Happy One Tea Shop Monywa
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Happy One Tea Shop Monywa, Restaurant, မန်ကျည်းကုန်းလမ်း , ချမ်းမြသာစည်ရပ် , Happyone လက်ဖက်ရည်ဆိုင်, Monywa.
ချစ်ကာတို့မေးမေးနေတဲ့ ချိစ်ထပ်တရာနဲ့ ချိစ်ပေါင်မုန့်မီးကင်လေးပြန်ရပါပြီနော်🤗
ထပ်တရာကိုဆီခြောက်လေးကြော်ထားပေးတာမို့ ချိစ်နဲ့ဆိုပေမဲ့ လုံးဝမအီပါဘူးနော်😇
နှပ်ကော်ဖီလေးနဲ့ဆို အရမ်းလိုက်ဖက်သောလေးပါ☺️
03/11/2025
မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့တွင် Happy One
လ္ဘက်ရည်ဆိုင်တစ်ရက်ပိတ်မည်ဖြစ်ကြောင်းကြိုတင်အကြောင်းကြားအပ်ပါတယ်ရှင်🥰🥰🥰ကျန်းမာပျော်ရွှင်ဖွယ်ရာနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင်🍀🍀🍀
ဆိုင်ဝန်ထမ်းလေးတွေအတွက်🥰🥰🥰
19/05/2024
"ဟိုတုန်းက
လက်ဖက်ရည်ဆိုင်''
____
ချစ်စိတ်ရည်
တစ်ကျိုက်နဲ့
ကက်ဆက်ခွေက
"ရာဇဝင်''ကို
ခလုတ်တိုက်မိရာက
စ တာပါပဲ။
ငါတို့ လက်ရေးစာလုံးပေါင်း
များစွာ လေ့ကျင့်ခဲ့ကြ
မင်းလူ ငြိမ်းကျော်
ဘုန်းနိုင် မောင်ခိုင်မာ
မောင်စိန်ဝင်း တို့နဲ့
ထွေးရောယှက်တင်။
လန်ဒန် (ကာတွန်း)
စီးကရက်ဘူးခွံကြီးမှာ
ကဗျာ လို့ ယူဆရတာတွေ
တစ်ယောက်နှစ်ပုဒ်ရေးပြီး
ရေနွေးကြမ်း သုံးလေးဘူး
ကုန်ပြီး
ဖက်ကြမ်းလေးငါးလိပ်ကုန်ပြီးမှ
တခြားအကြောင်းအရာတစ်ခုကို
စ ကြတယ်။
အားကစားဂျာနယ် မဖတ်ရင်
ချဲ လက်တွက်ခွင် မပြနိုင်ရင်
ဂါးဒီးယန်း မဖတ်နိုင်ရင်
ကော်ပီ tape ခွေ သစ်
ယူ မလာနိုင်ရင်
တနည်းနည်းနဲ့
လူရာမဝင်ဘူးဆိုတဲ့
လက်ဖက်ရည်ဆိုင်
ယဉ်ကျေးမှုတွေ။
" မင်းတို့ စည်းကမ်းမဲ့ပုံ
တွေမျိုးနဲ့သာဆို
အမေရီးကားမှာ
ထောင် သုံးလေးလ ကျသွား
နိုင်တယ် '' ဆိုတဲ့
BBC VOA မလွတ်တမ်း
နားထောင်သူ တချို့။
မီးခြစ် ခဏ ခဏ ငှားမိလို့
တမနက်မှာ
ဂက်စ် မီးခြစ်တွေ
" နောက် ငါ့ဆီ
ဘယ်တော့မှာ လာ
မငှားကြနဲ့'' လို့ ပြောပြီး
တဆိုင်လုံး ဝေပေးတဲ့
လူဖြောင့် လူကပ်ကြီး
လိုမျိုး အောင့်သက်သက်
အဖြစ်တွေ။
သရီးကာလာကို
ဇွန်းမမွှေဘဲ
ပေါ့ခါးကြီးပါကွာလို့
ပြောသွားသူတွေ။
စာအုပ်ချင်း လဲဖတ်ချိန်
မြည်းချိန်ရတဲ့ ကာလတိုဟာ
လက်ဖက်ရည်ဆိုင်နဲ့
တာရာမင်းဝေ က စ ခဲ့တာထင်ရဲ့။
ဆက်ပါဉီးမယ်
credit နရီသက်မှူး
07/05/2024
မိုးဖွဲဖွဲကျနေပြီဆို ကော်ဖီခွက်ပြေးကိုင်ရမလား☕️
နှပ်ရည်နံ့မွှေးမွှေးလေးနဲ့ လ္ဘက်ရည်ပဲသောက်လိုက်ရမလား🤩
ကပ်ကြော်လေးပဲ ကိုင်လိုက်ရမလား😋
မင်မင်ကတော့ အရမ်းတွေဗျာများနေပါပြီနော်😍
ချစ်ကာတို့ရော ဒီနေ့လ္ဘက်ရည်သောက်ပြီးကြပြီလား😁
08/04/2024
📣သင်္ကြန်တွင်းဆိုင်ပိတ်ရက်ကြော်ငြာခြင်း📣
ထမင်းရှင် မိတ်ဟောင်း၊ မိတ်သစ်များရှင်
သင်္ကြန်ကာလအတွင်း ၁၀.၄.၂၄ မှ ၁၈.၄.၂၄ ထိ
ဆိုင်ခေတ္တာပိတ်မည့်အကြောင်း အသိပေးအကြောင်းပါရစေရှင့်🙆♀️
🍀မြန်မာနှစ်ဆန်းနှစ်ရက်နေ့ မှ စတင်၍ ပုံမှန်အတိုင်းပြန်လည်အားပေးနိုင်ပါတယ်ရှင့်🍀
ချစ်သောထမင်းရှင်များလည်း ဘေးဘယာဝေးကွာပြီး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်သောနှစ်သစ်ဖြစ်ပါစေရှင်🤗🤗🤗
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Monywa
02301