AyeChan & Healthy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AyeChan & Healthy, Health/Beauty, မဟာအောင်မြေမြို့နယ် 41 ( A ) လမ်း 63 ( A )× 64ကြား, .
ရာသီပိုင်းပြဿနာတွေအတွက်လား....
ကလေးယူဖို့အတွက်လား....❓❓
အညာမြေချက်ဆေးကိုစိတ်ချလက်ချ မှီဝဲနိုင်ပါတယ်ရှင့်.......😋😋😋
#အညာမြေလျှားစောင်းလက်ပက်ချက်ဆေး
#မန္တလေးကိုယ်စားလှယ်ကြီး
#မီးယပ်သားအိမ်ပြဿနာများအတွက်အကောင်းဆုံး
21/12/2023
ကလေးယူချင်တယ်လို့ လာတိုင်ပင်တာနဲ့
Folic acid ကိုသောက်ခိုင်းတာ ဒီလိုအရာတွေကို မဖြစ်စေချင်လို့ပါ
>>> အနာဂါတ်အတွက် ကလေးတို့
>>> အာရုံကြောချို့ယွင်းမှု မဖြစ်ဖို့
>>> မိခင်လောင်းတွေ
>>> ကိုယ်ဝန်မဆောင်ခင်
>>> Folic Acid ကြို သောက် စို့ 👍👍👍
မိခင်လောင်းအများစုမှာ ကိုယ်ဝန်ပတ် ၃ပတ် ရှိနေသည့်အချိန်ထိ မိမိကိုယ်မိမိ ကိုယ်ဝန်ရှိနေကြောင်း မသိကြသေးတာ များပါတယ် ။ ထိုအချိန်တွင် ဆီးစစ်တံဖြင့် စစ်ဆေးကြည့်သည့်အခါလည်း မပေါ်သေးတာကြောင့် ဖြစ်ပါတယ်။
သန္ဓေသားရဲ့ ဖြစ်တည်မှု ၊ မိခင်တစ်ဦးအတွက်
ကိုယ်ဝန်ရှိနေတဲ့အတွက် ပြောင်းလဲမှု အခြေအနေများကို ကိုယ်ဝန်ပတ် ၄ပတ် မှ စ၍သာ သတိထားမိကြမှာ ဖြစ်ပါတယ် ။
ပြသနာက အဲ့မှာစတာပါ ခင်မျာ ။
သန္ဓေသားလောင်းအတွက် အရေးကြီးဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက် နှင့် အာရုံကြော ဖြစ်လာစေမည့် အာရုံကြောပြွန် ဟာ ကိုယ်ဝန်ပတ် ၃ပတ်မှာ စတင်ဖြစ်ပေါ်ပါတယ် ။
သန္ဓေသား ၄ပတ် အရွယ်ပြည့်တဲ့အခါ အာရုံကြောပြွန် ပိတ်ရမယ့် အချိန်ရောက်ရှိခဲ့လေပြီ ဖြစ်တယ်။
အရေးကြီးဆုံးအချိန်တွေကို မိခင်လောင်းအများစု သတိမထားမိလိုက်ကြပါဘူး လွတ်သွားတတ်ကြပါတယ် ......
အဲ့တော့ အဓိက ပေးချင်တဲ့ အချက်လေးတွေကို သိသလောက် တတ်သလောက် ပြောပြပေးပါမယ် ။
✅ အာရုံကြောပြွန် ဟာ သန္ဓေသားအတွက် အဓိက အရေးကြီးဆုံး အစိတ်အပိုင်းဆိုရင် မမှားပါဘူး ...
အာရုံကြောပြွန် ဖြစ်ပေါ်တဲ့ အချိန်မှာ မိခင်ဟာ Folic Acid ကိုပြည့်ဝအောင် မရဘူးဆိုရင် အာရုံကြောချို့ယွင်းမှု ဖြစ်တတ်ပါတယ် ။ အတွေ့များတဲ့အာရုံကြောချို့ယွင်းမှု တွေဟာဆိုရင် မွေးကင်းစကလေး ကျောရိုးမှာ အဖုကြီး ပါလာတာမျိုး
မွေးလာတဲ့အခါ ဦးခေါင်းခွံ မပါလာတာ
ဦးနှောက်မပါလာတာစတဲ့
အာရုံကြောချို့ယွင်းချက် တွေဟာ သိပ်ကို ကြောက်ဖို့ ကောင်းပါတယ် ။
✅ မိမိရင်သွေးလေးမှာ အာရုံကြောချို့ယွင်းချက် မရှိအောင် ဘယ်လို ကာကွယ်ကြမလဲ
ဒါက သိပ်ကို လွယ်ကူပြီး ရိုးရှင်းတဲ့ အဖြေတစ်ခုပါ။
မိခင်တိုင်း မိခင်တိုင်း ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်ချပြီး မိခင်နှင့်ဖခင် စတင်ကြိုးစားတာနဲ့ တပြိုင်နက် Folic Acid ကို နေ့စဉ်မှန်မှန် သောက်ဖို့ လိုအပ်တယ် ဆိုတာ သိထားတယ် ဆိုရင်ပဲ အာရုံကြောချို့ယွင်းချက် ကနေ ၇၀ ရာခိုင်နှုန်း ကာကွယ်ပြီးသား ဖြစ်မှာပါ ခင်မျာ.....
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုပြုချက်အရ......
ကိုယ်ဝန်ဆောင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ မိခင်လောင်းများအနေဖြင့်..... ( ပုံမှန်မိခင် )
>>>> Folic Acid 0.4mg > ကိုယ်ဝန်ရပြီး အနည်းဆုံး နှစ်လ
သောက်သုံးခြင်းဖြင့် မိမိပိုင်ဆိုင်ရလာမယ့် ရင်သွေးလေးအတွက် အာရုံကြောချို့ယွင်းချက် ဖြစ်မယ့် အခြေအနေကနေ ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။
အာရုံကြောချို့ယွင်းချက် တစ်ခုခုဖြင့် ကလေးမွေးဖွားဖူးသော မိခင်များ အနေနဲ့ကတော့ ......
>>>> Folic Acid 5mg