Linn Book Store

Linn Book Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn Book Store, ร้านหนังสือ, Mandalay.

26/05/2026

ကိုဘမောင်🤭

26/05/2026

#သော်တာမင်း
#ဂုဏ်ရှိန်ဝါ

25/05/2026

၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလမှာ ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ ဝတ္ထု။

ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ နွယ် ကဗျာလေးကို
အခြေခံပြီး ဖွဲ့သီခဲ့တဲ့ ဝတ္ထု။

မယ်သီတာလို မိန်းကလေး ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တဲ့ ရုပ်ရှင်ဝတ္ထု။

မောင်နန်းဝင်းရဲ့ နန်းမဟာသဘင်ကနေပြီးပြဇာတ်အဖြစ် စင်တင်ကပြခဲ့တဲ့ ပြဇာတ်ဝတ္ထု။

မကြာမီအချိန်အတွင်းကလည်းရုပ်သံဇာတ်လမ်းတွဲအဖြစ် တင်ဆက်ခဲ့တဲ့ ဝတ္ထု ။

💰၂၀၀၀၀ကျပ်၊ စာ၃၉၂

-ပို့ပေးရမယ်ဆို အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံလေးပို့ပေးပါနော်။
#တစ်ပင်တည်းရင်ထဲကနွယ် #နွမ်ဂျာသိုင်း

25/05/2026

Order Now!

လူ့အဖွဲ့အစည်းနဲ့ လူတွေသတ်မှတ်တဲ့ စည်းဘောင်ထဲက ဒါမှမဟုတ် စည်းတွေဘောင်တွေရဲ့ အပြင်ဘက်က ချစ်ခြင်းမေတ္တာအကြောင်းကို မေးခွန်းထုတ်စရာ၊ အငြင်းပွားဖွယ်ရာ ရှု့ထောင့်မျိုးစုံကနေ ရေးဖွဲ့ထားတဲ့ ဆရာခွန်းညိုသွေးရဲ့ သတ္တမမြောက် လုံးချင်းဝတ္ထု ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက အကြိုက်မတူ၊ ခံယူချက်မတူ ၊ ယုံကြည်ချက်မတူ၊ ရှင်သန်ကြီးပြင်းရာမှာ ပျိုးထောင်ခံရပုံချင်းမတူပေမဲ့ သိပ်ချစ်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးကို ဇာတ်အိမ်တည်ပြီး သူတို့ကြုံတွေ့ရတဲ့ လူအဖွဲ့အစည်းအကြောင်း၊ ချစ်ခြင်းမေတ္တာအကြောင်း ကို သေသပ်စွာ ရေးဖွဲ့ထားတဲ့ ပင်ကိုရေးဝတ္ထုတစ်အုပ် ဖြစ်ပါတယ်။ စာဖတ်သူတွေအတွက် တစိမ့်စိမ့်အတွေးတွေနဲ့ မေးခွန်းတွေ စိတ်မှာ ထင်ကျန်နေစေမယ့် ဝတ္ထုတစ်အုပ် ဖြစ်ပါတယ်။

✍️ခွန်းညိုသွေး
📒 အဖြူရောင်တွေ စွန်းပေတဲ့နာရီ (လုံးချင်းဝတ္ထု)
တန်ဖိုး-16000ကျပ်
စာမျက်နှာ - 197( creamy paper 60G)
ပထမအကြိမ် ဇွန်လ 2026

25/05/2026

💪

Photos from Linn Book Store's post 25/05/2026

ညီတော်အာနန္ဒာ၏
တစ်သက်တာမှတ်တမ်းစာအုပ်ကတော့

ဗုဒ္ဓဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့်တကွ သာဝကကြီး၊ သာဝကငယ် အသီးသီးတို့၏ အတ္ထုပ္ပတ္တိများ၊ သက်ဆိုင်သည့် အကြောင်းအခြင်းရာများကို ညီတော်အာနန္ဒာက တစ်ဆင့်ပြောပြသော ပုံစံဖြင့် ဤစာအုပ်ကို ရေးသားထားပါသည်။ ဤသို့ရေးသားရခြင်းမှာ ရတနာမြတ်သုံးပါးတို့ကို အနီးကပ်ဖူးမြင်၍ ကြည်ညိုနိုင်ကြရန် ဖြစ်ပါသည်။ ညီတော်အာနန္ဒာ၏ တစ်သက်မှတ်တမ်းဟု ဘောင်ခတ်ထားသည့်အတိုင်း ဤစာအုပ်တွင် ညီတော်အာနန္ဒာ၏ တစ်သက်တာအတွေ့အကြုံများ၊ ခံစားချက်များနှင့် ရှုမြင်သုံးသပ်ချက်များကို အဓိကထား၍ တင်ပြထားပါသည်။
စာရှုတို့အား တစ်ခု အသိပေးလိုပါသည်။ ဘုရားရှင်နှင့်တစ်ကွ သာဝကများ၏ ဖြစ်စဉ်များကို ဖော်ပြရာတွင် တရားသဘောများလည်း နေရာအနှံ့အပြားမှာ ပါဝင်နေကြပါသည်။ ဘုရားရှင်နှင့်တစ်ကွ သာဝကအသီးသီးတို့ ဟောကြားခဲ့၊ ဆွေးနွေးခဲ့သော တရားသဘောများကို အကွက်ဆိုက်လျှင် ဆိုက်သလို ထည့်သွင်း၍ ရေးသားခဲ့ပါသည်။ ထို့ကြောင့် တစ်သက်တာမှတ်တမ်းသည် တစ်နည်းအားဖြင့် ဓမ္မမှတ်တမ်းလည်း ဖြစ်နေသည်ကို တွေ့ကြရပါလိမ့်မည်။
စာရေးသူဘက်က တင်ပြရသော် ဤသို့ဖြစ်ရခြင်းမှာ သဘာဝကျသည်ဟု ဆိုရပါမည်။ ဤကမ္ဘာမြေပြင်၌ ဘုရားတစ်ဆု ပွင့်တော်မူခြင်းဟူသည်မှာ တရားသဘောများကို ဆရာမကူသယမ္ဘူဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းပင် ဖြစ်ပါသည်။ ထို့နောက် လေးဆယ့်ငါးဝါတိုင်တိုင် သာသနာတော် ပြုတော်မူခဲ့ခြင်းမှာလည်း မိမိကိုယ်တိုင် သိမြင်ထားသော တရားသဘောတို့ကို ဆင့်ကူးဆင့်ကမ်း ဉာဏ်လက်လှမ်း၍ ပေးတော်မူခြင်းသာ ဖြစ်ပါသည်။ အရှင်မဟာ သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ စသော သာဝကကြီးများသည် လှမ်းသင့်သော ထိုလက်တော်ကို မိမိရရကိုင်စွဲကာ ဘုရားရှင်နှင့်အတူတကွ ခေမာသောင်တစ်ဖက်ကမ်းသို့ တက်လှမ်းတော်မူခဲ့ကြပါသည်။

ဤသို့အားဖြင့် ဗုဒ္ဓသည် ဓမ္မနှင့် ဆက်စပ်နေပါသည်။ ထို့အတူပင် သံဃာသည်လည်း ဓမ္မနှင့် မကင်းကွာပါ၊ ဓမ္မနှင့် မကင်းကွာသော သံဃာသည် ဗုဒ္ဓနှင့်လည်း အကြောင်းဆက်လျက်သာရှိပါသည်။ အမှန်အားဖြင့် ဗုဒ္ဓ၊ ဓမ္မ နှင့် သံဃာတို့သည် အတူတကွ တွဲဖက်သီကုံးထားသည့် ရတနာပုလဲလုံးများသာ ဖြစ်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၊ သံဃာတို့၏ ဖြစ်ရပ်ဇာတ်လမ်းများနှင့်အတူ တရားသဘောများ ပါဝင်နေခြင်းဖြစ်ပါသည်။

ဝဏ္ဏသီရိ ရေးသားသော ညီတော်အာနန္ဒာတစ်သက်တာမှတ်တမ်း

Collection Set လိုက်မှာယူလို့ရသလို မိမိနှစ်သက်ရာ တအုပ်ချင်းစီကို ခွဲမှာယူလို့လည်းရပါတယ်ရှင်။

#ညီတော်အာနန္ဒာတစ်သက်တာမှတ်တမ်း
#ပထမတွဲ 30000ကျပ်
#ဒုတိယတွဲ 30000ကျပ်

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay