Oatmeal Food

Oatmeal Food

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oatmeal Food, Mu-se.

Photos from Oatmeal Food's post 02/01/2021

မနက်ခင်းကို သူများတွေလို မုန့်ဟင်းခါး၊ အသုပ်တွေစားရတာမကြိုက်ဘဲ Oatmealလေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲ့ပြုလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။
ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ
Oatmeal မှာ

မဂ္ဂနီဆီယမ်
သံဓါတ်
ဖော့စဖရိတ်စ်
ဇင့်
ဖောလိတ်
ကော့ပါး
ဗီတာမင် B1
ဗီတာမင် B5
အမျှင်ဓါတ်တို့ပါဝင်နေပါတယ်။

Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း
စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmeal က စားလို့ကောင်းရုံတင်၊ အခုလို အာဟာရပြည့်စေရုံတင်မဟုတ်ဘဲ။အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအေသာက္တစ္ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။

အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ်

ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။

အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ်

Oatmeal မြာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။

အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ်

Oatmeal မြာပါတဲ့beta-glucan က အစာအိမ်နဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို တိုးစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ထိန်းညှိပေးတယ်
ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ချတဲ့သူတွေအတွက် အထူးသင့်တော်တဲ့စားစရာတစ်ခုပါ။
ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကိုလျော့ကျစေတယ်

ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းက Oatmealကျွေးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်မှာပါ။

ဝမ်းမှန်စေနိုင်တယ်

အမျှင်ဓါတ်ကြွယ်ဝမှုကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီးနေ့စဉ်ဝမ်းမှန်စေပါတယ်။ ဒါကြောင့်ဝမ်းမှန်ချင်သူတွေအနေနဲ့ Oatmeal ကိုစားပေးလို့ရပါတယ်။👉500g-7000ks👈 09-256508811/09-698236471သို့ဆက်သွယ်မှာယူနိုင်ပါတယ်😊

Want your practice to be the top-listed Clinic in Mu-se?
Click here to claim your Sponsored Listing.

Website

Address

Mu-se