FitBox

FitBox

Share

every time you eat is an opportunity to nourish your body

12/01/2021

ဝိတ်ချရင်းနဲ့ ဝိတ်မကျဖြစ်နေပြီလား

ခေတ်ကာလ ပြောင်းလဲမှု့အရ လူတော်တော် များများ ကလည်း ကျန်းမာရေးကို ဂရုတစိုက်ရှိလာကြပါတယ်။
အဝလွန်ခြင်းရဲ့ဆိုးကျိုးတွေကို သိလာတာ နှင့်လအမျှ လူ အများကလည်း ကျန်းမာရေးရှု့ထောင့် အနေနဲ့ ကော အလှအပရေးရာ ရှု့ထောင့် အနေနဲ့ပါ ဝိတ်လျှော့ လာကြပါတယ်။
အများစု အကြမ်းဖြင်း သိထားတာ ကတော့ ဝိတ်လျှော့ရင် အစားလျှော့ တာနဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးပါ။
ဒီတစ်ခေါက်ဆောင်းပါး မှာတော့ ဝိတ်ချတဲ့နေရာ မှာ ပြောင်းလဲဖို့ လိုအပ်တဲ့ အမူအကျင့် လေးတွေ အကြောင်း ကို ပြောပြပေးချင်ပါတယ်။

1. ကယ်လိုရီ တွက်စားတတ်တဲ့ အကျင့်ကို လုပ်ပါ။
ကိုယ်ဘာစားစား ကယ်လိုရီ တွက်တတ်တဲ့ အကျင့် ကိုလုပ်ပါ။ အခုနောက်ပိုင်း မုန့်တော်တော် များများ မှာ လည်း ကယ်လိုရီ တွက်ပြပေးထားတတ်ပါတယ်။ အစားအသောက် တော်တော် များများ(အထူးသဖြင့် မြန်မာ အစားအစာတွေ) ရဲ့ ကယ်လိုရီ ကိုတော့ တက်နိုင်သလောက် ကျွန်တော် ဖော်ပြပေးသွားပါမယ်။

2. မိမိ တနေကုန် စားထား သမျှ ကို ချမှတ်ထားပါ။
တနေကုန်စားထား သမျှ ကို နေ့စဉ် ဒိုင်ယာရီ သဘောမျိုး ချရေးခြင်းပာာ လည်း ဝိတ်ချတဲ့ နေရာ မှာ တော်တော်လေး အသုံးဝင်ပါတယ်။ ချရေးလိုက်ခြင်းဖြင့် မိမိဘယ်လောက်တောင် စားလိုက်မိပြီ ဆိုတာ ကို ဦးနှောက်ကို သတိပေးသလိုမျိုးဖြစ်စေတဲ့အတွက် ကြောင့်ပါ။ အဲ့လိုချရေးတဲ့ နေရာ မှာလည်း ရေးဖို့သတိရပြီ ဆိုတာနဲ့ ချရေးပေးဖို့ လိုပါတယ်။ အဲ့လို မလုပ်မိဘဲ ညအိပ်ခါ နီး မှ အကုန်ချမှတ်မိတယ် ဆိုရင် တနေကုန်စားထားတာ မှတ်မိဖို့လည်း ခက်သလို ကိုယ်စားတာ များနေပြီဆိုရင်တောင် အိပ်ခါနီး ဖြစ်သွားတော့ အဲ့ဒီ တစ်နေ့ အတွက် ပြန် ထိန်းလို့မရသလို ဖြစ်သွားတတ်ပါတယ်။

3. အိမ်မှာပေါ့ပေါ့ပါးပါး အလုပ်လေးတွေ လုပ်ခြင်း
အိမ်ပြန်ရောက်ပြီ ဆိုတာ နဲ့ လူအများစု က ပင်ပန်းပြီး ဘာမှ မလုပ်ချင်တော့ဘဲ တစ်နေရာတည်းမှာ ထိုင်ပြီး ရုပ်ရှင်ကြည့် ဖုန်းသုံးတတ် တဲ့ အကျင့် ရှိတတ်ကြပါတယ်။ ဒါကြောင့် အငြိမ် ထိုင်မနေဘဲ ပေါ့ပေါ့ပါးပါးဖြစ်စေ မယ့် လှုပ်ရှားမှု့မျိုး ဥပမာ တီဗွီ ကြည့်ရင်း အလေးတုံးအသေးမတာမျိုး ဖုန်းပြောရင်း လမ်းလျှောက်တာ မျိုးစတာတွေ လုပ်ပေးသင့်ပါတယ်။
အိမ်မှာ နေရင်း လည်း တခြားအိမ်မှု့ကိစ္စ လေးတွေ လုပ်တာလည်း ဝိတ်ချတဲ့နေရာ မှာ တော်တော်လေး အကျိုးရှိပါတယ်။ ဥပမာ တံမြတ်စည်းလှည်းတာ ကြမ်းတိုက်တာ ဖုန်သုတ်တာမျိုးလေးတွေ လုပ်ပေးတာမျိုးပေါ့။

4. မလိုအပ်တဲ့ ခရီးကို ကားမသုံးပဲ လမ်းလျှောက်ပါ။
တော်ရုံတန်ရုံ ခရီးဂအကွာအဝေး မျိုးကို လမ်းလျှောက်သွားတတ် အကျင့် လုပ်ပေးခြင်းဖြင့် ဝိတ်ကျစေနိုင်သလို အဆုတ်နှင့် နှလုံး လုပ်ဆောင်ချက်ကို လည်း သိသိသာသာ တိုးတက်လာစေပါတယ်။

5. Food Label ဖတ်တတ်တဲ့ အကျင့်လုပ်ပါ။
စူပါမားကတ် တွေမှာမုန့်တွေဝယ်မယ် ဆိုရင် ကယ်လိုရီ ဘယ်လောက်ပါလဲ Carbohydrate, Protein , Fat ဘယ်လောက်ပါလဲ တွေကို ရေးထားတဲ့ food label တွေကို ဖတ်တတ်တဲ့ အကျင့် ရှိဖို့တော့လိုပါတယ်။ အဲ့ဒီလို ဖတ်တဲ့နေရာမှာ များသောအားဖြင့် serving size (တစ်ခါစားပမာဏ) နဲ့ ရေးထားတတ်ပါတယ်။ တစ်ချို့ မုန့်တွေ က တစ်ထုပ်တည်း နဲ့ တစ်ခါစားပမာဏ ပါဝင်တာမျိုး မပာုတ်ဘဲ ၂-၃ ခါစာလိုမျိုးတွေ ပါတတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ ကယ်လိုရီ ပမာဏ ကို သေချာတွက်ကြည့်ဖို့တော့လိုပါတယ်။

6. Zumba Dance ကခြင်း
အခုရက်ပိုင်း ခေတ်စားလာတဲ့ Zumba Dance ကို ၁၅ မိနစ် က ပေးပါက ကယ်လိုရီ ၂၀၀-၃၀၀ လောင်ကျွမ်းစေပါတယ်

ကလို့လည်းကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။

ဘာကြောင့် ဒါတွေ ကျွန်တော် လုပ်ခိုင်းနေတာလဲ ဆိုတော့ အခုနောက်ပိုင်း ဝိတ်ကျပြီး စားတာနဲ့ ပြန်တက်နေတယ် ဆိုပြီး ခဏခဏ ကြားနေရပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အစားအသောက်ပဲ လျှော့ပြီး ကိုယ်လက်လှုပ်ရှား သိပ်မလုပ်ဖြစ်တော့ BMR (တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏ) က တဖြည်းဖြည်း ကျလာပြီး နည်းနည်းစားတာ နဲ့ ပြန်ပြန်တက်လာတာပါ။

BMR (တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏ) ပြန်တက်အောင် ဘယ်လိုလုပ်ကြမလဲ????

အဓိက ကတော့ ပုံမှန်လှုပ်ရှားသွားလာမှု့ လုပ်ပေးရပါမယ်။ ဒါမှလည်း ခန္ဓာကိုယ် က ဆဲလ် တွေ က အလုပ်ပို လုပ်ပြီး Energy ပိုသုံး လာတဲ့ အတွက် ကယ်လိုရီ ပိုလိုအပ်လာပါတယ်။ ကယ်လိုရီ ပိုလိုအပ်လာတော့ ကယ်လိုရီ များများစားမိလည်း ခန္ဓာကိုယ် က ပြန်လည် အသုံးချ နေတာဖြစ်တဲ့ အတွက် ဝိတ်ပြန်မတက်နိုင်တော့ပါဘူး။
ဒါပေမယ့် အလွန်အကျွံ စားရင်တော့ ပြန်တက်နိုင်ပါတယ်။

ဝိတ်လျှော့တဲ့နေရာ မှာ အစားတစ်ခုတည်း နဲ့ လျှော့တာထက် အခုလို ပေါ့ပေါ့ပါးပါး နဲ့ လိုက်လုပ်လို့ရတဲ့ Zumba Dance လိုမျိုးတွေ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းမြန်မြန်လျှောက်တာမျိုးတွေ တခြား ကြွက်သားလေ့ကျင့်ခန်ူတွေပါ တွဲဖက် လုပ်ပေးမှ နောင်ရေရှည် မှာ ဝိတ်ဆက်ထိန်းနိုင်မှာပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်



Photo credit

Photos from FitBox's post 05/01/2021

Riceberry စားခြင်းရဲ့ အကျိုးကျေးဇူးများ

1. . ဓါတ်တိုးဆန့်ကျင်သတ္တိ တွေ အများကြီးပါတဲ့ အတွက်ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ ရှိတဲ့ သူတွေ အတွက် ကျန်းမာရေးအထောက်အကူဖြစ်စေခြင်း

2. အဆာခံ တဲ့ အတွက် နည်းနည်းစားတာနဲ့ ဗိုက်တင်းသလို ခံစားရတဲ့ အတွက် ဆီးချို ရောဂါ ရှိသူများ နှင့် ဝိတ်လျှော့နေသူများ အတွက် အသုံးဝင်ပါတယ်။ (ဒီနေရာမှာ ပြောချင်တာကတော့ riceberry က ကယ်လိုရီ နည်းတဲ့ ဆန် မဟုတ်ပါ၊ ပေါ်ဆန်းမွှေး ဆန် နီးပါး ကယ်လိုရီ ရှိပါသည်။ ဒါကြောင့် အများကြီးစားမယ်ဆိုရင်တော့ ဝိတ်မကျနိုင်ပါ)

3. အမျှင်ဓါတ်များပြီး gamma oryzanol ပါတဲ့ အတွက် သွေးတွင်း ကိုလက်စထရော များတဲ့ သူတွေ အတွက်လဲ triglycerides level ကို ကျစေနိုင်ပါတယ်။

4. ဖောလိတ် နှင့် သံဓါတ် များတဲ့ အတွက် သွေးအားနည်းရောဂါ ရှိသူများ အတွက် အဆင်ပြေပါတယ်။

5. ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ လဲ ဖောလိတ် ဓါတ် ပါတဲ့ အတွက်ကြောင့် ကလေး မွေးတဲ့ နေရာမှာ ဖောလိတ်ဓါတ် ချို့တဲ့ ရင် ဖြစ်တတ်တဲ့ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကလေး ယူဖို့ အစီအစဉ် ရှိကတည်း က ဖောလိတ်ဓါတ် ကြွယ်ဝတဲ့ အစားအစာ များ အားဆေးများ ကို ကြိုတင် စားပေးသောက်ပေးသင့်ပါတယ်။

6. အမျှင်ဓါတ် ကြွယ်ဝတဲ့ အတွက် ဝမ်းချုပ်တာကိုလဲ သက်သာစေပါတယ်။

7. ဗီတာမင် E ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကောင်းစေပြီး၊ အသားအရေ ကို ပိုမို ကောင်းမွန်စေနိုင်ပါတယ်။


Organic Riceberry 1kg 7000ကျပ်

Want your business to be the top-listed Gym/sports Facility in Mandalay?
Click here to claim your Sponsored Listing.

Website

Address

No-253, Taung Gyi Township, Amarapura
Mandalay
05061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00