Mindfulness.

Mindfulness.

Share

အမှန်တွေးနိုင်ပြီး လက်တွေ့ကျင့်သုံးနိုင်ကြပါစေ 🙏🙏🙏

03/01/2026

-ခင်ပွန်းကြီး ဆယ်ပါး ကန်တော့တာကို အရင်က

ခပ်ပေါ့ပေါ့ပဲ ထင်ခဲ့တာ...

မဖြစ်မနေ ကန်တော့တဲ့ အခါ ကြရင်လည်းစိတ်ထဲ

သိပ်မလေးအနက်မထားမိ။

-ဘုန်းဘုန်းကြီး အရှင် ပညာ စက္က ပြောပြမှ

သေချာ ဝန်ချ တောင်းပန်ဖို့ လိုအပ်တာ သိရပါတယ်။

ကန်တော့တဲ့ အခါ ဆိုရင်လည်း

"ပစ်မှားမိခဲ့သည် ရှိသော် လို့ ''မဆိုရဘူးတဲ့။

သံသရာ မှာ ပစ်မှားတာကတော့ ရှိမှာပဲ တဲ့။

အဲ့ဒါကြောင့်

"ပစ်မှား မိခဲ့သည် များကို'' လို့ ဆိုရပါ့မယ်တဲ့။

-ဒီဘဝ မှာ တောင် စိတ်နဲ့ ပစ်မှား မိတာတွေက

အများကြီးရယ်။

သံသရာ နဲ့ ချီရင်တော့ အများကြီးပဲပေါ့။

-အခု ရက်ပိုင်း ကိုယ့်စိတ် ကို သတိထားမိလေ

ပစ်မှားခဲ့ မိတာတွေ သတိထားမိလေမို့

ခင်ပွန်းကြီး ဆယ်ပါးကို သေချာလေး တောင်းပန်

ဝန်ချ ကန်တော့ဖြစ်နေပါတယ်။

-ဘုန်းဘုန်းကြီး ပြောတဲ့နည်း နဲ့ ကန်တော့ဖို့ကိုယ့်မှာ ရှိတဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း ၃ မျိုးကို စုပေါင်းပြီး ဖတ်ရတာ အဆင်ပြေအောင် ရေးပေးထားပါတယ်။

ခင်ပွန်းကြီး၁၀ပါးအား ဝန်ချတောင်းပန်ခြင်း

*********************************️

ဗုဒ္ဓါ ပ​စ္စေကဗုဒ္ဓါစ၊ အရဟာ အဂ္ဂ သာဝကာ၊

မာတာပိတု ဂုရုသတ္တာ၊ ဓမ္မ​ဒေသကာစ ဒါယကာ။

က္က​(အိ)မေ ​တေစ မဟာဂု​ဏော၊ အဟံဝန္တာမိ သဗ္ဗဒါ

မြတ်စွာ ဘုရား🙏

ဘုရားတပည့်တော် တို့သည် သံသရာ အဆက်ဆက်မှ စ၍ ယခုချိန်ထိ၊

( ၁ ) ဘုရား

**********

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးတို့ အပေါ်၌ လည်းကောင်း၊

( ၂ ) ပစ္စေကဗုဒ္ဓါ

**************

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင် ကိုယ်တော်မြတ် ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၃ ) အဂ္ဂသာဝကရဟန္တာများ

**********************

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၄) ရဟန္တာ

**********

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၅ ) မိခင်

*********

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော

မိခင်တို့ အပေါ်၌သော် လည်းကောင်း၊

ယခု ပစ္စုပ္ပါန် ဘဝ၌ မိခင်ကြီး (ဒေါ်....) အပေါ်၌ သော်လည်းကောင်း၊

( ၆ ) ဖခင်

*********

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော

ဖခင်တို့ အပေါ်၌သော် လည်းကောင်း၊

ယခု ပစ္စုပ္ပါန် ဘဝ၌ ဖခင်ကြီး (ဦး....) အပေါ်၌ သော်လည်းကောင်း၊

( ၇ ) ဆရာ

*********

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော

လိမ်မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော

ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊

( ၈ ) အလေးအမြတ်ထားအပ်သော ပုဂ္ဂိုလ်

*******************************

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူး ဖြည့်ကျင့် လျက်ရှိကြ ကုန်သော, လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ် တို့၏ အပေါ်၌ လည်းကောင်း၊

( ၉ ) တရားဟောပြသောပုဂ္ဂိုလ်

*************************

ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော တရား ဓမ္မ တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊

( ၁၀ ) ကျွေးမွေးစောင့်ရှောက်သောပုဂ္ဂိုလ်

********************************

မိမိ ဒုက္ခ ကြုံတွေ့နေစဉ် ကာလ၌ ကျွေးမွေး၊ ပေးကမ်း၊ ချီးမြှင့်၊ ထောက်ပံ့ ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌ လည်းကောင်း၊

မိုက်မဲသည့်အလျှောက်၊

တွေဝေမိသည့် အလျှောက်၊

မသိသည့် အလျှောက်၊

ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပစ်မှား ကျူးလွန်

မိခဲ့သည့် များကို သည်းခံ ခွင့်လွှတ် ပေးပါရန် ...

ဘုရားတပည့်တော်တို့မှ

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

အရှင်ဘုရား။

မြတ်စွာ ဘုရား🙏

ဘုရားတပည့်တော် တို့ သည် သံသရာ အဆက်ဆက်မှ

စ၍ ယခု ချိန်ထိ၊

၃၁ ဘုံတွင် ကျင်လည်ကြ ကုန်သော, ဝေနေယျ၊

သုခိတာ၊ ဒုက္ခိတ၊ သတ္တဝါ အပေါင်းတို့ အပေါ်တွင်

ကာယကံ ဝစီကံ မနောကံ တို့ဖြင့်

ပစ်မှား ကျူးလွန် ခဲ့သည် များကို

သည်းခံ ခွင့်လွှတ် ပေးပါရန် အကျွန်ုပ်တို့မှ

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

-အကျွန်ုပ်ပေါ်တွင် လည်း အသင်တို့မှ ပြစ်မှား မိခဲ့သော

အ​ပြစ် များကို သည်းခံပါတယ်၊ ခွင့်လွှတ်ပါတယ်၊

ကျေအေး ပါတယ်။

ဤသို့🙏 ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ရသော ကောင်းမှု့ကံ စေတနာ တို့ကြောင့် ...

-အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်း မှ ကင်းဝေးပြီးလျှင် မြတ်စွာ ဘုရားရှင် ဟောကြား တော်မူသော၊ သစ္စာလေးပါး မြတ်တရား ကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန် သို့ ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင် ဘုရား။

-လောကီ မဂ်လာ အဖြာဖြာ တို့သည် လည်း စိတ်ကြံတိုင်း၊ တောင့်တ တိုင်း၊ လွယ်ကူ လျင်မြန်စွာ ပြည့်စုံ ၍ နှလုံး စိတ်ဝမ်း အေးချမ်း ရပါစေသား အရှင်ဘုရား။ ✨️✨️

ဆရာတော် အရှင် ပညာစက္က

မူရင်းရေးသားသူအားလေးစားစွာဖြင့်🌿

27/11/2025

#ပစ္စုပ္ပန်ကို_အားကိုးပါ

အတိတ်က ဟာကွက်တွေရှိနေရင်
ပစ္စုပ္ပန်မှာ ဖာထေးပေးလို့ရတယ်။

အတိတ်က လိုအပ်တာတွေရှိရင်
ပစ္စုပ္ပန်မှာ ပြန်ဖြည့်ပေးလို့ရမယ်။

အတိတ်က အားမလိုအားမရတာတွေရှိရင်
ပစ္စုပ္ပန်မှာ အကုန်လုံးပြုပြင်ပြီးတော့
ဖြည့်ပေးပါလိမ့်မယ်။

ပစ္စုပ္ပန်မှာ ကောင်းတာတွေလုပ်နိုင်ရင်
အနာဂါတ်မှာ ကောင်းလိမ့်မယ်။

ပစ္စုပ္ပန်က အနာဂတ်ကို အားလုံးတာဝန်ယူပေးလိမ့်မယ်
အဲသလောက်ထိ ပစ္စုပ္ပန်ကို အားကိုးရပါတယ်... ။

(တိပိဋကဓရယောဆရာတော်ကြီး)

27/11/2025

ဗုဒ္ဓမြတ်စွာဘုရားအား ဆွမ်းတော်ကပ်လှူ ပူဇော်ပါသည်။ ကုသိုလ်အမျှထပ်တူရကြပါစေ။

27.11.2025 🙏🙏🙏

27/10/2025

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ " ရေသောက်နည်း "
မြေတို့မည်သည် ရေနှင့် မကင်းရပါ။
ကိုယ်မှာလည်းပဲ မြေဓာတ်တို့ကို
အမာခံထားပြီး တည်ဆောက်ထားတာ
ဖြစ်လေ တော့ ရေကိုများများသောက်ပေးပါ။
ရေကို သောက်သုံးလေ သောအခါ ...
ပထမ တစ်ကျိုက်သောက်
('ဗုဒ္ဓဂုဏော အန န္တော' စိတ်ကပွား။
'အရဟံ'ဂုဏ်ကို အာရုံထုံထားပေးပါ)

ဒုတိယ တစ်ကျိုက်သောက်
('ဓမ္မဂုဏော အန န္တော' စိတ်ကပွား။
'သွက္ခာတော'ဂုဏ်ကို အာရုံထုံထားပေးပါ။)

တတိယ တစ်ကျိုက်သောက်
('သံဃဂုဏော အန န္တော' စိတ်ကပွား။
'သုပ္ပရိပ္ပန္ဓ'ဂုဏ်ကို အာရုံထုံထားပေးပါ။)

ရှေ့ဆုံးမှ တင် ထား သော
ဂုဏ်တော်မှန်သမျှ အထွဋ်ဆုံးအမြတ်ဆုံး မို့လို့ တင် ထား ခြင်းပါ။
စတုတ္ထ တစ်ကျိုက်သောက်
('မာတာပိတုဂုဏော အန န္တော'
မိဘနှစ်ပါး ကွယ်လွန်သွားပြီးသော်မှ၎င်းတို့မျက်နှာကို မြင်အောင်ကြည့်ပြီးသောက်ပါ။)

ပဉ္စမ တစ်ကျိုက်သောက် ...
('အာစရိယဂုဏော အန န္တော'
မိမိအား အကျိုးများစေ သောဆရာသမား ကွယ်လွန်သော်မှသူ့မျက်နှာမြင်အောင် ကြည့်သောက်ပါ။)
ထိုနည်းအတိုင်း
တစ်နေ့ တစ်နေ့ ရေကိုဝင် သ လောက်သောက်
ဆန့်သ လောက် သုံးပါ။
ရေကို သောက်သဖြင့် ဒုက္ခ မ ရောက်ပါ။
ရေများများသောက်လျှင်
ကျင် ငယ်များများ သွားရ၏။
အသွားမပျင်းနှင့်။
ထိုကျင် ငယ် ရေ နောက်သို့
သင့်ခန္ဓာတွင်းရှိ အပူဓာတ်များလည်းလိုက်ပါရကား
ခန္ဓာဘုံအပူကုန်စေလိမ့်မည်။
ရေများများသောက်လျှင်
ဝမ်းသွားလာရ၏။
များ သ လောက် ဝမ်းပျော့ပြောင်းခြင်း
အချိန်စောစီးစွာ ထုတ်ပေးရခြင်းများပြုလုပ်ပေးရ၏။
အပူစဲသဖြင့် အ အေး ဓာတ်ကဲလာခြင်း၏ သ င်္ကေတ ပေကလား။
ထိုအခါ သင့်ခန္ဓာကိုယ် ရှိ
သင့်အသား သင့် အ ရေ များကိုကိုင်ကြည့်
အချိန် မ ရွေး အေးမြ နေသည်ကို တွေ့ရ ပေလိမ့်မည်။
ဤကား အ တွေ့ ရေက
အ တွေ့မြေကို လက်တွေ့ကုစားပြခြင်းတည်း။
တစ်ဖန်
ထို ရေ သောက် နည်းကို
ကြာကြာသောက်လာသော်
ရေ သောက် ရာ ၌
ကုသိုလ်စိတ်သက်သက်ချည်း
တည်ချေပြီ။
ငြိမ်သောစိတ် ငြိမ်းသောစိတ်ချည်း
နားသက်၍ နေ ချေ ပြီ။
အနန္တ တန်ခိုးရှင် ငါးဦးတို့၏
မေတ္တာဓာတ် ရည်ကား
ငါ့စိတ်ကို အေးမြ စေ၏။
မြေမှထွက်၍ မြေသို့ပြန်လည်
သက်ကျလာသော
ပကတိဓာတ် ရည်ကား
ငါ့ကိုယ်ကို အေးမြ စေ၏။
မဟာဗောဓိမြိုင် ဆရာတော်ကြီး ကိုယ်တော်တိုင်ရေးသားပြုစုသော ဘဝကန္တာရ သင်္ကေတ ကထာမှမျှဝေပါသည်။
#မူရင်းကိုလေးစားစွာဖြင့်crdပေးပါတယ်ရှင့်

🙏🙏🙏🙏🙏

Want your public figure to be the top-listed Public Figure in Mandale?
Click here to claim your Sponsored Listing.

Category

Website

Address

Mandale
05031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 19:00
Sunday 09:00 - 17:00