Precise Myanmar

Precise Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Precise Myanmar, Information Technology Company, ၆၆လမ်း နှင့် လမ်း၃၀ ကြား, Mandalay.

27/12/2020

🥳 Speed Up Linux Knowledge Program လေး လုပ်ပါမယ်။ New Year ကို ကြိုတဲ့ အစီအစဉ်အနေနဲ့ပါ။ 28-12-2020 က စပီး လေးရက်၊ ( ၇ ) နာရီစာပါ။ Linux အခြေခံ သိသင့်တာတွေပါမယ်။
🥳 သင်ကြားချင်တဲ့သူက Comment ရေးခဲ့ပါ။
🥳 Free မဟုတ်ပါ။

😱တစ်နာရီ တစ်ထောင်ကျပ်နဲ့ ( ၇ ) ထောင်ကျပ်ပါ။

🥳 Basic တွေကို အတတ်နိုင်ဆုံး စုံအောင် သင်မှာမို့ တကယ်လိုက်လုပ်နိုင်မယ့် သူဆို ပိုကောင်းပါတယ်။ Basic Computer knowledge ရှိရင် အဆင်ပြေပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေ၊ Linux ကို စိတ်ဝင်စားလို့ စချင်သူတွေ၊ hacking/pentest စလုပ်ဖို့ လေ့လာနေကြတဲ့လူတွေ၊ network ပိုင်း စလေ့လာမယ့်လူတွေ၊ Web Developer လုပ်မယ့်လူတွေ သင့်လျော်ပါတယ်။

သင်တန်းချိန်
👉 28-12-2020 => 7pm to 9pm ( 2 hr )
👉 29-12-2020 => 7pm to 9pm ( 2 hr )
👉 30-12-2020 => 7pm to 9pm ( 2 hr )
👉 31-12-2020 => 7pm to 8pm ( 1 hr )
👉👉👉 Happy New Year Gift - Server Course for Random 3 students 👈👈👈


Zoom meeting နဲ့ Live သင်မှာဖြစ်ပါတယ်။ တခါထဲ လိုက်လေ့ကျင့်ဖို့က computer ရှိသင့်ပါတယ်။ ဖုန်းနဲ့ပဲ လိုက်ကြည့်ချင်တယ်ဆိုရင်လည်း သဘောပါ။

ကျွန်တော်တို့ဆီက Linux Course ဝယ်ထားပြီးသားလူတွေ Free Join ပါ။

🤩 သင်တန်းသားတွေထဲက သုံးယောက်ကို Server Course ကို ဖရီး မဲဖောက်ပေးပါမယ်🤩

=> ငွေပေးချေရန်
kpay – 09797794350
wavepay – 09266182585
Cb – 0121 6001 0001 2343
AYA mobile banking – 0033201010109905

20/12/2020

Cutting Edge နဲ့ Bleeding Edge

အဲ့စကားလုံးလေးကို အတော်များများမှာ တွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ နှစ်ခုဘာကွာလဲ။

cutting edge ကို leading edge လို့လည်း ခေါ်တယ် ပညာရပ်တစ်ခုဟာ အရမ်းမြင့်ပီး ရှေ့တန်းရောက်နေတဲ့ဟာမျိုးကို cutting edge ( leading edge ) technology လို့ သုံးကြတယ်။

Bleeding Edge ကျတော့ cutting edge လို ရှေ့တန်းရောက်တာကို ညွှန်းဆိုလိုတာပါပဲ။ ဒါပေမယ့် ဘာကွာလဲဆို testing လုပ်တုန်း အဆင့်မှာ ရှိသေးတဲ့ဟာမျိုးကို ဆိုလိုတာ။ bleeding edge အဖြစ်ရှိနေသေးတဲ့ ကောင်ကို သုံးမယ်ဆို သူ့ အဓိပ္ပာယ်လိုပဲ သွေးထွက်သံယို ( လုပ်ရင် ပြဿနာ၊ အခက်အခဲ ) တွေ ရှိနိုင်သေးတယ်လို့ ဆိုလိုတယ်ပေါ့။

ဆိုတော့ အကြမ်းဖျင်းမှတ်ရင် cutting edge က stable ကျပီးသား ရှေ့တန်းရောက် နည်းပညာ၊ bleeding edge က testing လုပ်ဆဲ ရှေ့တန်းရောက် နည်းပညာလို့ ယူဆလို့ရနိုင်တယ်။

Linux နဲ့ ပတ်သက်ပီး တွေ့မိတာလေးရှိတယ်။ openSUSE Linux မှာဆို version နှစ်မျိုးရှိတတ်တယ်၊ openSUSE Tumbleweed နဲ့ openSUSE Leap၊ သူတို့ နှစ်ခုမှာ Tumbleweed ကို rolling release လို့ သုံးတယ်၊ Bleeding Edge နဲ့ ဆင်တယ်လို့ ထင်တာပဲ။ အသစ်တွေများကြီးသုံးရမယ် နောက်ဆုံး update တွေကြည့်ရမယ်၊ အဲ့ထဲက တချို့ဟာတွေက သုံးတဲ့သူတိုင်း၊ device တိုင်းအတွက် အဆင်ပြေချင်မှတော့ ပြေမယ်၊ stable ြဖစ်တာကို သုံးတာမဟုတ်ဘူး အသစ်မှန်သမျှကို သုံးတာ။ openSUSE Leap ကတော့ stable version ပေါ့။ cutting edge နဲ့ နည်းနည်းဆင်တယ်။ တိုက်ရိုက်တော့ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့။

Linux vs Window 24/10/2020

Linux vs Window Linux နဲ့ Window အကြမ်းဖျင်း ကွာခြားချက်လေးတွေကို ပြောပြထားပါတယ်

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address

၆၆လမ်း နှင့် လမ်း၃၀ ကြား
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00