Spring Revolution Force - Myeik
တော်လှန်ရေးအရှိန်မြှင့်တင်ဖို့၊ အင်တိုက်အားတိုက်ကူကြစို့
04/07/2025
ပြည်သူတွေအမှာစာနဲ့ ရဲဘော်တွေရဲ့ပြန်စာ
မိုးတွင်းကာလ ပုခက်လာရောက်လှူဒါန်းနိုင်းပါတယ်
လိုအပ်ချက်ရှိသော အဖွဲ့များအားကူညီထောက်ပံပေးသွားပါမည်။
20/05/2025
🔥ပြည်သူကူညီထားတယ့်အရာတွေဟာ တပြားတချပ်အလေလွင့်မရှိစေရ 🔥
ကျွန်တော်တို့ Spring Revolution Force - Myeik မှ့ ပြောထားသည့်အတိုင်း 5လပိုင်းအတွင်း တနင်္သာရီမြို့ ရှေ့တန်းရဲဘော်များထံသို့ ရောက်အောင်ပို့ဆောင်ပေးမည်ဆိုသည့်အတိုင်း စစ်ပုခက် အလုံး 200 ကို ရဲဘော်များလက်ထဲသို့ အဖွဲ့လိုက်ပို့ဆောင်ပေးနေပါသည်။
တနင်္သာရီဖက်တွေရှိနေသော KTLA ရဲဘော်များထံ ပုခက် အလုံး 40 ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ပုခက်များနှင့်အတူ ပြည်သူတွေရဲ့ သတင်းစကားသံများကိုလည်း အားဆေးတခွက်အဖြစ် တပါတည်းလက်ဆောင်ထည့်ပေးခဲ့ပါသည်။
တလရ အောင်ကိုအောင်ရမည်⭐⭐⭐
ကျန်သည့်အဖွဲ့များကိုလည်းဆက်လက်တင်ပြပေးပါမည်။
09/04/2024
#ရိက္ခာအလှူဆန်ဖိုးကူ
'"စားစရာဟင်းစားမရှိရင်ဖားရိုက်၊ငါးဖမ်းရှာစားလို့ရတယ်.........ဆန်မရှ်ိရင်တော့ ငတ်ဖို့ပဲ့ရှိပြီ'"
မဂ်လာပါ တော်လှန်ပြည်သူတို့ခင်ဗျာ...
အခုချိန်ဟာ မိုးရာသီကာလကို ရောက်လာဖို့နီးနေပါပြီ။ မိုးတွင်းမှာ စခန်းလေးမှာနွေးနွေးထွေးထွေးနဲ့ကွေးလို့မရ ၊မိဘအိမ်မှာ နွေးထွေးလုံခြုံစွာ နေရမဲ့ ကျွန်တော်တို့ရဲဘော်လူငယ်တွေ တောတောင်တွေထဲမှာ တိုက်ပွဲဝင်၊ တာလပါ လေးအောက်မှာထိုင်ပိးကင်းစောင့်၊ မိုးမ လုံတဲ့မိုးကာ လေးခြုံပြီး ပြေးလွား ၊ရိက္ခာမရှိလို့ ရိက္ခာရအောင်ဟိုနားဒီနားရှာဖွေရတဲ့ဒုက္ခကိုခံနေကြတဲ့ ရဲဘော်တွေအတွက် ရိက္ခာမပြတ်လပ်စေဖို့အတွက် မိမိ၏ တတ်နိုင်အားဖြင့် ပါဝင်လှူဒါန်းနိုင်ပါပြီဗျာ..
" မိုးတွင်းဆိုရင် သွားရေးလာရေး ခက်ခဲပြီး လမ်းတွေက ရွံ့တွေ၊ ဗွက်တွေနဲ့ ဆိုတော့ ဆိုင်ကယ်ဆို ပတ်လည်မွေ့၊ကားတွေ လမ်းချော်လို့ဆင်းတွန်းတာတို့၊ ချောင်းရေလျှံတာတို့ကြောင့် လှေနဲ့တစ်ဆင့်တို့ ပေါ့ဗျာ ။အဲ့ကျ လှေတတန်၊ ကားတတန် ၊လူတတန်နဲ့ အဆင့်ဆင့်ထမ်းပိုးသယ်ယူရတာပေါ့။ ပိုပြီးကုန်ကျစရိတ်များသလိုပိုလည်းပင်ပန်းတော့ မိုးဦးကတည်းက ရသလောက် ရိက္ခာတွေစုဖို့လိုအပ်ပါတယ်ဗျာ"
'"စားစရာဟင်းစားမရှိရင်ဖားရိုက်၊ငါးဖမ်း ရှာစားလို့ရတယ်
ဆန်မရှ်ိရင်တော့ ငတ်ဖို့ပဲ့ရှိပြီ'"
ကျွန်တော်တို့ ရဲဘော်တွေ ကရှိတာစားပြီးတိုက်နေကြတာပဲ့ဗျ။တိုက်ပေးမှာတော့ စိတ်မပူနဲ့ ရိက္ခာပိုင်းလေးကို ပြည်သူတွေ နိုင်သလောက်ဝိုင်းကူပေးဖို့ တိုက်တွန်းအပ်ပါတယ်။
အောက်ပါ ပကဖ ဇုန်အဖွဲ့အသီးသီးကိုလည်းချိတ်ဆကိလှူဒါန်းနိုငိပါတယ်ခငိဗျာ။
#တနင်္သာရီမြို့နယ်ပကဖ
#တနင်္သာရီရိုးမ ဇုန်-၃
#တနင်္သာရီကာကွယ်ေရးပြောက်ကျားဇုန်-၆
ုန်-၂
#တောင်ပံနီဇုန်-၄
#တောပုံးကြီးဇုန်-၅
#ဘက်မလိုက်ပြောက်ကျား ဇုန်-၁
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Myeik