ICT Knowledge
လေ့လာပါ...
မျှဝေပါ...
26/06/2020
မိမိတင်ထားတဲ့ Windows 10 မှာ License Version လား၊ Crack Version လား စစ်ကြည့်ရအောင်
- အရင်ဆုံး Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box တွင် slmgr.vbs /xpr ( vbs နဲ့ / ကြား Space တစ်ချက်ရိုက်နော်) OK နှိပ်ပါ။
- The machine is permanently activated. လို့ပြရင် License Version
- Crack Version ဆိုရင် Volume activation will expire ဆိုပြီး သက်တမ်းကုန်ဆုံးရက်လေးပါ ပါပါမယ်။
15/06/2020
မင်္ဂလာပါ... 🙏🙏
=====================================
ဒီနေ့မှာပြောပြပေးမှာကတော့ Facebook မှာ Videosတွေက ကိုယ်မကြည့်ချင်ပဲနဲ့ Auto play နေတာတွေ၊ ကိုယ်က videos ကြည့်ဖို့ မနှိပ်ရသေးဘဲနဲ့ အလိုအလျောက် ပွင့်နေတာတွေကို ပြန်ပိတ်နည်း ပြောပြပေးမှာပါ။ Videos တွေ Auto Play ဖြစ်နေရင် မိမိရဲ့ ဖုန်းဘေလ် ပုံမှန်ထက် ပိုကုန်စေပါတယ်။
(သိပြီးသားသူတွေ အတွက်တော့ အရမ်းလွယ်မှာပါ။ မသိသေးတဲ့ သူတွေ အတွက်ပဲ ရည်ရွယ်ပါတယ်။)
အရင်ဆုံး Facebook ရဲ့ Menu ထဲဝင်ပါ။( News feed ရဲ့ ညာဘက် အပေါ်နားက မျဉ်းကြောင်းသုံးကြောင်းကိုနှိပ်ပါ။)
Settings & Privacy ဆိုတာကို နှိပ်ပါ။Settings ဆိုပြီး ထပ်ပေါ်လာပါလိမ့်မယ်။ Settings ထဲဝင်ပါ။ Settings ထဲ ဝင်လိုက်ရင် Account Setting, Security , Privacy... စတာတွေ တွေ့ရပါလိမ့်မယ်။ အဲ့တာတွေထဲဝင်စရာမလိုပါဘူး အောက်ဆုံးအထိ ဆွဲချလိုက်ပါ။
အောက်ဆုံးနားမှာ Media and Contact ဆိုပြီး ပါ ပါတယ်။ Media and Contact ထဲ ဝင်ပါ။ ဝင်ပြီးရင် အောက်ဆုံးနားမှာပဲ Auto Play ဆိုပြီး ပါ ပါတယ်။
အဲ့ထဲ ဆက်ဝင်လိုက်ပါ။ အဲ့ထဲ ဝင်ပြီးရင် အောက်ဆုံးက Never Auto play Videos ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင် Home Key နဲ့ ထွက်ပြီး Recent ရှင်းပေးလိုက်ရင် ရသွားပါပြီ။ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ်။
အားလုံး အဆင်ပြေကြပါစေဗျ။
S&T
Click here to claim your Sponsored Listing.