HSU
Pharmacy Bussiness Online Shop
လူပျိုကြီးဆိုတာ …
လွပ်လပ်ခြင်းကို
ကန့်သတ်မခံရတဲ့သူ …
အိမ်ပြန်ချိန်တွေကို
ပေတံမတားခံရတဲ့သူ …
လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ …
အပျိုလေးတွေရဲ့ စိတ်ကူးပန်းချီ …
အပျိုကြီးတွေရဲ့ မျှော်လင့်ချက် …
လူပျိုလေးတွေရဲ့ အတုယူစရာ …
အိမ်ထောင်သည်တွေရဲ့
မနာလိုခံရသူ … ❤️
Credit 😁😁😁
#လူပျိုကြီး
17/11/2023
အအေးလှိုင်း လာချိန်တွင် သတိပြုရန်
❄️❄️⛄️⛄️🤶
နာတာရှည် ရောဂါ ရှိသူများ ၊ သက်ကြီးရွယ်အိုများ နွေးနွေး ထွေးထွေး နေရန် နှင့် ကျန်းမာရေး အထူး ဂရုစိုက် ရမည် ။ မိမိသောက်နေသော ဆေးများကို ပုံမှန်သောက် ပြီး ကျန်းမာရေး နှင့် ညီညွတ်သော အစာ အာဟာရ များ မှီဝဲရမည် ။
🍽🥬🍎
သွေးတိုးရောဂါ ၊ ဆီးချိုရောဂါသည်များသည် သွေးပေါင်ချိန် ၊ သွေး အချိုဓာတ်တို့ ကို ပုံမှန် စစ်ဆေးရမည်။
❄️⛄️
အအေးလှိုင်း လာချိန်တွင် နှလုံးသွေးကြောပိတ်ခြင်း ၊ လေဖြတ်ခြင်း ၊ ပန်းနာ ရင်ကြပ် သမားများ အမော ဖောက်ခြင်း တို့ ဖြစ်ပွားမှု များတတ်သည် ။
🏌️♂️🤾♂️☀️
မနက်စောစော အပြင်ထွက်၍ ကျန်းမာရေး လှုပ်ရှားမှု ပြုသူများ သည် အအေးလှိုင်း လာချိန်တွင် အိမ်တွင်း၌သာ ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်သင့်သည်။ နေထွက်မှသာ အပြင်ထွက်၍ လေ့ကျင့်ခန်း လုပ်သင့်သည်။
🚿🚿
ထိုင်ဝမ်တွင် Gas မီးဖို ၊ ရေနွေးစက်များ အသုံးပြုကြရာ ရာသီ ဥတု အေးချိန်တွင် တံခါး ပြတင်းပေါက်များ အလုံ ပိတ်ခြင်းကြောင့် ကာဗွန်မိုနောက်ဆိုဒ် အဆိပ် သင့်ခြင်း 一氧化碳中毒 ဖြစ်ပွားမှုများ ရှိရာ လေဝင်လေထွက် ကောင်းအောင် ပြတင်းပေါက်များ အလုံ ပိတ်ခြင်း မပြုသင့်ပါ ။ ရေချိုးချိန်တွင် ခေါင်းမူးခြင်း ၊ ပျို့အန်ခြင်း ဖြစ်ပါက ပြတင်းပေါက်များ အမြန်ဖွင့်ခြင်း ၊ 119 ဆေးရုံကား ခေါ်၍ ဆေးရုံသို့ ကုသမှု ခံယူရမည်။
🛁🛀
ရေပူကန်များတွင် ရေစိမ်သူများသည် ထမင်း စားပြီး ၂ နာရီကြာမှ စိမ်သင့်သည်။ ရေအပူချိန်မှာ ၄၀' စင်တီဂရိတ် အောက် ဖြစ်သင့်ပြီး ရေပူစိမ် ချိန်မှာ ၁၅ မိနစ်ထက် မကျော်သင့်ပါ ။ နှလုံးရောဂါ ၊ နာတာရှည် ရောဂါ အခံရှိသူများ ရေပူစိမ် ရန် မသင့်တော်ပါ ။
🤣
မျက်နှာ တခြမ်းရွဲ့ခြင်း ၊ စကား မပီခြင်း ၊ ခြေလက်များ ထုံခြင်း ၊ ခြေလက်များ အား မရှိခြင်း စသည့် လေဖြတ် သည့် လက္ခဏာများ ပေါ်လာပါက 119 သို့ ဖုန်းဆက် ပြီး ဆေးရုံသို့ အမြန် ကုသမှုခံယူရမည်။
💗
ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူ ကြပ်ခြင်း ၊ မောခြင်း ၊ နှလုံးခုန် မမှန်ခြင်း ၊ မူးမော် ပျို့အန်ခြင်း ၊ ချွေးစီး ထွက်ခြင်း ၊ လက်မောင်း အောင့်ခြင်း စသည့် နှလုံး သွေးကြောပိတ် လက္ခဏာများ ပေါ်လာပါကလည်း 119 သို့ ဖုန်းဆက်ပြီး ဆေးရုံ အမြန်သွားရမည် ။
⏰🛏
ရာသီဥတု အေးချိန်တွင် နှလုံး သွေးကြောပိတ် ရောဂါ အဖြစ်များဆုံး အချိန်မှာ မနက် ၅ - ၉ နာရီ ဖြစ်ပြီး အန္တရာယ် များသော ၄ နာရီဟု အမည်ပေးထားသည် ။ နွေးနွေးထွေး ထွေး အိပ်နေရာမှ အိပ်ရာ ထရာတွင် ပြင်ပ လေအေးနှင့်ထိပြီး အရေပြား အောက်ရှိ သွေးကြော များကျုံ့ကာ သွေး ပေါင်ချိန် ထိုးတက်သွား တတ်သည် ။ ဤ သို့ မဖြစ်စေရန် အိပ်ရာထရာမှာ စောင်ကို ဖြေးဖြေးခွါပြီး အနားမှာ အသင့်ထားတဲ့ အနွေးထည်ကို ထပ် ဝတ်ပြီး နွေးထွေး မှုကို ထိန်းရပါမယ် ။ နာတာရှည် ရောဂါ ရှိတဲ့ သက်ကြီး ရွယ်အိုများ အတွက် မနက် ၈ နာရီကျော်မှ အိပ်ရာ ထသင့် တယ်လို့ အကြံပေး ကြပါတယ် ။
📚
Dr.KoMyo
16 Nov 2023
01/08/2023
ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)သည် ဗုဒ္ဓဘာသာများ ဥပုသ်သီလစောင့်တည်ရသော ဝါတွင်းကာလ အစပြုသော နေ့ဖြစ်ပါသည်။
မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လေးမှ စ၍ နေ့ရက်တိုင်းမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင် ဆန္ဒများ တလုံးတဝ ပြည့်စုံကြပါစေလို့ HSu Pharmacy မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်🙏🙏🙏
12/05/2023
အားလုံးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ🙏🙏🙏
မိုခါမုန်တိုင်းကြီးကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေအချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေတာဖြစ်ပြီး ပိုမိုဆိုးရွားပြင်းထန်လာတာကို့တွေ့ရှိရပါတယ်
ယခု Cyclone Mocha
120kph, 983mb. ဖြစ်နေပါတယ် နောက် ၂၄နာရီအတွင်းမဖြစ်စေချင်တဲ့ Eye Feature မုန်းတိုင်းမျက်စိကိုမြင်ရတော့မှာဖြစ်ပြီး ကြိုတင်ခန့်မှန်းထားတဲ့ CAT3 မုန်တိုင်းအဆင့်ထက်တော်ကျော်လွန်ပြီး ရောက်ရှိသွားမှာကိုစိုးရိမ်မိပါတယ်
ဦးတည်ရာလမ်းကြောင်းကလည်းပြောင်းလည်းနိုင်တဲ့အလားအလာမတွေ့ရပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုတည့်တည့်ကြီးဦးတည်သွားနေလို့ ပို၍စိုးရိမ်မကင်းဖြစ်မိပါတယ်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းရာကိုကြိုတင်ရှောင်ရှားနိုင်ကြပါစေလို့ပဲဆုတောင်းမိပါတယ်
မင်းဂွတ်သီးလေးရဲ့စစ်မှန်တဲ့ဖြူစင်မေတ္တာတရားကြောင့်အားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေလို့ထပ်မံဆုတောင်းမေတ္တာပို့သအပ်တယ်
issued time
11/05/2023 7:45pm(MMT)
Credit Su San မင်း ဂွတ် သီး
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.
Click here to claim your Sponsored Listing.
Category
Website
Address
Myeik
9999