TRI STAR
Vocational Training Center
စိတ်ချမ်းချမ်းသာသာနဲ့ ဘဝကို ဖြတ်သန်းချင် တယ်ဆိုတာ လူတိုင်းတောင့်တတဲ့ အစစ်အမှန် ချမ်းသာခြင်းပါ။ ဗုဒ္ဓအဆုံးအမတွေနဲ့အညီ စိတ် အေးချမ်းစေမယ့် "နှလုံးသွင်းနည်း ၅ သွယ်" ကို အကြံပြုပါရစေ။
၁။ ပစ္စုပ္ပန် တည့်တည့်မှာ နေပါ
စိတ်ဆင်းရဲရခြင်းရဲ့ အဓိကတရားခံဟာ အတိတ် ကို နောင်တရတာ နဲ့ အနာဂတ်ကို စိုးရိမ်တာ ပါပဲ။ လွန်ခဲ့တာတွေကို ပြန်ပြင်လို့ မရတော့သလို၊ မ ရောက်သေးတာတွေကိုလည်း ကြိုပူစရာမလိုပါ ဘူး။
လက်ရှိလုပ်နေတဲ့ အလုပ်၊ လက်ရှိရောက်နေတဲ့ နေရာမှာပဲ စိတ်ကိုထားပါ။ အခု ငါအသက်ရှူနေ တယ်၊ အခု ငါအလုပ်လုပ်နေတယ် လို့ သိနေတာ ဟာ စိတ်အေးချမ်းမှုရဲ့ အစပါပဲ။
၂။ လွှတ်ချခြင်း အတတ်ပညာကို ကျင့်သုံးပါ လောကမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။
သူတစ်ပါးရဲ့ အပြောအဆို၊ ရာသီဥတု၊ ကံကြမ္မာ အလှည့်အပြောင်း... ဒါတွေကို လိုက်ပြင်နေရင် စိတ်ပန်းရုံပဲရှိပါမယ်။
သူ့သဘော သူဆောင်တာပဲ လို့ နှလုံးသွင်းပြီး ကိုယ်နဲ့မဆိုင်တာတွေကို လွှတ်ချလိုက်ပါ။ စိတ်ထဲ မှာ ဝန်ပေါ့သွားတာကို ခံစားရပါလိမ့်မယ်။
၃။ ရသမျှနဲ့ ရောင့်ရဲခြင်း
သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာဟာ စိတ်ဆင်းရဲခြင်းကို ဖိတ်ခေါ်တာနဲ့တူပါတယ်။ မိမိမှာရှိတဲ့ အရာလေးတွေကို တန်ဖိုးထားပါ။
ငါ့မှာ ဒါလေးရှိနေတာ တော်သေးတာပဲ ဆိုတဲ့ အသိက စိတ်ကို ချက်ချင်းအေးချမ်းစေပါတယ်။ လောဘနည်းလေ၊ ပူလောင်မှု ကင်းလေပါပဲ။
၄။ မေတ္တာထားပါ
စိတ်ထဲမှာ တစ်ဦးတစ်ယောက်ကို အငြိုးထားတာ၊ မုန်းတာဟာ ကိုယ့်ရင်ဘတ်ထဲမှာ မီးခဲဆုပ်ထားတာ နဲ့ တူပါတယ်။
ညအိပ်ခါနီးတိုင်း အားလုံးကို ခွင့်လွှတ်လိုက်ပါ။ အားလုံး အဆင်ပြေကြပါစေ လို့ ဆုတောင်း ပေးလိုက်ရင် ကိုယ့်ရဲ့ စိတ်စွမ်းအင်တွေ မြင့်တက် လာပြီး အေးချမ်းတဲ့ အိပ်စက်ခြင်းကို ရရှိပါလိမ့် မယ်။
၅။ တစ်နေ့တာရဲ့ ကောင်းကွက် ကို ရှာပါ ဘယ်လောက်ပဲ ကံဆိုးတဲ့နေ့ဖြစ်ပါစေ၊ အဲဒီနေ့ထဲ မှာ ကောင်းတဲ့အချက် တစ်ခုတော့ ရှိစမြဲပါ။ ထမင်းကောင်းကောင်း စားလိုက်ရတာ၊ မိတ်ဆွေ တစ်ယောက်က ပြုံးပြတာ၊ ဘုရားစာ ရွတ်လိုက်ရ တာ စတဲ့ သေးသေးမွှားမွှား အောင်မြင်မှုလေးတွေ ကို အသိအမှတ်ပြုပါ။
ကျေးဇူးတင်တတ်တဲ့စိတ် (Gratitude) ရှိသူဟာ ဘယ်တော့မှ စိတ်မဆင်းရဲပါဘူး။
28/04/2025
28.3.2025 to 28.4.2025
7.7 အဆင့်ရှိပြင်းထန်ငလျင်ကြီးလှုပ်ခဲ့တာတစ်လတိတိပြည့်ခဲ့ပြီမနေ့တနေ့ကလိုပါပဲအားလုံးဒုက္ခတွေနဲ့ အတူနေထိုင်ရဆဲ
ဒီလိုကာလကြီးမှာမိမိတို့အဖွဲ့နှင့်ချိတ်ဆက်ကာကိုယ်ချင်းစာတရားအပြည့်နဲ့ကူညီဖေးမခဲ့ကြသူများကိုမှတ်တမ်းတင်ပါရစေ
1.ဦးအောင် 50000
2.မမိုင်နှင့်သူငယ်ချင်းများ 195,000
3.CEDO မှ ထမင်းဗူး 500၊ဖော့ဖျာ15၊အမျိုးသမီးသုံးပစ္စည်း 2
ဆွဲ၊ခြင်ဆေးခွေ30ဗူး၊ဆေးပစ္စည်း၊
4.ကိုချစ်+Polly မှ 500,000
5.မဇင်မာလင်းတို့အဖွဲ့မှ 120,000
6.Myan Crypto community မှ ထမင်းဗူး 500
7.မစုရွှေစင်ထွန်းမှ 500,000
8.မဇင်မာနှင့်မိတ်ဆွေများ မှ ဆန် ၂ပြည့်အိတ် (၆၀)အိတ်
9. မိတ်ဆွေများစုပေါင်းအလှူ (လက်ဖက်+ပဲကြော်) အိမ်ထောင်စု (၁၅၀)စု
10.မအေးသီရိနှင့်သူငယ်ချင်းများမှ 1,650,000
11.မမေရတနာစံနှင့်သူငယ်ချင်းများမှ 400,000
12.မိတ်ဘက်အဖွဲ့အစည်း KYDO မှ 2,000,000
13.Polly's sister မှ 1,285,000
14.စုပုံချစ်တို့အဖွဲ့(ကလေးငယ်များအဖွဲ့) မှ 86,000
15.မသက်ထားဆွေမှ 200,000
16.Inkhum Lone Lung မှ 500000
17.မယဥ်ယဥ်အောင်နှင့်မိတ်ဆွေများ 100000
18.Kachin in Sweden အဖွဲ့မှ 2,200,000
19.အလှူရှင်အဖွဲ့ကြီးတခုမှ 238,320,000
20.မိတ်ဘက်အဖွဲ့အစည်းတခုမှ 19,736,500(လှူဒါန်းရန် ပြင်ဆင်နေဆဲ)
တို့မှ အသီးသီးစေတနာထက်သန်စွာ ယုံကြည်မှုအပြည့်ဖြင့် အပ်နှံလှူဒါန်းပေးခဲ့ကြပါသည်။
မိမိတို့ အဖွဲ့မှလည်း အလှူရှင်များ၏ယုံကြည်မှုကိုလေးစားစွာဖြင့် တကျပ်တပြားအလွဲအမှားမရှိစေရေးအလေးထားကာ
ဘောက်ချာများ၊ မှတ်တမ်းများဖြင့် စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆောင်ရွက်လျက်ရှိပါသည်။
ဆောင်ရွက်ပေးရန်များလည်းရှိပါသေးသည်။
မိမိတို့အဖွဲ့ချိတ်ဆက်၍ စစ်ကိုင်း၊တံတားဦး၊အင်းဝ၊ အမရပူရ၊ မဟာအောင်မြေ ရှိငလျင်ဘေးသင့်၍လိုအပ်နေသူများထံအရောက်သွားကူညီပေးနိုင်ခဲ့ပါသည်။ အလှူရှင်များနှင့်တကွ မြင်သူ ကြားသူအပေါင်း ဝမ်းမြောက်နိုင်ကြပါစေ ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay