VANN

VANN

Share

Today bible

11/02/2026
24/11/2025

နေ့စဉ်ခွန်အား

27/09/2025

ရှင်မဿဲ 6:34 JBMLE
[34] ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏
Viral Viewer VANN

27/09/2025

အခုဟာက

သိုးတွေ မပျောက်ဘူး..

သိုးထိန်းတွေ ပျောက်နေတာ..။

တခုခုဆို သိုးတွေကပဲ သိုးထိန်းကို ပြန်ရှာနေရတယ်။

စိမ်းလန်းတဲ့ စားကျက်ဆိုရင် သိုးတွေကို မတွေ့ရဘူး..

ကြည့်လိုက်ရင် သိုးထိန်းတွေချည်းပဲ..

သာယာမြစ်နားမှာ ဆိုလည်း သူတို့နဲ့ချည်း ပြည့်နေတာပဲ..

သေမင်းအရိပ်ဆိုရင်တော့ သူတို့ကို မတွေ့ရတော့ဘူး..

သိုးတွေ ခင်ဗျာ ယောင်ချာချာနဲ့.. သိုးတွေက

သိုးထိန်းတွေကို စိတ်ရှည်ရှည်နဲ့ ပြန်ရှာနေရတယ်..။

အငှါးတွေဆိုတော့လည်း သိုး ရှိရာထက်

အကျိုးရှိရာကိုပဲ ရှာကြတာ မထူးဆန်းပါဘူးလေ..။

သိုးထိန်းစစ်တွေကတော့ အကျိုးနည်းလည်း

သိုးတွေနဲ့ပါပဲ..။

သိုးထက် အကျိုးကိုသာ ရှာသော အငှါးသိုးထိန်းများကိုတော့ ဘာကြီးဖြစ်နေနေ အထင်ကြီးလို့ မရပါ။

အကျိုးထက် သိုးကို ချစ်တတ်သော သိုးထိန်းစစ်များကိုတော့ မလေးစားဘဲ မနေနိုင်ပါ။

အကျိုးရှာသော သိုးထိန်းထက်

သိုးကို ရှာသော သိုးတို့အကျိုးကို ရှာတတ်သော

သိုးထိန်းစစ်များကို ပိုင်ဆိုင်ကြပါစေ။

နာမတော်မြတ်၌

#ရဲကျော်သူ

27/09/2025

Want your public figure to be the top-listed Public Figure in Matupi?
Click here to claim your Sponsored Listing.

Website

Address

MATUPI
Matupi