Student Service

Student Service

Share

ပညာရေးဆိုင်ရာ NGO အဖွဲ့

06/06/2026

အကြောင်းအမျိုးမျိုးကြောင့်

လုပ်ငန်းစဉ်များအားလုံး

ရပ်နားထားပါသည်။

03/06/2026

📢 အသိပေးကြေညာချက်

ကျွန်ုပ်တို့အဖွဲ့အနေဖြင့် University of the People (UoPeople) သို့ ကျောင်းလျှောက်ထားပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ယနေ့မှစ၍ ရပ်နားလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လက်ရှိတွင် လျှောက်ထားပေးထားပြီးဖြစ်သော ကျောင်းသား/ကျောင်းသူများအနက် UoPeople ဘက်မှ တင်ပြထားသော ဆယ်တန်းအောင်လက်မှတ်အား လက်မခံကြောင်း အကြောင်းကြားခံထားရသူများကိုသာ ကျန်ရှိသည့် လုပ်ငန်းစဉ်များအား ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် ယခုအချိန်မှစ၍ UoPeople ကျောင်းလျှောက်ထားခြင်းနှင့် သက်ဆိုင်သော မည်သည့်လုပ်ငန်းစဉ်များကိုမျှ လုပ်ဆောင်ပေးခြင်း၊ ကူညီပေးခြင်းများ ပြုလုပ်တော့မည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

အဖွဲ့ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အချိန်အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအတွင်း အမှားအယွင်းတစ်စုံတစ်ရာ ရှိခဲ့ပါက အနူးအညွတ် တောင်းပန်အပ်ပါသည်။ ထိုအမှားများသည် မည်သည့်အခါမျှ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ ကျောင်းသားများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန် စေတနာဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း နားလည်ပေးစေလိုပါသည်။

ကျွန်ုပ်တို့အဖွဲ့၏ ဆောင်ရွက်မှုများအပေါ် ယုံကြည်အားပေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

လေးစားစွာဖြင့်

Student Service

26/05/2026

📢 Student Service အဖွဲ့၏ အထူးကြေညာချက်

Student Service အဖွဲ့မှ admin ဖြစ်သူ Sir. Ko Toe သည် UK တက္ကသိုလ်တစ်ခုသို့ BECA (Basic Education Completion Assessment) အောင်လက်မှတ်ဖြင့် ကျောင်းလျှောက်ထားပြီးဖြစ်ကြောင်း ကြေညာအပ်ပါသည်။

BECA (Basic Education Completion Assessment) သည် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ကလေးများအတွက် ပညာရေးအခွင့်အလမ်းကို ဆက်လက်ရရှိနိုင်စေရန် ရည်ရွယ်ထားသော အထက်တန်းပညာရေး ပြီးဆုံးကြောင်း အတည်ပြုအောင်လက်မှတ်တစ်ခု ဖြစ်ပါသည်။

အကယ်၍ ကျောင်းဘက်မှ လက်ခံအတည်ပြုပါက BECA အောင်လက်မှတ်ရ ကျောင်းသား/သူများအတွက် ဒုတိယမြောက် ပညာရေးအခွင့်အလမ်းသစ်များ ကို ဖွင့်လှစ်နိုင်မည့် အရေးကြီးသော အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။

ထို့ကြောင့် ကျောင်းဝင်ခွင့် အောင်မြင်စေရန်အတွက် အားလုံး၏ ဆုတောင်းခြင်းနှင့် အားပေးမှုများကို လေးစားစွာ တောင်းဆိုအပ်ပါသည်။

Student Service Team 🙏

Photos from Student Service's post 22/05/2026

📣 CDM အထက်တန်းအောင် ကျောင်းသား/သူများအတွက် (၃) လကြာ ဒီပလိုမာသင်တန်းများ ဝင်ခွင့်ခေါ်ယူခြင်း

📅 သင်တန်းစတင်မည့်ရက်: ၁.၆.၂၀၂၆
💻 သင်ကြားမှုစနစ်: Moodle Platform (အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်သည်)

━━━━━━━━━━━━━━

📢 Interview အောင်မြင်ပြီး သင်တန်းတက်ရောက်ခွင့် ရရှိသူများအားလုံးထံသို့ Gmail မှတဆင့် အကြောင်းကြားစာများ ပေးပို့ပြီးဖြစ်ပါသည်။

📩 မိမိအမည် စာရင်းတွင် ပါဝင်နေပြီး Gmail မတွေ့ရှိသေးပါက Telegram တွင်
👉 သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

⚠️ Gmail Inbox / Spam / Promotion Folder များကိုလည်း သေချာစစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

━━━━━━━━━━━━━━

📌 ယခုအသုတ်တွင် မပါဝင်သေးသော ကျောင်းသား/သူများအနေဖြင့်လည်း စိတ်မပျက်ကြပါရန်။

📅 1.9.2026 တွင် စတင်မည့် Batch-2 သင်တန်းများတွင် ထပ်မံတက်ရောက်ခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။

✨ မိမိတို့၏ အရည်အချင်းနှင့် အနာဂတ်အတွက် ဆက်လက်ကြိုးစားကြရန် အားပေးတိုက်တွန်းအပ်ပါသည်။

Photos from Student Service's post 21/05/2026

🎉 Congratulations to Our Admin 🎉

ကျွန်တော်တို့ Student Service အဖွဲ့၏ Admin ဖြစ်သူ Sir Si Thu သည်
“Undergraduate Academic Certificate Programme in Politics and Social Sciences” သင်တန်းတွင် ရွေးချယ်ခံရရှိခဲ့ပါသည်။

ဤသင်တန်းကို Pyin-Nya-Man-Daing (PNMD) နှင့် ထိုင်းနိုင်ငံရှိ Mahidol University (IHRP) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် လူမှုသိပ္ပံဘာသာရပ်များကို နိုင်ငံတကာအဆင့်မီ သင်ရိုးဖြင့် သင်ကြားပို့ချပေးမည့် Programme တစ်ခုဖြစ်ပါသည်။

Sir Si Thu အနေဖြင့် လူငယ်များ၏ ပညာရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် အစဉ်တစိုက် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ယခုလို အခွင့်အရေးကောင်းတစ်ခု ရရှိခဲ့သည့်အတွက် ကျွန်တော်တို့အဖွဲ့အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်ပါသည်။

ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်သော ပညာရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

21/05/2026

🥳🥳🥳🥳🥳

📢 တာဝန်ထမ်းဆောင်ရန် ဆရာ/ဆရာမများနှင့် ဆွေးနွေးပေးနိုင်သူများ ခေါ်ယူခြင်း

မင်္ဂလာပါဗျ။

ကျနော်တို့ Student Service / Admin Team အနေဖြင့် ရုံးပိတ်ရက်များဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် တာဝန်ထမ်းဆောင်ပေးနိုင်မည့် အောက်ပါရာထူးများအတွက် လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ပါသည်။

(၁) ရုံးသုံးမြန်မာစာ သင်ကြားပေးနိုင်သော ဆရာ/ဆရာမ

လိုအပ်သောအရည်အချင်းများ
• မြန်မာစာ (သို့မဟုတ်) မြန်မာယဉ်ကျေးမှုဆိုင်ရာ ဘွဲ့ရရှိထားသူများ
• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသော CDM ဆရာ/ဆရာမများ
• ကြားကာလတက္ကသိုလ်များတွင် မြန်မာစာအထူးပြု တတိယနှစ်တက်ရောက်နေသူများကိုလည်း ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါသည်။

(၂) စီးပွားရေးဆိုင်ရာ ဆွေးနွေးပေးနိုင်သူ

လိုအပ်သောအရည်အချင်းများ
• စီးပွားရေးဆိုင်ရာ ဘွဲ့ရရှိထားသော CDM များ
• ကြားကာလတက္ကသိုလ်များတွင် စီးပွားရေးဆိုင်ရာ ဘာသာရပ်များတွင် တတိယနှစ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများ

📌 အလုပ်မလျှောက်ထားမီ ဖတ်ရှုရန်

ကျနော်တို့အဖွဲ့သည် BECA ကျောင်းသား/ကျောင်းသူများအား US Colleges / Universities များနှင့် အခြားနိုင်ငံများရှိ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်ရန် ပံ့ပိုးကူညီပေးနေသော NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ထို့ကြောင့် စကစနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ CDM ကျောင်းသား/ကျောင်းသူများသာ ကျောင်းတက်ရောက်နိုင်ပြီး CDM များသာ အလုပ်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားရန် -
https://forms.gle/vYQ7p6Z2zcSRG5EV9

🤗ထို့အပြင် US အသိအမှတ်ပြုမှုရရှိနိုင်ရန်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။🤗

Student Service / Admin Team

Photos from Student Service's post 20/05/2026

🥰လွန်ခဲ့သောလပိုင်းက Grade 12 ကျောင်းသူ/ကျောင်းသားတွေ / BECA အောင်တွေနဲ့တွေ့ပြီး အစီစဉ်တစ်ခုလုပ်ပေးဖြစ်တယ်ပေါ့နော်

University of the People အကြောင်းပေါ့ BECA လက်မှတ်နဲ့လျှောက်ဖို့နည်းလေးတွေပေါ့

အမှတ်ရလို့ပြန်တင်လိုက်ပါတယ်ဗျ။

😜အမှတ်ရတဲ့သူတွေရှိသေးလားဗျ။😜

20/05/2026

📣 (၃) လကြာ ဒီပလိုမာသင်တန်းများအတွက် အရေးကြီးသော အသိပေးကြေညာချက်

CDM အထက်တန်းအောင် ကျောင်းသား/သူများအတွက် ဖွင့်လှစ်မည့် (၃) လကြာ ဒီပလိုမာသင်တန်းများ (Batch - 1) အတွက် လျှောက်လွှာတင်ခြင်းကို "ယခုအခါ ဖောင်ပိတ်လိုက်ပြီ' ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ စိတ်ဝင်တစား လျှောက်ထားပေးကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
သင်တန်းဝင်ခွင့်အတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည် -

🗓အင်တာဗျူး (နောက်ဆုံးအသုတ်) ကျင်းပမည့်အချိန်
နေ့ရက်: ၂၁.၅.၂၀၂၆ (ကြာသပတေးနေ့)
အချိန်: ညနေ (၅:၀၀) နာရီ

✉️ အင်တာဗျူး ဖြေဆိုခွင့်ရရှိသူများ သတိပြုရန်

"နောက်ဆုံးအသုတ်" တွင် အင်တာဗျူးဖြေဆိုခွင့် ရရှိသူများကို Gmail မှတစ်ဆင့် အသေးစိတ် အကြောင်းကြားစာ ပေးပို့ထားပြီး ဖြစ်ပါသည်။

အထူးအသိပေးချက်: ယခင်အသုတ်များတွင် အင်တာဗျူးဖြေဆိုရန် အကြောင်းကြားစာရရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုလိုက်ရသူများ (Interview လွတ်သွားသူများ) ရှိပါကလည်း ယခု (၂၁.၅.၂၀၂၆) နောက်ဆုံးအသုတ်တွင် လာရောက်ဖြေဆိုနိုင်ပါသည်။


🎉 သင်တန်းတက်ရောက်ခွင့် ရရှိသူများအား အကြောင်းကြားခြင်း
ယခင်အသုတ်များတွင် အင်တာဗျူးဖြေဆိုအောင်မြင်ပြီး၍ သင်တန်းတက်ရောက်ရန် 'ရွေးချယ်ခံရသူများကိုလည်း တပြိုင်နက်တည်း အကြောင်းကြားပေးလျက် ရှိပါသည်" ဖြစ်ရာ မိမိတို့၏ Gmail inbox (နှင့် Spam folder) များကို စစ်ဆေးပေးကြပါရန် နှိုးဆော်အပ်ပါသည်။

⏳ ယခုအသုတ်တွင် မလျှောက်လိုက်ရသူများအတွက် သတင်းကောင်း

ယခု Batch - 1 တွင် အချိန်မီ မလျှောက်ထားလိုက်ရသော ကျောင်းသား/သူများအနေဖြင့် စိတ်မကောင်းဖြစ်စရာ မလိုပါဘူးခင်ဗျာ။

📌 လာမည့် "၁.၉.၂၀၂၆" ရက်နေ့တွင် "Online Batch - 2" ကို ထပ်မံဖွင့်လှစ်ပြီး ပြန်လည်လျှောက်ထားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သောကြောင့် စောင့်မျှော်စုံစမ်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

"ကျောင်းသား/သူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် အင်တာဗျူး ဖြေဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။"

20/05/2026

📣 CDM အထက်တန်းအောင် ကျောင်းသား/သူများအတွက် ဖွင့်လှစ်မည့် (၃) လကြာ ဒီပလိုမာသင်တန်းများ၏ ပဏာမအင်တာဗျူးအဆင့် ဖြေဆိုအောင်မြင်သူများထံသို့ သင်တန်းတက်ခွင့်ရရှိကြောင်း Email များ စတင်ပေးပို့နေပြီဖြစ်ပါသည်။ 🎉

📩 လျှောက်ထားထားသူများအနေဖြင့် မိမိတို့၏ Gmail Inbox / Spam Mail များကို ပုံမှန်စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⏳ လျှောက်ထားရန် အချိန်ကျန်ရှိသေးပါသည်!
မလျှောက်ထားရသေးသော ကျောင်းသား/သူများအနေဖြင့် ယနေ့ ညနေ ၅နာရီ နောက်ဆုံးထားပြီး အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။

🔗 Apply Here:
https://forms.gle/5FmtCpxkXDStbFSBA

💬 အင်တာဗျူးဖြေဆိုရာတွင် အဆင်ပြေခဲ့မှုများ၊ ဝင်ခွင့်ရရှိထားသောသူများအနေဖြင့်လည်း နောက်ထပ်လျှောက်ထားမည့် ကျောင်းသား/သူအသစ်များအတွက် အားပေးစကားများကို Comment မှာ မျှဝေပေးခဲ့ကြပါဦးနော် ✨

📚 Available Diploma Programs
• Diploma in Teaching Phonics
• Diploma in Business Management
• Diploma in Health Science

“မိမိတို့၏ အနာဂတ်အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ယခုပင် စတင်ဖြည့်ဆည်းလိုက်ပါ။”
━━━━━━━━━━━━━━

16/05/2026

📣 CDM အထက်တန်းအောင် ကျောင်းသား/သူများအတွက် (၃) လကြာ ဒီပလိုမာသင်တန်းများ ဝင်ခွင့်ခေါ်ယူခြင်း

မိမိတို့၏ အရည်အချင်းကို မြှင့်တင်ပြီး အနာဂတ် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းအတွက် ခိုင်မာသော ခြေလှမ်းများ စတင်နိုင်ရန် ဒီပလိုမာသင်တန်း (၃) ခုကို ဖွင့်လှစ်သင်ကြားပေးတော့မည် ဖြစ်ပါသည်။

📅 သင်တန်းစတင်မည့်ရက်: ၁.၆.၂၀၂၆ (သင်တန်းကာလ - ၃ လ)

💻 သင်ကြားမှုစနစ်: Moodle Platform (အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်သည်)

📚 ရွေးချယ်တက်ရောက်နိုင်မည့် ဘာသာရပ်များ

𝟭. Diploma in Teaching Phonics

ရည်ရွယ်ချက်: ကလေးများကို စနစ်တကျ အင်္ဂလိပ်စာ သင်ကြားပေးနိုင်မည့် နည်းပြများ မွေးထုတ်ရန်။
အခွင့်အလမ်း: ကိုယ်ပိုင်ကျူရှင်၊ မူကြိုကျောင်းနှင့် အွန်လိုင်းဆရာ/မ အဖြစ် လုပ်ကိုင်နိုင်ခြင်း။

✨ Special Chance: ထူးချွန်စွာ အောင်မြင်သူများ ToT 🤟 (Training of Trainers) သင်တန်းသို့ တိုက်ရိုက် တက်ရောက်ခွင့် ရရှိမည်။

𝟮. Diploma in Business Management

ရည်ရွယ်ချက်: စီမံခန့်ခွဲမှု၊ စီမံကိန်းရေးဆွဲမှုနှင့် ခေါင်းဆောင်မှု စွမ်းရည်များ တိုးတက်စေရန်။
အခွင့်အလမ်း: NGO/INGO များနှင့် ကိုယ်ပိုင်လုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်ခြင်း။

🎓 Scholarship: ဂုဏ်ထူးဖြင့် အောင်မြင်သူများ US Online University တွင် B.B.A (Business Administration) ဘွဲ့သင်တန်းကို ပညာသင်ဆုဖြင့် ဆက်လက်တက်ရောက်ခွင့် ရရှိမည်။

𝟯. Diploma in Health Science

ရည်ရွယ်ချက်: ပြည်သူ့ကျန်းမာရေးနှင့် စနစ်ကျသော ကျန်းမာရေး စောင့်ရှောက်မှု အတတ်ပညာများ လေ့လာရန်။
အခွင့်အလမ်း: ပရဟိတဆေးခန်းများနှင့် လူထုကျန်းမာရေးကဏ္ဍများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း။

🎓 Scholarship: ဂုဏ်ထူးဖြင့် အောင်မြင်သူများ US Online University တွင် B.S (Health Science) ဘွဲ့သင်တန်းကို ပညာသင်ဆုဖြင့် ဆက်လက်တက်ရောက်ခွင့် ရရှိမည်။

👨‍🎓 ဝင်ခွင့်အရည်အချင်းနှင့် လျှောက်ထားရန်

✅ သတ်မှတ်ချက်:
၂၀၂၁ ခုနှစ် မတိုင်မီ ဆယ်တန်းအောင်မြင်ထားသူများ သို့မဟုတ် BECA / GED / IGCSE အောင်မြင်ထားသူများ။

📝 လျှောက်ထားရန် Link:
🔗 https://forms.gle/5FmtCpxkXDStbFSBA

⏰ နောက်ဆုံးလျှောက်ထားရမည့်ရက်: ၂၀.၅.၂၀၂၆

"မိမိတို့၏ အနာဂတ်အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ယခုပင် စတင်ဖြည့်ဆည်းလိုက်ပါ။"
━━━━━━━━━━━━━━

Want your organization to be the top-listed Non Profit Organization in Myaing?
Click here to claim your Sponsored Listing.

Website

Address

မြိုင်လမ်း
Myaing
0000