Chindwin Power

Chindwin Power

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chindwin Power, Engineering service, Monywa.

Photos from Chindwin Power's post 21/10/2025

🔦 ဆိုလာခေတ်မှာ တခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 7 )

❤ SPD သဘောသဘာဝနဲ့ Nameplateပေါ်က စဥ်းစားစရာလေးတွေ ပြောပြီးပြီဆိုတော့ တပ်ဆင်ရာတွင် သိရှိထားသင့်တဲ့ စည်းမျဥ်းသတ်မှတ်များ အကြောင်း

🚩 (1) 10M Rule (10မီတာ သတ်မှတ်ချက်)

Input DC SPDကို Inverterနှင့် တတ်နိုင်သမျှနီးအောင် တပ်ဆင်ရမယ်။

📌 ဆိုလာပြား PV arrayနှင့် Inverter ကြား 10M ကျော် ကွာဝေးရင် PV array အနီးမှာ SPDတစ်ခု Inverterအနီးမှာ SPDတစ်ခု PV inputအတွက် (2)ခု တပ်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။

📌 Output AC SPDကို Main DB အနီးမှာ တပ်ဆင်ရမယ်။

📌 Inverter နှင့် Main DB ကြား 10M ကျော်ဝေးရင် Inverter Outputမှာ SPDတစ်ခု Main DBမှာ SPD တစ်ခု AC outputအတွက် (2)ခု တပ်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။

❤ မှတ်ချက်❤

💛 Main DB နှစ်ခုကြား (Seperation distance) အနည်းဆုံး (2)မီတာ ကွာဝေးရမယ်လို့ ပြဌာန်းချက်လည်း ရှိတဲ့အတွက် Inverter output AC DB နှင့် Main DB နီးကပ်လွန်းစွာ တပ်ဆင်ခြင်းလည်း ရှောင်သင့်ပါတယ်။

💛 ကာကွယ်ရေးစနစ်ဦးစားပေး နည်းပညာကောင်း​သော Inverterများတွင် (Build in SPD) SPD ထည့်သွင်းတပ်ဆင်ထားပါသည်။

💛 အိမ်သုံးဆိုလာInverterအတွက် SPD အရေတွက်များစွာ တပ်ဆင်မူ ကုန်ကျစရိတ်နှင့် ကာကွယ်ရမည့်ပစ္စည်းတန်ဖိုးတို့အား ထည့်သွင်းစဥ်းစားရမည်သာ

ယုံကြည်စိတ်ချရမူဖြင့်

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

Photos from Chindwin Power's post 19/10/2025

ဆိုလာခေတ်မှာ တစ်ခေတ်ဆန်းလာတဲ့ SPDအကြောင်း တီးခေါက်ခြင်း ( 5 )

❤ SPD ရွေးချယ်ရာမှာ အရေးကြီးတဲ့ Name plate (SPDကိုယ်ထည်)မှာ ဖော်ပြထားသော Ratingတွေထဲက Up နှင့် Uoc အကြောင်း လေ့လာကြရအောင်။

📌 Uoc = Open Circuit Voltage (6KV. 10KV. 20KV)
SPDကို စမ်းသပ်ထားတဲ့ အမြင့်ဆုံး ဗို့အား

📌 Up = Clamping voltage / Voltage Protection Level
Upက Surge တစ်ခုဖြစ်ပေါ်လာချိန်မှာ ကာကွယ်ထားတဲ့ ပစ္စည်းဆီကို ရောက်ရှိနိုင်တဲ့ အမြင့်ဆုံးဗို့အားလည်း ဖြစ်ပါတယ်။

📌 Surge currentကို သတ်မှတ်ထားတဲ့ Triggering voltage ရောက်လျှင် Clampingလုပ်ကာ မြေကြီးထဲသို့လမ်းလွှဲပြီး Up တန်ဖိုးမျှသာ ကျန်ရှိအောင် ဆောင်ရွက်ပေးပါတယ်။

📌 ကာကွယ်ပေးရမယ့် လျှပ်စစ်ပစ္စည်း (Inverter)၏ လျှပ်တပြတ် ခံနိုင်ရည်ဗို့အား ( withstand /Max impulse voltage)အောက် Up တန်ဖိုးက ပိုနည်းဖို့လိုပါတယ်။

📌 Electronics Deviceတွေအတွက် Up တန်ဖိုးနိမ့်တာရွေးမှ ပိုSafeဖြစ်နိုင်ပါတယ်။
Inverterရဲ့ Protection class(CAT) နှင့်ကိုက်ညီမူရှိရမယ်။
📌 Inverter တွေမှာ ထုတ်လုပ်သူက PV inputအတွက် CAT2 သတ်မှတ်ထားရင် DC SPD Upတန်ဖိုးက 2.5KV အောက်နည်းဖို့လိုပါတယ်။

📌 Inverter တွေမှာ ထုတ်လုပ်သူက AC output အတွက် CAT3 သတ်မှတ်ထားရင် Upတန်ဖိုးက 4KV အောက်နည်းဖို့လိုပါတယ်။

📌 Inverter တွေမှာ ထုတ်လုပ်သူက PV input နှင့် AC output အတွက် မခွဲခြားပဲ CAT1ဟုသာ ဖော်ပြ သတ်မှတ်ထားရင် Upတန်ဖိုးက 1.5KV အောက်နည်းဖို့လိုပါတယ်။ (Growatt Nameplateပုံများ)

ယုံကြည်စိတ်ချရမူဖြင့်

Chindwin Power

#လျှပ်စစ်ဝန်ဆောင်မူ

Want your business to be the top-listed Equipment Service in Monywa?
Click here to claim your Sponsored Listing.

Website

Address

Monywa