PRIDE Of Kennel Pyinoolwin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PRIDE Of Kennel Pyinoolwin, Pet breeder, Maymyo.
14/07/2023
💥ဘယ်နေရာကဝယ်ရင် စိတ်ချရမလဲ ?
🤷ကားဝယ်တဲ့ ရင် Show Room ကြီးတွေက ဝယ်မှ စိတ်ချရတယ်ဆိုလို့ ယုံကြည်ပြီး
Show Room က ဝယ်လိုက်ကာမှ
ဂျင်းထည့်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေ ကြားဖူးကြမှာပါ။
🤷Authorized Distributor Company က ဝယ်ဝာာတောင် ပြောတဲ့အတိုင်း တာဝန်မယူတာတွေ
ဝန်ဆောင်မှုမကောင်းတာတွေ ကြားဖူးကြုံဖူးကြမှာပါ။
🤷ဒီလိုပါပဲ ခွေးဝယ်တဲ့ အခါမှာလည်း
KENNEL တွေက ဝယ်တိုင်းလည်း
စိတ်ချရတယ်လို့ မဆိုနိုင်ပါ။
🤷တာဝန်ယူမှု/တာဝန်ခံမှု ရှိဖို့လိုပါတယ်။
ဆိုင်ရာအတတ်ပညာ ဝမ်းစာမပြည့်ဘဲ
ဝါသနာပါပြီး ငွေချမ်းသာလို့
KENNEL ထောင်ထားတာမျိုးလည်း ရှိနိုင်ပါတယ်။
🤷မြန်မာပြည်မှာမှ မဟုတ်ဘူးနိုင်ငံတကာမှာလည်း ဒီတိုင်းပါပဲ။ အာရပ်သူဌေးတွေဆို ဥရောပမှာ KENNEL တွေ လုပ်ထားတာမှ အများကြီးပဲ "ပေါကျလို့"။
ကိုယ်နဲ့အနီးဆုံး ယိုးဒယားမှာလည်း ဒီတိုင်းပါပဲ။
🤷အဲ့ဒါကြောင့် KENNEL တွေကဝယ်မှစိတ်ချရတယ် နိုင်ငံခြားကဝယ်မှ ကောင်းတယ်ဆိုတာ
ယေဘုယျသာမှန်ပြီး အလုံးစုံမမှန်ကန်ပါဘူး။
🤷တာဝန်ယူမှု/တာဝန်ခံမှု အပြည့်နဲ့
ဝါသနာရော စေတနာပါထားပြီး အခြေအနေအရ
တစ်ပိုင်တစ်နိုင် လုပ်နေတဲ့သူတွေလည်း ရှိနေပါတယ်။
🤷ဒါကြောင့် ဘယ်လိုနေရာက ဝယ်ရင် စိတ်ချရလဲဆိုရင်
⚠️KENNEL ကြီးတာ/ဆိုင်ကြီးတာက အဓိက မကျဘဲ ကြော်ငြာကောင်းလို့ အပြောကောင်းလို့
ဆယ်လီတွေကြောင့် နာမည်ကြီးတာ မဟုတ်တဲ့
တကယ်ဝယ်ယူမွေးမြူထားသူ တွေရဲ့
Feedback အမှန်အကန်ကြောင့်
Image ကောင်း၊ Review ကောင်းတဲ့နေရာ
အတတ်ပညာရှိပြီး စေတနာပါထားတဲ့နေရာ
ပြောရင်ပြောတဲ့အတိုင်းတာဝန်ယူမှု/တာဝန်ခံမှု ရှိတဲ့ နေရာက ဝယ်ယူမှသာလျင် စိတ်ချရပါမယ် ခဗျာ 👌
22/05/2022
💥KENNEL တည်ထောင်ပြီး KENNEL ပိုင်ရှင်ကြီးဖြစ်ဖို့
ဘာတွေရှိဖို့လိုအပ်ပါသလဲ ?
KENNEL တည်ထောင်ပြီး
KENNEL ပိုင်ရှင်ကြီးဖြစ်ဖို့ဆိုရင်
သင့်မှာ ဝတ်ကျွေးကြီးကြီးမားမားရှိဖို့ပဲလိုပါတယ်။
ဝတ်ကျွေးကြီးကြီးမားမားမရှိဘဲ
KENNEL ပိုင်ရှင်ကြီး မဖြစ်နိုင်ပါဘူးလေ 😂
Click here to claim your Sponsored Listing.