Saytanar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saytanar, Health/Beauty, အေးသီရိလမ်း လမ်းသွယ် ၁၆ ကုန်းတန်း ပုသိမ်ႀကီး, Mandale.
03/09/2025
သင်္ဘောသီး အစိမ်း စားခြင်း ကောင်းကျိုးများ ဖတ်ချိန်တမိနစ်
++++++++++
ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး သင်္ဘော သီးအစိမ်းမှာပါဝင်တဲ့ သကြားနဲ့ တူတဲ့ဒြပ်တစ်ခုကလည်း အစာ ကောင်းစွာချေဖျက်နိုင်ဖို့ထောက်ကူပေးပါတယ်။ သင်္ဘောသီးစိမ်းဟာ အဆစ် အမြစ်ရောင်ရမ်းကို=က်ခဲခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ပန်းနာရောဂါတွေကို သက်သာစေတဲ့အပြင် အူမအတွင်းက က*င်ဆာဖြစ်စေတဲ့ အဆိ^ပ်အတောက်တွေကို ဝမ်းသွားစေခြင်းဖြင့် စွန့်ထုတ်စေပါတယ်။
သင်္ဘောသီးဟာ အစာချေ ဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေ: တစ်မျိုးလည်းဖြစ်တာကြောင့် ပုံမှန်စား ပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်း ရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးအစိမ်းကို ဖျော်ရည် လုပ်သောက်မယ်ဆိုရင် ဓမ္မတာ ထိမ်ခြင်းကို သက်သာစေပြီး ပုံမှန်ဖြစ်စေပါတယ်။ ဒါ့အပြင် အရေပြားဆိုင်ရာ ရောဂါတွေနဲ့ ဝက်ခြံ၊ မျက်နှာပေါ်မှာ အနီအဖုအပိန့် ထတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။
အနာဖြစ်ရင်လည်း သင်္ဘော သီးစိမ်းနဲ့ ကပ်ပေးရင် ဖူးရောင်တာတွေ၊ ပြည်တည်တာတွေ မဖြစ်စေဘူးလို့ ဆိုပါတယ်။ သင်္ဘောသီးစိမ်းကို အနှစ်လုပ်ပြီး မျက်နှာမှာ သုတ်လိမ်းပေးရင်လည်း အညိုစက်တွေ၊အမည်းကွက်တွေကို ပျောက်ကင်းစေပြီး အသားအရေပုံမှန်ပြန်ဖြစ်စေပါ တယ်။ နောက်ပြီး သင်္ဘောသီးစိမ်းကို ပျားရည်နဲ့ဖျော်စပ်ပြီး သောက်သုံးပေးရင် အာသီးရောင်တာ၊ ဆုံဆို့နာနဲ့ တခြားလည်ချောင်းဆိုင်ရာရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
ဆငတတတသသဆကတနငနသတသတသတသမသနသသနနသနသသန
တစ်ခု သတိထားရမှာက သင်္ဘောသီးအစိမ်းမှာပါတဲ့ ဓာတ်တစ်မျိုးက ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေတာကြောင့် မိခင်လောင်းတွေ ရှောင်ရမှာပါ။ ဒါပေမဲ့ သင်္ဘောသီးမှည့်သွားရင် အန္တရာယ်ရှိစေတဲ့ ဓာတ်ကလျော့ပါးသွားပြီး ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေစား ပေးသင့်ပါတယ်။
နောက်တစ်ချက်က သွေ:ကြောကျဉ်းရောဂါ ရှိသူတွေနဲ့ ကြက်ပေါင်စေး၊ ရော်ဘာစေးလိုမျိုးနဲ့ ဓာတ်မတည့်သူတွေ သင်္ဘောသီးစိမ်း မစားသင့်ပါဘူး။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
23/08/2025
🥑 မျက်နှာမှာရှိတဲ့ ဝက်ခြံအဆီအဖုတွေ ပျောက်စေမယ့်ကိုယ်တိုင်သုံးနေတဲ့ ထောပတ်စေ့ ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်နော်။မနေ့ က ကိုယ့်အကိုတစ်ယောက်နဲ့ video callပြောရင်း ဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့…..
▶ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ။ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ။
▶ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bellaပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း၂ကြိမ်ရယ်ပါ။
▶ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာအဆင်ပြေလို့ပါ။ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ် ။
▶သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်း ညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ် ။
▶လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်။အဲဒီအစေ့ကို မလွင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်ပြီးရင်သူ့ကိုနေလှမ်းထားလိုက်ပါ ။
▶၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ ။ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။
▶၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရမယ်ထင်တယ်။တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင် တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ။သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်။
▶ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။ယုံမလားတော့မသိဘူး ။အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတလေအဆီဖုလေးတွေ ထွက်တတ်ပါတယ်။ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး။
▶ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီး ခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ။
▶အသိအမတယောက်ကို သူ့မျက်နှာမှာ တင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ်။အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်။
▶ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ်။နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေ ဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ်။
▶တခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး ဘာside effectမှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင်ထောပတ်စေ့လေးကို စမ်းလိမ်း ကြည့်ပါလို့အကြံပြုပါရစေနော်။
Credit original writter
RoyalA အာရုံကြော ဆေး
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Mandale
05071