Movie reviews / Playback
Art, Artist, မြန်မာစာတန်းထိုး နိုင်ငံခြားကားများ
17/10/2018
Sanju (2018)
==========
ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ
ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ
ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ
============================================
ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ
ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ
ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး
============================================
AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်
အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီ ဒိုက်(ဇ်)ကို
သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်
ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ...
တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...
============================================
နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်
ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai နှစ်ကားလုံးကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ
နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေ အနေနဲ့ IMDb 8.5/ 10 နဲ့ Rotten Tomatoes 50% အထိ ရရှိထားပါတယ်
13/10/2018
Big Brother (2018) မြန်မာစာတမ်းထိုး
ဒီတစ်ခါမှာတော့ IP Man ရဲ့မင်းသားကြီးဖြစ်တဲ့ Donnie Yan ရဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ သူကဆရာတစ်ယောက်အနေနဲ့အဓိကပါဝင်ထားပါတယ် သူကဆရာစစလုပ်ချင်းမှာပဲအဆိုးအသွမ်းဆုံးဆိုတဲ့အခန်းကိုသင်ရပါတယ် သူ့တပည့်တွေကဘယ်လိုပြဿနာတွေရှာမယ် သူကဘယ်လိုလိုက်ရှင်းရတယ်ဆိုတာကို ဒီကားထဲမှာကြည့်ရမှာဖြစ်ပါတယ် နောက်ပီးတော့သူကစစ်သားတစ်ယောက်လည်းဖြစ်ပါတယ် သူစစ်သားဘဝကနေဘယ်လိုဆရာဖြစ်လာတယ် ဘယ်လိုပြဿနာမျိုးစုံနဲ့ကြုံတွေ့ရတယ်ဆိုတာ ဒီကားမှာ ဆရာနဲ့တပည့်ကြားကသံယောဇဉ်နဲ့ မိဘနဲ့သားသမီးကြားကသံယောဇဉ်တို့ကိုဖော်ပြရင်းနဲ့ရိုက်ကူးထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ် အရမ်းကောင်းတဲ့ လက်ဝှေ့ထိုးခန်းတွေလဲပါတာမို့ကြည့်ဖို့လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်
10/10/2018
Eighth Grade (2018) မြန်မာစာတမ်းထိုး
ပထမဆုံးအနေနဲ့ ဒီဇာတ်ကားလေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှပတဲ့ ဇာတ်ကားလေးတစ်ကားလို့ပြောပါရစေ...
ဇာတ်ကားနာမည်အတိုင်းပဲ အသက်၁၃နှစ်အရွယ် ရှစ်တန်းကျောင်းသူလေး Kaylaရဲ့ ကြီးပြင်းရင့်ကျက်လာမှုကို ရိုးရိုးလေးရိုက်ပြထားတာဖြစ်ပါတယ်...
Introvert တွေရဲ့ထုံးစံအတိုင်း စကားနည်းပြီး အေးဆေးနေတတ်တဲ့ Kaylaလေးဟာ ပတ်ဝန်းကျင်ရဲ့ဖိအားပေးမှုတွေကြောင့်
သူ့ကိုယ်သူပြောင်းလဲဖို့ကြိုးစားရင်း တဖြည်းဖြည်းရင့်ကျက်သွားတာကိုမြင်ရမှာပါ
ရှစ်တန်းကိုအောင်မြင်ရင် အလယ်တန်းကျောင်းပြီးလို့ အထက်တန်းကျောင်းကိုတက်ရတော့မယ့် Kaylaလေးဟာ
ရှစ်တန်းပြီးခါနီး နောက်ဆုံးရက်သတ္တပတ်မှာ အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်
စကားနည်းလွန်းပြီးတစ်ယောက်တည်းနေတတ်တဲ့ Kaylaကိုသူငယ်ချင်းတွေက လူထူးလူဆန်းလို့သတ်မှတ်ပြီး
ဝိုင်းကြဉ်ထားကြတယ်... သူငယ်ချင်းရဲ့မွေးနေ့ပွဲကို ဖိတ်လို့သွားခဲ့ပေမယ့် အားလုံးက သူ့ကိုရှိတယ်လို့တောင်မသတ်မှတ်ခဲ့ဘူး..
အမေမရှိတော့တဲ့ Kaylaကိုအဖေဖြစ်သူကလည်း ဂရုစိုက်ပေးပေမယ့် တချို့နေရာတွေမှာ လစ်ဟာနေတာတွေရှိတဲ့အခါ...
Kaylaလေးဟာ သူ့ဘာသာပြောင်းလဲဖို့ကြိုးစားရင်း အမှန်တရားတစ်ခု၊ ဘ၀ရဲ့ပျော်ရွှင်မှုတစ်ခုကိုရှာတွေ့သွားပါတော့တယ်...
ဒီဇာတ်ကားမှာ Kaylaအဖြစ်သရုပ်ဆောင်တဲ့ Elsie Fisherကိုဝေဖန်ရေးသမားတော်တော်များများက ချီးကျူးထားပါတယ်...
ဒီကားကို ကြည့်ရင်းနဲ့ ၀၀ကစ်ကစ် Kayla လေးကို ချစ်မိသွားမှာပါ...
အမြဲတမ်း စကားပြောရင် အထစ်ထစ်အငေါ့ငေါ့နဲ့ အလွဲလွဲအချော်ချော်တွေလုပ်ရင်း မျက်နှာ Expressionတစ်ချက်မယိုင်ဘဲ
သရုပ်ဆောင်သွားတာကိုတွေ့ရမှာပါ...
ဒါရိုက်တာ Bo Burnhamကလည်း ဖုန်းထဲမှာ text message ပို့ရင်း စာလုံးပေါင်းမှားတာလေးကအစ အသေးစိတ်
ဟာကွက်မရှိအောင် သေသေချာချာရိုက်ပြထားတာကိုတွေ့မှာပါ...
ရှင်းရှင်းပြောရရင် ဒီဇာတ်ကားလေးကိုညွှန်းဖို့အတွက် အခုreview က လိုအပ်ချက်တွေအများကြီးရှိဦးမှာပါ
ဒါကြောင့် Imdb rating 8.1/10 အထိ ရှိပြီး friendship, father love, maturity, အစရှိတဲ့ sense တွေမျိုးစုံနဲ့
ရှစ်တန်းကျောင်းသူလေး Kayla ရဲ့ဘ၀ကို လိုက်ပါစီးမျောကြည့်လိုက်ပါဦး...
Click here to claim your Sponsored Listing.
Website
Address
Myitkyin
90001
Opening Hours
| Monday | 16:00 - 20:30 |
| Tuesday | 16:00 - 20:30 |
| Wednesday | 16:00 - 20:30 |
| Thursday | 16:00 - 20:30 |
| Friday | 16:00 - 20:30 |
| Saturday | 16:00 - 20:30 |
| Sunday | 16:00 - 20:30 |