CHALK Learning Academy
Just for English Skills
24/09/2021
"Online သင်တန်းများ တက်ရောက်ခြင်း၏ အကျိုးကျေးဇူး (10)ချက်"
# # # # # # # # # # # # # # # # # # # # # # #
(၁) အခုလိုအချိန်အခါမှာ ပါဝင်တက်ရောက်နိုင်တဲ့ အွန်လိုင်း သင်တန်းတွေ အမြောက်အများ ရှိနေပြီ ဖြစ်ပါတယ်။ တနည်းအားဖြင့် လေ့လာသူတွေအတွက် ကိုယ့်စိတ်ကြိုက်ရွေးချယ်တက်ရောက်ဖို့ အခွင့်အလမ်းတွေအများအပြားရှိလာတယ်လို့ဆိုနိုင်ပါတယ်။ အွန်လိုင်းသင်တန်းတွေမှာဆိုရင် ဘာသာစကား၊နည်းပညာ၊ လူမှုရေးကအစ ကျွမ်းကျင်တတ်မြောက်ဖို့လိုတဲ့ ဘာသာရပ်တွေ၊ skills တွေကို အင်စတီကျုအသီးသီးကနေ စီမံဖွင့်လှစ်နေတာကို တွေ့ရမှာပါ။ အဲ့ဒီလို ရွေးချယ်စရာ အမြောက်အများရှိလာခြင်းဟာလည်း အွန်လိုင်းသင်တန်းတွေရဲ့ အားသာချက်တစ်ခုပါ။
(၂) သင်တန်းဆင်းလက်မှတ်တွေ၊ ဒီပလိုမာ၊ ဘွဲ့၊ ဒီဂရီ အစရှိတဲ့ အသိအမှတ်ပြုမှုများကို ပုံမှန်သင်တန်းများ တက်ရောက်သကဲ့သို့ ရရှိနိုင်တာကလည်း အွန်လိုင်းသင်တန်းတွေရဲ့ အကျိုးကျေးဇူး တခုပါပဲ။
(၃) ကုန်ကျစရိတ်သက်သာတာကိုတော့ အထူးတလည်ညွန်းဆိုနေစရာမလိုတော့ဘူးထင်ပါတယ်။ အကယ်၍ သင်တန်းကြေးဟာ ပုံမှန်သင်တန်းတွေနဲ့ တူညီနေတယ်ဆိုရင်တောင် သင့်အနေနဲ့ သွားလာစရိတ် စတာတွေ ကုန်ကျမှုမရှိတော့ဘဲ လေ့လာနိုင်မှာပါ။
(၄) စာမေးပွဲတွေ၊ အကဲဖြတ်စစ်ဆေးမှုတွေ လူကိုယ်တိုင်သွားဖြေရင်း ချွေးပျံနေရတာမျိုး ဖြစ်ဖူး ကြလား။ အွန်လိုင်း သင်တန်းတွေမှာတော့ အဲ့ဒီလို ဖြစ်ရပ်တွေကင်းဝေးပြီး သက်တောင့်သက်သာ ကျော်ဖြတ်ရမှာပဲ ဖြစ်ပါတယ်။ သင်တန်းတချို့ကတော့ အကဲဖြတ်စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပေမယ့် လူကိုယ်တိုင် သွားရောက်ရတာမျိုးမဟုတ်တော့ဘူးပေါ့။
(၅) အွန်လိုင်းသင်တန်းတွေမှာ သင်ကြားပို့ချသူဟာ နေရာဒေသမရွေးကနေ သင်ကြားပို့ချနိုင်သလို ဘယ်နေရာကလူမဆို လေ့လာတက်ရောက်နိုင်တာလည်း အကျိုးကျေးဇူး တခုဆိုမမှားပါဘူး။
(၆) သင်ထောက်ကူပစ္စည်းတွေ၊ သင်ကြားပို့ချက်တွေဟာ အွန်လိုင်းရှိနေတာနဲ့အမျှ လက်လှမ်းမီနေမှာပါပဲ ဖြစ်ပါတယ်။ ဗီဒီယိုများ၊ သင်ကြားပို့ချချက်များကိုလည်း အလိုရှိတိုင်း ပြန်ကြည့်လို့ရနေတာကလည်း အားကောင်းချက်တခုပဲ ဖြစ်ပါတယ်။
(၇) လူအများရှေ့မှာ သွားလာပြောဆိုဖို့ စိုးရွံ့သူတွေ၊ ရှက်ကြောက်တတ်သူတွေဟာ အွန်လိုင်းသင်တန်းတွေမှာ ပိုမိုပါဝင်လှုပ်ရှားနိုင်ကြပါတယ်။ သူတို့ စိုးရိမ်ပူပန်တတ်တဲ့ မျက်နှာခြင်းဆိုင် ပြောဆိုလှုပ်ရှားရတာတွေ မရှိတဲ့အတွက် သက်တောင့်သက်သာ လေ့လာသင်ယူနိုင်ကြပါတယ်။
(၈) လေ့လာသူဟာ ကိုယ့်ရဲ့ လေ့လာချိန်ကို ကိုယ်အဆင်ပြေသလို သတ်မှတ်လို့ရတာကလည်း အွန်လိုင်းသင်တန်းတွေရဲ့ အကျိုးကျေးဇူးတခုပေါ့။ အလုပ်များတဲ့သူတွေဟာ သူတို့အားလပ်ချိန်မှာ ဝင်ရောက်လေ့လာလို့ရနိုင်ပြီး အချိန်စီမံခန့်ခွဲရတာ ပိုမိုအဆင်ပြေလာနိုင်တာမျိုးပေါ့။ (နောက်မှကြည့်မယ်ဆိုပြီး ရွေ့ထားရင်း သင်ခန်းစာတွေ ပုံသွားမှာတော့ သတိထားရမှာပေါ့😁)
(၉) လေ့လာသူတွေဟာ နေရာဒေသမရွေးက လူတွေနဲ့ ချိတ်ဆက်ဆွေးနွေးခွင့်တွေ ရရှိနိုင်တာကိုလည်း ချန်ထားလို့မရပါဘူး။ လေ့လာသူအချင်းချင်းကြား အတွေ့အကြုံ တွေ မျှဝေရင်း အတွေးအမြင်တွေ တိုးပွားစေမှာပါ။
(၁၀) အွန်လိုင်းသင်တန်းကောင်းဆိုရင် အချိန်နဲ့တပြေးညီ Up to Date ဖြစ်နေလေ့ရှိပါတယ်။ ဒါကြောင့် လေ့လာသူတွေအနေနဲ့ အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်တွေ ရရှိနေမှာဖြစ်ပါတယ်။
ဒါတွေကတော့ အွန်လိုင်းသင်တန်းတွေနဲ့ အွန်လိုင်းသင်တန်းတွေ တက်ရောက်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပါပဲ။ လူချင်းခပ်ခွာခွာနေရတဲ့ကာလမှာ ကိုယ့်အတွက် အကျိုးများစေတဲ့ အွန်လိုင်း သင်တန်းတွေ တက်ရောက်လေ့လာရင်း ကျန်းမာရွှင်လန်းကြပါစေလို့ မြေဖြူခဲတို့က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...။
(Ref from How to create an onlime course)
28/08/2020
17/06/2020
"Some Ideas for Successful Oral Presentation"
# # # # # # # # # # # # # # # # # # # # # # # # # # # # #
1) Try to know how much does the audience already know about your topic. Please don't bore them by going over familiar materials.
2) Use illustrative materials for your discussion.
3) Speak in a controlled and measured tone.
4) Use Notes. Notes not a written speech.
5) Be natural.
6) Try to look as if you are enjoying the experience. The more comfortable you are, the more responsive your audience will be.
7) Work at maintaining the eye contact with audience.
8) Practice your presentation beforehand. Practice including significant pauses between different parts of your speech.
9) Practice giving greater emphasis to some points. This can be done in a number of ways.
10) Enjoy the experience!
credit to Alison Course
Photo credit:
13/05/2020
"အွန်လိုင်းသင်တန်းအတွက် ပြင်ဆင်ခြင်း" .............. ................. ................. ............
အွန်လိုင်း သင်တန်းတွေမှာ ပါဝင်မယ့်သူတေွအတွက် ပြင်ဆင်ရမယ့် အချက်အလက်များကို ဝေမျှပါရစေခင်ဗျာ။ အပိုင်း (2) ပိုင်းခွဲဲပြီးပြောပေးပါ့မယ်။
အွန်လိုင်းသင်တန်းမှာလည်း အပြင်ကသင်တန်းတခုလိုပါပဲ။ ဦးဆောင်မယ့်သူနဲ့ ပါဝင်မ့ယ်သူရယ်လို့ ရှိတတ်ပါတယ်။ (စေ့စပ်ဆော်သြသူ သို့မဟုတ် ပံပိုးကူညီသူနဲ့ ပါဝင်ဆွေးနွေးသူလည်းဖြစ်နိင်ပါတယ်)။
ပထမဆုံးအနေနဲ့ နှစ်ဖက်လုံးက ကြိုတင်ပြင်ဆင်ရမယ့်အချက်များ ပြောပါရစေ...။
1) ပြင်ပလက်တွေ့သင်တန်းလို ခံစားပါ။
အွန်လိုင်းကသင်ရတာဖြစ်ပေမယ့် လက်တွေ့သင်တန်းလိုပဲ ခံစားပြင်ဆင်လိုက်ပါ။ ပိုပြီးစိတ်ပါဝင်စားမှုရှိလာစေအောင်ပါခင်ဗျာ။
2) လိုအပ်သည်များ ပြည့်စုံအောင်လုပ်ဆောင်ထားပါ။
ဖုန်း၊ နားကြပ်၊အားသွင်းကြိုး၊ မှတ်စုစာအုပ်အစရှိသဖြင့် စုံလင်အောင်ပြင်ဆင်ထားပါ။ အချိန်နည်းနည်းနဲ့သင်ရတာဖြစ်လို့ ကင်မရာပိတ်ပြီး ထသွားလို့ရပေမယ့် တခြားသူတွေလည်း ပါဝင်နေတော့ အခက်အခဲ မဖြစ်အောင်ပါ။ နောက်ပြီး ဖုန်း၊ ကွန်ပြူတာ တို့ကို ကြိုတင်အားသွင်းထားပါ။ ဖုန်းဘေလ်လည်းဖြည့်ထားပါ😁😁။
3)နေရာထိုင်ခင်း ပြင်ဆင်ပါ။
အဆင်ပြေဆုံးဖြစ်မယ့်နေရာကိုရွေးပါ။ ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်စေမယ့်နေရာလည်းဖြစ်၊ ပုံစံလည်းဖြစ်အောင် ပြင်ဆင်ထားတာပိုကောင်းပါတယ်။ ဖုန်းနဲ့ဆိုရင် လက်က ကိုင်ထားရင် ညောင်းမှာဖြစ်လို့ ဘယ်လိုထားလို့ရမလဲစဥ်းစားပြီးပြင်ဆင်ထားရင် သက်သာပါတယ်။ နောက်ပြီး ထိုင်မယ်ဆ်ုရင် ဘယ်လိုထိုင်တာကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်မလဲဆိုတာသာရွေးပါ။ (လိုင်းကောင်းမယ့်နေရာလည်းရွေးရသေးတာကတော့ ခြွင်းချက်😁)
4)အခြား အရင်းမြစ်(ဥပမာ ဗီဒီယို၊ ဓာတ်ပုံ၊ စာအုပ်) တွေသုံးပါ။
အချိန်အကြာကြီးယူရင် ငြီးငွေ့မှာဖြစ်လို့ အခြားစာအုပ်အစရှိတာတွေကို သုံးရမှာပါ။ ဖတ်လို့ရတဲ့စာအုပ်တွေ၊ ကြည့်လို့အဆင်ပြေမယ့် ဗီဒီယိုတွေ စသည်ဖြင့် ပို့ပေးနိုင်ပါတယ်။
5) အနားပေးပါ။ အနားယူပါ။
ဒါက ၂ ဦး ၂ဖက်ပြင်ဆင်လိုက်နာရမှာတွေပါ။
ကိုယ်ကဦးဆောင်မယ်ဆိုရင်တော့
> ကိုယ်နဲ့အတူပါဝင်မ့ယ်သူအရေအတွက်နဲ့ အနေအထားတွေ ကြိုတင်သိထားဖို့လိုပါတယ်။
သူတို့ရဲ့အနေအထားတွေကို နားလည်သိရှိထားခြင်းအားဖြင့် သင်တန်းအတွက်ပြင်ဆင်တဲ့အခါအထောက်အကူဖြစ်စေမှာပါ။
> သင်တန်းစည်းမျဥ်းစည်းကမ်းများ သို့မဟုတ် ဆောင်ရန်ရှောင်ရန်များ ချမှတ်ပါ။ ဥပမာ ကွန်နက်ရှင်ပြတ်တောက်သွားတာမျိုး၊ လိုင်းကျသွားတာမျ်ုး စသည်ဖြင့် ပြသနာတစုံတရာဖြစ်လာတဲ့အခါ ကင်မရာ ပိတ်ထားဖို့၊ စကားမပြောတဲ့သူက Mute လုပ်ထားဖို့စသည်ဖြင့် ကြိုတင်ချမှတ်ထားန်ုင်ပါတယ်။
> ကိုယ်နဲ့ပါဝင်မယ့်သူတွေ အဆင်ပြေဆုံးဖြစ်မယ့် မီဒီယာကို အသုံးပြုပါ။ မက်ဆင်ဂျာ၊ ဂူဂဲလ်ဟမ်းအောက် စသည်ဖြင့် အဆင်ပြေဆုံးကိုရွေးချယ်အသုံးပြုပေးပါ။
> စာကြောင်းတိုတို ဒါမှမဟုတ် စကားလုံးတိုတို နဲ့ ရှင်းရှင်းများကို အများဆုံးသုံးပေးပါ။
> ရွှင်လန်းတက်ကြွမယ့် လှုပ်ရှားမှုများကြိုတင်စဥ်းစားပြီး အသုံးပြုပေးပါ။ ဒီနေရာမှာ လှုပ်ရှားမှုဆိုတာ ပြေးလွှားဆော့ကစားရတာမျိုးတော့မဟုတ်ပါဘူး။ အနားပေးတဲ့သဘော၊ ရင်းနှီးပွင့်လင်းစေတဲ့သဘော သက်ရောက်တဲ့ ပြောဆိုကစားနည်းမျိုးတွေ အသုံးပြုန်ုင်ပါတယ်။ ဥပမာ ဟာသပြောတာမျိုး
> မိမိရဲ့ တာဝန်နှင့် လုပ်ဆောင်ရမည့်အချက်များကို သတိတရရှိနေစေပါ။
> အချိန်ကို အမြဲသတိပြုပါ။
> သင်တန်းမျှော်မှန်းချက်၊ ပန်းတိုင် ချမှတ်ထားပါ။ သင်တန်းပြီးတဲ့အခါ ဘာတွေပြောဖြစ်ကြမယ်၊ ဘာတွေလေ့လာဖြစ်ကြမယ်ဆိုတာမျိုးပါ။
> ပါဝင်ခွင့်ပေးပါ။ အပြန်အလှန် ဆွေးနွေးပါ။
ကိုယ်ကပဲ အကြာကြီးပြောနေရင် အပြင်မှာ လူချင်းတွေ့ပြီးလုပ်တဲ့သင်တန်းဆိုရင်တောင် ပျင်းစရာကောင်းပါတယ်။ အွန်လိုင်းကနေဆို ပိုပြီးငြီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့် အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ရန် သတိပြုပါ။
အရေးကြီးဆုံးကတော့
*** ပြင်ဆင်ပါ။
*** လေ့ကျင့်ပါ။
လို့ အကြံပြုပေးရစေ။ လိုအပ်တဲ့အချက်တွေ၊ ဒီထက်မက ပြီးပြည့်စုံတဲ့နည်းလမ်းတွေလည်းရှိနေမှာပါ။ လေ့လာမိသလောက် မျှဝေခြင်းသာဖြစ်ပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay