MYRC Group

MYRC Group

Share

Photos from MYRC Group's post 16/10/2025

CWCရဲ့ အကျိုးဆက် ၂သင်း🛑🛑

ဒီဒဏ် တွေကို အလူးအလဲခံနေရတဲ့
ဖိုင်နယ်ရောက် ၂သင်း Chelsea နဲ့ PSG⛔

အမေရိကန်လို ပူပြင်းတဲ့ရာသီဥတုမှာ Club World Cupပွဲတွေကို ပွဲချိန်များများကစားထားရတဲ့ အသင်းတွေဟာ ဒီချိန်မှာ Injury ပြသနာကိုစတင်ရင်ဆိုင်နေရတာဖြစ်ပါတယ်

ချဲလ်ဆီးဆိုရင် တသင်းလုံးစာ ကစားသမား၁၁ယောက်လောက် ထိ ဒဏ်ရာ ရထားပြီး အဓိက ပွဲထွက်ကစားသမားတွေဘဲ ဖြစ်နေလို့ လာမယ့် ပွဲတော်တော်များများကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ်ရှိနေတယ်

နောက်တန်းမှာဆို Colwill , Tosin, James, Fofana, Acheampong တို့လို Line Up ကစားသမားတွေ

ကွင်းလယ်မှာဆို Enzo, Cole Palmar, Essugo, Santos
တိုက်စစ်မှာဆိုလဲ Delap တို့လို့ အဓိက ကစားသမားတွေ ဒဏ်ရာ ရနေတာဟာ ပြိုင်ပွဲများစွာ ကစားရမယ့် ချဲလ်ဆီးနဲ့ မာရက်စကာ အတွက်တော့ စိန်ခေါ်မှု တခုဖြစ်နေပါဘီ

အသေးစားပြဿနာတွေ ဖြစ်နေတဲ့ Player တွေ ပြန်ကောင်းလာမယ်ဆိုရင်တောင် လျှော့လျှော့ပေါ့ပေါ့ ကစားရဖို့ရှိနေတယ်

လာမယ့်နော်တင်ဟမ် နဲ့ ပွဲစဥ်မှာ ပြန်ပါလာနိုင်မယ့်ကစားသမားတွေ ရှိနေပေမယ့် သေချာမှု မရှိသေးပါဘူး
နည်းပြသစ်လက်ထပ် နိုင်ပွဲ ရမထားသေးတဲ့ ဖောရပ်တို့ မီးကုန်ရမ်းကုန် ကစားလာမှာ ဖြစ်ပြီး ချဲလ်ဆီးအတွက်တော့ နိုင်ငံပွဲတွေအပြီးမှာ ထပ်မံရုန်းကန်သွားရဖို့ ရှိနေပါဘီ

နောက်တသင်းကတော့ PSG ပါ သူလဲ အလားတူဘဲ ကစားသမား တသင်းစာနီးပါး Injury ဖြစ်နေပါတယ်

နောက်တန်းမှာ အသင်းခေါင်းဆောင် Marquinhos တို့လို အဓိက ခံစစ်မှုးတွေ
ကွင်းလယ်မှာ Ruiz, Neves,Mayulu တိုလို CWCမှာ စပယ်ရှယ် Player ခဲ့ရတဲ့ Player တွေ

တိုက်စစ်မှာ လူငယ်ကြယ်ပွင့် ​တွေ ဖြစ်တဲ့ Doue, Barcola
တို့နဲ့ လက်ရှိ ရွှေဘောလုံးဆုရှင် Dembele တို့ရဲ့ Injury ပြဿနာတွေက PSG ကို ဘလောက်ထိ ဒုက္ခပေးသွားအုံးမလဲဆိုတာ စိတ်ဝင်စားစရာပါ

တခုသတိထားစရာကတော့ Club အသင်းတွေရဲ့ မာယာတခုလဲ ဖြစ်နိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး

နိုင်ငံပွဲတွေရှိရင် Club အသင်းတွေအနေနဲ့ ကစားသမားတွေကို ပွဲပမ်းဒဏ်မရရှိဖို့အတွက် ဆေးအဖွဲ့ရဲ့ ပရိယာယ်တွေလဲ ပါနိုင်သေးတာဖြစ်လို့ လာမယ့် ပွဲတွေမှာ ထင်သာမြင်သာ ရှိလာအုံးမှာပါ

အန်းနရစ်နဲ့ မာရက်စကာ တို့၂ယောက် ဒီစိန်ခေါ်မှုတွေကို ဘလိုကျော်ဖြတ်ပြမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ် ဒီကာလတွေမှာ မယိုင်လဲခဲ့တဲ့ အသင်းမျိုးကတော့ အောင်မြင်မှု တစုံတရာကို ရရှိဖို့ အလားလာ ရှိနိုင်တယ်လို့ သက်မှတ်လို့ ရနိုင်ပါတယ်

ဒါကြောင့် Teamwork ကို ဘလိုအချိန်အဆကောင်းကောင်းနဲ့ အစီအစဥ်ချနိုင်မလဲ စောင့်ကြည့်ကြပါစို့

ဆရာသမားတို့ရော ဘလိုမြင်ကြလဲ ဆွေးနွေးသွားကြပါဦး

Want your business to be the top-listed Gym/sports Facility in Monywa?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Monywa