုက်အမှတ်-D7 ၊ ရတနာတိုင်းပြည် အိမ်ယာ ၊ လမ်း(၆၀) ၊ ( ၃၀ * ၃၂ ) လမ်းကြား ။
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30