DigitalVerse

DigitalVerse

Share

We are the integrated media services and access to provide one-stop Digital Marketing Services.

23/02/2023

▪️What is Branding ? ▪️
▪️Branding ဆိုတာ ဘာလဲ ?▪️

• တကယ်တော့ Branding တစ်ခုဆိုတာ လူတစ်ယောက်ကို နာမ်စားနာမည်တစ်ခုပေးလိုက်သလိုပါပဲ။အာ့လိုပဲ စီးပွားရေးနယ်ပယ်တစ်ခုထဲမှာ နာမ်စားတစ်ခုလို ကိုယ်စားပြုနိုင်တဲ့အထိ စီးပွားရေးလုပ်ငန်းတွေဟာဆိုရင်လဲ အများနဲ့မတူပဲ ပုံရိပ်တွေ၊စကားလုံးတွေ၊ဓလေ့စရိုက်တွေကို အသုံးပြုပြီး စျေးကွက်ထဲ ထိုးဖောက်နိုင်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

• ဒါ့အပြင် ကုမ္ပဏီတစ်ခုမှာ အမှတ်တံဆိပ်တစ်ခုလိုဖန်တီးကြတဲ့အခါမှာလဲ သူတို့ရဲ့ ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုကို ကိုယ်စားပြုကြတဲ့ အမည်၊လိုဂို (Logo)၊ဒီဇိုင်း(Design) နဲ့ ပုံရိပ်(Image) စတဲ့ တစ်ခုကို ရွေးချယ်ရသလိုပဲဖြစ်ပါတယ်။

• ဒါတင်မကသေးပါဘူး Brand တစ်ခုကို ဖော်ဆောင်တဲ့အခါမှာလဲ ရလဒ်ကောင်းတွေများစွာရှိကြပြီး ဥပမာပေးရမယ်ဆိုရင် သင့်လုပ်ငန်းကို ပြိုင်ဖက်လုပ်ငန်းတွေထက် စျေးကွက်ကို ဦးဆောင်နိုင်သွားမှာမျိုးပဲဖြစ်ပါတယ်။

•မြင်တဲ့ဥပမာပေးရမယ်ဆိုရင် APPLE လို့ဆိုလိုက်တာနဲ့ Luxury Brand တစ်ခုဖြစ်ပြီး ပန်းသီးတစ်ခြမ်း Logo ရယ် ခဲဖြူရောင်ဒီဇိုင်းရယ်ဆိုပြီး တွဲမြင်မိလိုက်သလိုပါပဲ။ Luxury ဆန်ပြီး နည်းပညာကုမ္ပဏီဆိုတာကို တန်းသိနိုင်သွားသလို Samsung ဆိုရင်လဲ APPLE ရဲ့ ပြိုင်ဖက်ဖြစ်ပြီး Samsung စာသား Logo နှင့်အတူ အပြာရောင်ဒီဇိုင်းကိုပါ လူတွေစိတ်ထဲ တန်းသိလိုက်တဲ့အထိ ဖော်ဆောင်ပေးနိုင်တာကို Branding လို့ခေါ်ပါတယ်။

• Branding လုပ်ခြင်းဟာ သင့်ရဲ့ထုတ်ကုန်အမှတ်တံဆိပ်ကို စျေးကွက်ထဲမှာ ထင်ရှားပေါ်လွင်စေပြီး အလားအလာရှိတဲ့ သုံးစွဲသူတွေ(Target Audiences)တွေရဲ့ အာရုံစိုက်မှုကိုဆွဲဆောင်ပေးနိုင်ပါတယ်။ ဒါတင်မကပဲ General လုပ်ငန်း၊ နည်းပညာကုမ္ပဏီ၊ အစားအသောက်ဖြစ်တဲ့ F & B လုပ်ငန်း နဲ့ အဖျော်ယမကာလုပ်ငန်းတွေလို ပြိုင်ဖက်များတဲ့လုပ်ငန်းတွေမှာ Branding ရှိထားခြင်း၊ဖော်ဆောင်ထားခြင်းဟာအင်မတန်ပင်အရေးကြီးလှပါတယ်။

ကဲ . . . ဒီလောက်ဆို Branding တစ်ခုလုပ်ခြင်း၊ဖော်ဆောင်ခြင်းဟာ ဘယ်လောက်ထိအရေးပါတယ် ဘယ်ကြောင့် အရေးကြီးတယ်ဆိုတဲ့အချက်ကို သိသွားလောက်မယ်လို့ ထင်ပါတယ်ရှင် 😉

credit photo from Google.

19/02/2022

Content Writing / Copywriting တွေအတွက် knowledge sharing ✔︎

❝ ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်
Content မကောင်းတာမျိုး မဖန်တီးပါနဲ့ ❞

▪နံပါတ်တစ်အနေနဲ့ကတော့ မိမိစာရေးဖို့စိတ်စုစည်းလို့မရတဲ့အချိန်မျိုးမှာ Deadline အပြည့်နဲ့ ကိုယ်တာဝန်ယူထားရတဲ့ Client ရဲ့ Content တွေကို ဘယ်လိုပုံစံနဲ့အပြီးသတ်ရမလဲ ဘယ်လိုပုံစံမျိုးနဲ့ရေးရမယ်ဆိုတာကို စိတ်ကူးထဲမထည့်နိုင်တဲ့သူတွေကိုကျွန်တော်တို့ DigitalVerse မှ အလားတူ Sharing တစ်ခုလောက်ဖြစ်ဖြစ်လုပ်ပေးချင်ပါတယ်🤗

▪ ဒီအချက်ကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်စေ Emotional Conditions ကြောင့်ဖြစ်လာတဲ့ ခံစားချက်နောက်ကိုပဲလိုက်ပြီး ကိုယ်တာဝန်ယူထားတဲ့ Clients ရဲ့အလုပ်တွေကို မျက်နှာလွှဲခဲပစ်လုပ်တာမျိုး၊ ဘာ Mood မှမလာဘူးဆိုပြီး ခတ္တခနကျောခိုင်းထားလိုက်တာက တကယ်အလုပ်နဲ့တူအောင် လုပ်နေကြတဲ့ Content Writer သမားတွေအတွက်ကတော့ Professional ဆန်တဲ့အပြုအမူမျိုး မဟုတ်ဘူးလို့ပဲ ကျွန်တော်အနေနဲ့မြင်မိပါတယ်။
❝ Professional ဆိုတဲ့စကားလုံးရဲ့နောက်ကွယ်မှာ Brand & Image ဆိုတာလည်း ကပ်ရပ်ပါလာပြီးသားမို့ ❞ နောက်ဆက်တွဲအကျိုးဆက်ကိုလဲသိမယ်ထင်ပါတယ်ဗျာ 🤩

▪ ဒီတော့ ဒီနေရာမှာပြောပြချင်တာက
အတင်းကာရော ရေးသားစရာမလိုပါဘူး အရေးကြီးဆုံး Main Point ဖြစ်တဲ့ Deadline ကို ပြီးပြီးရော မရေးကြဖို့နဲ့ ကိုယ်တာဝန်ယူထားတဲ့ Content တစ်ခုကို Quality မကောင်းတာတွေ မပေးကြဖို့လိုပါတယ်ဗျာ 🤩

▪ ဒီတခါ စာရေးဖို့ Feeling mood မကောင်းတဲ့ Content Writer သမားတွေအတွက် ကိုယ်ရေးပေးထားတဲ့စာကို သုံးဖို့အတွက် Client ဘက်က စောင့်ရတာလဲအဆင်ပြေစေမှာပါ။ Content ရေးဖို့စိတ်အဆင်မပြေတဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ Image ၊ တာဝန်ယူမှု/ခံမှု ဆိုတာတွေပါ တခါထဲ သဲထဲရေသွန်မဖြစ်စေဖို့ DigitalVerse မှ သိသင့်သလောက် လိုအပ်မယ့်အချက်တွေနဲ့ သတိမထားမိတဲ့အချက်တွေကို sharing ပေးလိုက်ပါတယ် ・・・

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00