KSL
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSL, Business service, No. 5, Witike kyune Street, Myeik.
03/02/2021
ကျေးရွာမြေ ၊ ပါမစ်မြေ ၊ ဘိုးဘပိုင်မြေ ၊ ဂရန်မြေအရေးကြီးပုံ ၊
ဂရန်မြေလျှောက်နည်း စသည်ဖြင့် ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျေးရွာမြေ
======
မြို့နှင့်ကျေးရွာမြေ ပုဒ်မ ၄/၅ အရ မြို့မဟုတ်သည့် အိမ်ရာနေရာဆောက်လုပ်ရန် လျာထား သတ်မှတ်သည့် ဧရိယာနေရာကို ကျေးရွာဟု ခေါ်ပါသည်။ မြို့နှင့်ကျေးရွာမြေ ဥပဒေ ပုဒ်မ ၅ အရ ကျေးရွာတစ်ရွာ၏ နယ်နိမိတ်ကို သတ်မှတ်ပိုင်းခြားရန် နိုင်ငံတော်သမ္မတက "အမိန့်ကြော်ငြာစာ” ထုတ်ပြန်ရမည်ဟု ပါရှိပါသည်။ ဒါကြောင့် ရွာလူကြီးတို့လက်ညှိုးထိုးပြရုံမျှဖြင့် “ရွာမြေတိုးချဲ့ခြင်း" ဖြစ်ပေါ် မလာနိုင်ပါ။ “မြို့နယ် ထွေအုပ်/လယ်စီစာရင်း ဌာနကိုသွား၍ မေးမြန်းစုံစမ်းခြင်းဖြင့် အတည်ပြုချက် ရယူသင့်ပါသည်။ တရားဝင် “ကျေးရွာမြေ (သို့) ရွာမြေ" တို့ကို စီမံချက်အရ “ကျေးရွာဂရန်” လျှောက်ထားခွင့် ရှိပါကြပါသည်။
ပါမစ်မြေ
=====
နိုင်ငံတော်က ခန့်အပ်သော “အခွန်တော်အရာရှိ” (ခရိုင်အုပ်ချုပ်ရေးမှူး)က ခွင့်ပြုထုတ်ပေးမှသာလျှင် လိုင်စင်/ပါမစ်မြေစသည်တို့ကို သုံးစွဲခွင့်ရရှိပါမည်။ (မြို့ကျေး - ၁၆/ခ) သုံးစွဲခွင့်၊ နေထိုင်ခွင့်ရှိပါသည်။ သို့သော် “ဂရန်မြေ” မဟုတ်သေ းပါ။ “ဂရန်မြေ” ဖြစ်ရန် ဆက်လက် လျှောက်ထားရပါဦးမည်။ လိုင်စင်/ပါမစ်မြေတို့တွင် လည်း သက်တမ်းရှိကြပါသည်။ သက်တမ်းမကုန်မီ ဂရန်လျှောက် ထားနိုင်ပါသည်။ သက်တမ်းကုန်ဆုံးလျှင် ပြန်လည်အပ်နှံရမည်ဟူသော ကန့် သတ်ချက်ရှိပါသည်။ ပါမစ်မြေ ခွင့်ပြုချထားသည့် စာရွက်တွင် အရောင်းအဝယ် မပြုလုပ်ရဟုရေးသား ထားပါသည်။ အရောင်းအဝယ် ပြုလုပ်နေကြသည်ကိုလည်း တွေ့ဖူးပါသည်။ ရောင်း/ဝယ် လျှင် အခွန်အခမည်သို့ ဆောင်ရမည်ဟုဖော်ပြထားသည်များလည်း ရှိတတ်ပါသည်။
ဂရန်မြေ
====
လူနေထိုင်ရန်အတွက် “မြေ”ကို အစိုးရက “ငှားရမ်း” လျှင် “ဂရန်မြေ” ကိုရပါမည်။ အမွေပေးပိုင်ခွင့်ရှိသော “သုံးစွဲခွင့်၊ နေထိုင်ခွင့်” ကိုရပါသည်။ ၄င်းကို မြေ ပိုင်ရှင်အခွင့်အရေး (သို့) Land holder’s rights (သို့) လက်ဝယ် ထားပိုင်ခွင့် ဟုခေါ်ဆိုကြပါသည်။ နှစ်(၃၀) ၊ နှစ် (၆၀) မြေငှားစာချုပ် စသည့်ဖြင့် သက်တမ်းသတ်မှတ်၍ ငှား ပေးပါသည်။ အစိုးရကလွဲပြီး အခြားမည်သူကမှ ထိုကဲ့သို့ ဂရန်ချထားပေးပိုင်ခွင့်မရှိပါ။ “ဂရန်မြေ” ရရှိသူသည် “ဂရန်စာချုပ်” ပါစည်းကမ်းများအတိုင်း နေထိုင်ရပါသည်။ သက်တမ်းမကုန်မှီ (၃)လအလိုမှစ၍ သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ လူနေရန်အတွက် မြေတစ်ကွက်၏ တန်ဖိုးကို “ဂရန်” ရနိုင်မည် / မရနိုင်ဟူသော အချက်ဖြင့် ဆုံးဖြတ်ရပါသည်။ ဂရန်မြေကွက်ကို ရောင်း/ဝယ်လျှင် မှတ်ပုံတင်စာချုပ်ဖြင့် ပြုလုပ်မှသာ တရား ဝင်ပါသည်။ ဂရန်မြေ ကိုငှားရမ်းနိုင်ခွင့် နှင့် ဘဏ်တွင် ပေါင်နှံခွင့်တို့လည်း ရှိပါသည်။
ဘိုးဘပိုင်မြေ
=======
ဘိုးဘွားမိဘ လက်ထက်မှစ၍ ဓားမဦးချပိုင်ဆိုင်လာသော မစိုက်ပျိုးသည့် မြေကို “ဘိုးဘပိုင်မြေ” ဟုခေါ်ဆို ပါသည်။ (၉၂၉၊ ၁၈၉၉) စနစ်တကျ မြို့မြေကွက်များ ဖော်ထုတ်ရောင်းချခဲ့စဉ်က “ဝယ်ယူ” ပိုင်ဆိုင် ခဲ့ကြသော မြေတို့ကို “မြေပိုင်မြေ” ဟုခေါ်ပါသည်။ “လက်ဝယ်ထားပိုင်ခွင့်” (Land holder’s rights) ရှိကြပါသည်။ မြို့နှင့် ကျေးရွာမြေ ဥပဒေ ၁၆(က) အရ ယခုအခါတွင် “မြေ” ကိုနိုင် ငံတော်က “ဂရန်စာချုပ်” ဖြင့် အငှားချထားမှသာ လျှင်“လက်ဝယ်ထားပိုင်ခွင့်” ကိုရကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၇အရနိုင်ငံတော်သည် မြေအား လုံးတို့၏ ပင်ရင်းပိုင်ရှင်ဖြစ်ပါသည်။ လက်တွေ့တွင် “ဘိုးဘပိုင်”မြေကို ရောင်း၊ ဝယ်၊ ခွဲစိပ်၊ တိုက်ဆောက်လိုလျှင် “ဂရန်မြေ” လုပ်ထုံး လုပ်နည်းများအတိုင်းပင် ဆောင်ရွက်ကြရပါသည်။
ဂရန်လောင်းများ
========
ပိုင်ဆိုင်သူက လျှောက်ထားခဲ့လျှင် “ဂရန်” ရနိုင်မည့်မြေများကို ဂရန်လောင်းများဟုခေါ်ပါသည်ည်။ အခွန်တော် အရာရှိက ခွင့်ပြုထုတ်ပေးထားသော ပါမစ်၊ လိုင်စင်၊ စလစ် စသည့်မြေများ။ “ဂရန်မြေ မှသက်တမ်းလွန်နေခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့်ဖြစ်လာရသည့် “စကွာတာမြေ"များ။ စနစ်တကျ မြို့ကွက်ဖော်ထားသည့် မြို့ကွက်အတွင်း ကျူးလွန်သုံးစွဲထားကြသည့် စနစ်တကျ ကျူးကျော်မြေများ၊ လယ်ယာမြေမှ အခြားနည်းသုံးခွင့် ရရှိထားပြီဖြစ်သည်ည့်မြေများ။ လယ်ယာမြေတွင် အကျုံးမဝင်သော လက်မှတ်ရှိ မြေများ။ သမ္မတ ၏အမိန့်ကြော် ငြာ စာ ဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်သော “ရွာမြေများ" သည် “ဂရန်လျှောက်ထားခွင့်" ရှိကြပါသည်။
ဂရန်အသစ်လျှောက်ထားနည်း
===============
လျှောက်ထားလိုသူသည်
* မြန်မာ(သို့) ဧည့်နိုင်ငံသားဖြစ်ရပါမည်။
* (၁၈) နှစ်ပြည့်ပြီးစိတ်ပေါ့သွပ်သူမဖြစ်ရပါ။
* မြေကိုပိုင်ဆိုင်သည့်စာချုပ်စာတမ်း တင်ပြနိုင်ရပါမည်။
* “မြေခွန်” ကြွေးကျန်ကင်းရှင်းရပါမည်။
* ဂရန်မြေအဖြစ် “ငှားရမ်းခ”ကို ပေးဆောင်နိုင်သူဖြစ်ရပါမည်။
* မိမိပိုင်ဆိုင်သော“မြေ သည်လူနေခွင့်ရှိသည့်မြေဖြစ်ရမည်။ (ဥပမာ၊ လယ်ယာမြေမဖြစ်ရ)
- နိုင်ငံတော်မှအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီး ဖြစ်သောရွာမြေ (သို့)
- လယ်ယာမြေမှ “အခြားနည်းသုံးစွဲခွင့် ရရှိပြီးသောမြေ (သို့)
- စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ (သို့)
- စည်ပင်သာယာရေးကော်မတီ အမည်ပေါက်ရရှိပြီးသောမြေ (သို့)
- စည်းကမ်းဖြင့်ယာယီသုံးစွဲခွင့်ရသော “လိုင်စင်မြေ" (သို့)
- စည်းကမ်းဖြင့်ဆောက်လုပ်နေထိုင်ခွင့်ရသော “ ပါမစ်မြေ" (သို့)
- ဂရန်သက်တမ်းကုန်/ စည်းကမ်းဖောက်ခဲ့သည့် “စကွာတာမြေ" (သို့)
- လူနေရပ်ကွက်အတွင်း “စနစ်တကျကျူးလွန်ခြင်းမြေ" (သို့)
- ဂရန်ချထားပေးရန် “စီမံချက်ရှိပြီးမြေ” တို့အနက် တစ်ခုခုဖြစ်ရပါမည်။
ဂရန်မြေအရေးကြီးပုံ
==========
ကိုယ်နေဖို့“မြေ ဝယ်မယ်ဆိုလျှင်“ဂရန်” ရှိပြီးသားမြေကိုသာဝယ်ပါ။ (သို့) “ဂရန်” လျှောက်ထားလို့ ရနိုင်မည့် မြေမျိုးကိုဝယ်ပါ။ဥပမာ“ပါမစ်မြေ"။ “ဂရန်” ရှိသောမြေကိုပိုင်ဆိုင်မှသာလျှင် “၆ထပ်ခွဲ” နှင့်အထက်မြင့်သော တိုက်တို့ကို ဆောက်လုပ်ခွင့်ရကြမှာပါ။ တိုက်ခန်းဝယ်ပြီး နေလျှင်လည်း ထိုတိုက်ခန်းတည် ရှိတဲ့ “မြေ” ကို ပိုင်တဲ့ “ဂရန်ပိုင်ရှင်” လက်မှတ်ရဘို့က အရေးအကြီးဆုံးပါ။ သင်ရဲ့မြေကွက်က “ဂရန်အမည်ပေါက်” ဆိုရင် ဘဏ်မှာ ပေါင်နှံခွင့်ရှိပါတယ်။ ဂရန် မြေကိုဝယ်လျှင်တော့ မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ဝယ်မှသာ တရားဝင် အမည်ပေါက် ပိုင်ဆိုင်မှာပါ။
“ဂရန်အမည်ပေါက်”မြေ
============
၁။ ဂရန်စာချုပ်ပျောက်လျှင်
၂။ ပျက်စီးခဲ့လျှင်
၃။ သက်တမ်းကုန်လျှင် ပြန်လည်လျှောက်ထားရယူနိုင်ပါသည်။
၄။ ဂရန် သက်တမ်းမကုန်ဆုံးသေးတဲ့ သင့်မြေကွက်ကို ဂရန်ခွဲစိပ်လိုလျှင် အနည်းဆုံး ၂၀ ပေ x ၆၀ ပေခွဲရပါမည်။ အနည်းဆုံး ၂၀ ပေ × ၆၀ ပေကျန်ခဲ့ပါမည်။ တရားဝင် ခွဲရောင်းလို့လဲရတယ်လို့ ဆိုလိုခြင်းဖြစ်ပါသည်။
ဂရန်မြေ၏ ပိုင်ရှင် “မရှိ”လဲ မှတ်ပုံတင်နိုင်ပါသည်။ “မရှိသူ”ကို တရားစွဲပါမည်။ ပစ္စည်းလွှဲ - ၅၅(၁) (ဃ) အရ မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် “မရှိသူ”ကိုတရားစွဲပါမည်။ “မရှိသူ”မလာတော့ကိုယ်နိုင်ပြီဖြစ်လာပါသည်၊ တစ်ဖက်သတ် စစ်ဆေးခြင်း (Exparty)ဟုလည်းခေါ်ပါသည်။ အနိုင်ဒီကရီသည် ”စာရွက်”သာ ဖြစ်နေပါသည်။ “စာရွက်” သည် အလုပ်မလုပ်နိုင်ပါ၊ “လူ” ဖြစ်လာဖို့လိုပါသည်။ ထို့ကြောင့် “ဇာရီမှု” ဖွင့်မှ “လူ” ဖြစ်လာပါမည်။ ထိုသို့ဖွင့်လိုက်သော “ဇာရီမူ” အရ “တရားရှုံး၊ ဂရန်ပိုင်ရှင်” ကိုယ်စား လူ (၁)ဦး ခန့်ခွင့်ရပါပြီ။ “မရှိသူ” ကိုယ် စား ဘိလစ်စာရေးကြီးကို ခန့်ထားပါသည်။ တရားရုံးမှ “ဘိလစ်စာရေးကြီး” အား ခန့်လေ့ ရှိကြသောကြောင့် ဖြစ်ပါ သည်။ “ဂရန်ပိုင်ရှင်” အစားရလာပါပြီ။ ဘိလစ် စာရေးကြီးက အကုန်လုပ်ရပါတော့မည်၊ “မရှိသူ” ဂရန်ပိုင်ရှင် ကိုယ်စား ”ဘိလစ်စာရေးကြီး” ကမြေပုံထုတ်ခြင်း၊ ရာဖြတ်တင်ခြင်းမှစ၍ လိုအပ်သည်များကိုဆောင်ရွက်နိုင်ပြီး နောက်ဆုံးတွင်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် “မရှိသူ” ဂရန်ပိုင်ရှင် (ကိုယ်စား) လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆို ပေးပါလိမ့်မည်။ ဤတွင်လုပ်ငန်းပြီးပါသည်။
( ကြည်စိုး IC ပို့ချချက်များမှ ရယူပြင်ဆင်ရေးသားပါသည် MMH )
Credit: ဆရာ ဦးမျိုးမင်းထွန်း 🙏🥰🙏
03/02/2021
အိမ်ခြံမြေအားမေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမည့်သူများအတွက်++++++++++++++++++++++++++++++++++++++
* မိခင်၊ဖခင် မှ သားသမီးများ
* အကို၊အမ မှ ညီ၊ညီမ သို့ပေးကမ်းလိုသော
သူများအတွက်လမ်းညွန်
၁--မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံ၊_______________________
-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မိမိပိုင်ဆိုင်သော ဂရန်မြေ၊မြေပိုင်။ ေမြများကိုအထောက်ထားပြုပြီး မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇ၀င်လျောက်ထားကူးယူရပါမည်။ကြာချိန် ၃၀ ရက်။
လိုအပ်သောစာရွက်စာတမ်များ
*မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင် မူရင်း၊မိတ္တူ
*မှတ်ပုံတင် မူရင်းမိတ္တူ
*မြေခွန်ပြေစာ၊မြေပိုင်မြေဆိုမလိုပါ။
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ။
၂-မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်တန်ဖိုးသတ်မှတ်ခြင်း
___________________________________________
မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံရပါကမိမိတို့နေထိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနသို့သွားရောက်ထွက်ဆိုချက်ပေးရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ
* ပေးလိုသောမြေ၊အိမ်ဓါတ်ပုံ
*မေတ္တာဖြင့်ပေကမ်းသည့်စာချုပ်
*မေတ္တာဖြင့်ပေကမ်းခြင်းမြေပုံမြေရာဇ၀င်
*မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်
*ပေးသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*လက်ခံသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*မိခင်၊ဖခင်၊အကို၊အမတော်စပ်ကြောင်းကျမ်းကျိန်
*အဖိုးစားနားရယူခြင်းမရှိ၊မိမိပိုင်သော၊စီမံခန့်ခွဲလျက်ရှိသောကျမ်းကျိန်လွှာ( ပေးသူမှကျိန်ရပါမည်,)
*မိခင်ဖခင်မှ သားသမီးများရှိသည့်အနက် တစ်ဦးတည်းသာပေးပါက ကျန်မောင်နှမများ သဘောတူသိရှိကြောင်း၊ကန့်ကွက်ရန်မရှိကြောင်း တစ်ဦးချင်းစီမှကျန်းကျိန်တစ်စောင်ချင်းစီ(မောင်နှစ်မငါးယောက်ဆို ကျမ်းကျိန်ကုန်ကျစားရိတ်နဲ့သွားပြီ၊အချက်လက်များ၊မှတ်ပုံတင်နံပါတ်များမမှားစေရန်သတိပြုပါ)
*ပေးသူ၊ယူသူခံ၀န်ချုပ်(အခွန်ရုံးမှာနမူနာတောင်းကြည့်နိုင်ပါတယ်၊၊)
*စာချုပ်ပါ သက်သေနှစ်ယောက် နဲ့ မှတ်ပုံတင်မူရင်း
အထက်ဖော်ပြပါ အားလုံးစုံလျင်၊စာရွက်စာတမ်းများအားမိတ္တူ(၃)စုံဆွဲပါ၊မူရင်းများအားလုံးနှင့် ပေးသူ၊ယူသူ၊အသိသက်သေများ၊ကြောင်းကျမ်းကျိန်ထားသူများပါလိုက်သွားရပါမည်။အခွန်ရုံးရှိသက်ဆိုင်ရာအရာရှိထံမှန်ကန်ေကြာင်းထွက်ဆိုချက်ပေး၊လက်ပွေနှိပ်၊ဓါတ်ပုံရိုက်မှတ်တမ်းတင်တာ၀န်ကျအရာရှိမှလုပ်ပါသည်၊(တချို့ရုံးမှာတော့ဓါတ်ပုံမရိုက်ပါ၊၊)တခါတရံတာ၀န်ကျအရာရှိ အစည်းဝေးသွားခြင်း၊ကွင်းဆင်းသွားခြင်းများရှိပါတယ်၊၀န်ဆောင်မူ့ပေးသူအေနဖြင့်အရာရှိနှင့်ကြိုတင်ချိန်းထားသင့်ပါတယ်။
*၂/၃ပတ်ခန့်ကြာလျင်ခွင့်ပြုမိန့်ကျပါပြီ၊တံဆိပ်ခေါင်းခွန်၄%ချလံအခွန်ရုံးတွင်ယူပြီး၊သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပါ၊ဘဏ်မှေငွသွင်းချလံတပိုင်းပြန်ပေးပါမည်၊အဆိုပါချလံဖြင့်အခွန်ရုံးပြန်သွားပြီးတံဆိပ်ဂေါင်းထုတ်ပါ။
၃-စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခြင်း
__________________________________________
အဆိုပါတံဆိပ်ခေါင်းများရပါက ရန်ကင်းမြို့နယ်ရှိ၊စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပံုတင်ခ
0-5%( အခွန်ရုံးမှသတ်မှတ်သည့်တန်ဖိုးရဲ့0-5% /သိန်း100လျင်50000နုန်း၊)ထပ်မံထမ်းဆောင်မှတ်ပုံတင်ရပါမည်။
*လိုအပ်သောစာရွက်စာတမ်းများ
*ပိုင်ဆိုင်မူ့အထောက်ထား(ဂရန်၊အမည်ပေါက်စာချုပ်)
*ဘဏ်ငွေသွင်းထားသည့်ချလံ
*တံဆိပ်ဂေါင်း၊4%နှင့်မေတ္တာပေးစာချုပ်၊မေတ္တာပေးေမြပုံတွဲချုပ်
*သက်သေနှစ်ယေက်နှင့်မှတ်ပုံတင်မူရင်း
*ပေးသူ၊ယူသူ နှင့်မှတ်ပုံတင်မူရင်း
*အစိုးရရုံးဖွင့်ရက်တိုင်း နံနက်၉:၀၀မှစတင်မှတ်ပုံတင်ပေးပါသည်။
*မှတ်ပုံတင်စာချုပ်မှာ(၃) ပတ်နေလျင်ပြန်ရွေးရပါမည်
၄-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မြေအမည်ပြောင်းဆောင်ရွက်ခြင်း
____________________________________________
လိုအပ်သောစာရွက်စာတမ်များ
*မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင် မူရင်း၊မိတ္တူ
*မေတ္တာဖြင့်ပေးကမ်းခြင်းစာမှတ်ပုံတင်စာချုပ် မူရင်း၊မိတ္တူ
*လက်ခံရရှိသူမှတ်ပုံတင် မူရင်းမိတ္တူ
*မြေခွန်ပြေစာ၊မြေပိုင်မြေဆိုမလိုပါ။
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ
အမူ့တွဲဖွင့်ပြီး၄၅ရက်ကြာရင်အမည်ပြောင်းလို့ပြီးပါပြီ။
လက်ရှိဆောင်ရွက်နေသည့်အကြောင်းအရာများပါ။တခါတရံ ရုံးတွင်းညွန်ကြားချက်များကြောင့်အပြောင်းလဲရှိနိုင်ပါတယ်။
လေးစားစွာဖြင့်မျှဝေခြင်းပါ
UTZ law firm
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myeik
Opening Hours
| Monday | 09:00 - 17:59 |
| Tuesday | 09:00 - 17:59 |
| Wednesday | 09:00 - 17:59 |
| Thursday | 09:00 - 17:59 |
| Friday | 09:00 - 17:59 |
| Saturday | 09:00 - 17:59 |
| Sunday | 09:00 - 17:59 |