For Future Stars
Sharing good manners for future stars
Cultivate good habits.
(1)Prepation.
(2)How to prevent bad habits.
(3)Setting a time or scheduling.
(4)Keeping mental strength & focus.
#❄️
#👑
habits
23/11/2024
ကလေးငယ်လေးရေ
တီချစ်ရဲ့31နှစ်ပြည့်မွေးနေ့မှာ စာရေးဖို့ကြိုးစားခဲ့ပေမဲ့ အလုပ်မအားတဲ့အကြောင်းပြချက်တွေနဲ့စာမရေးနိုင်ခဲ့ဘူး...ဒီနေ့တော့မုန့်ဆိုင်တစ်ဆိုင်မှာမုန့်ဝယ်ရင်း ဆူပူတ်ပြီးမုန့်ရောင်းနေတဲ့ကလေးမလေးကိုကြည့်ပြီးအတွေးလေးတခုခေါင်းထဲဝင်လာခဲ့တယ်....
"အတ္တကင်းသော"
*ငယ်ငယ်က မုန့်သွားဝယ်တာဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ပစ္စည်းတခုခုဝယ်တာဖြစ်ဖြစ် ဝယ်ပြီးရင်လိုချင်တဲ့ပစ္စည်းလေး ရောင်းပေးလို့ ကျေးဇူးတင်ပါတယ်ပြောပြီးဝယ်ထားတဲ့ပစ္စည်းလေးပိုက် အိမ်ကိုအပြေးပြန်ပြီး ကျေနပ်ခဲ့တယ်..... *အသက်အရွယ်တခုရောက်လာတော့ ကိုယ်လိုအပ်တဲ့ပစ္စည်းဝယ်ပြီး စိတ်လိုလက်ရကျေးဇူးတင်ပါတယ်လို့ဆိုင်ရှင်ကိုပြောပြီးတဲ့အခါ ဆိုင်ရှင်ကနေ ရပါတယ်ရှင့် ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် စတဲ့ တုံ့ပြန်မှုမျိုးမရှိရင်တောင် ကျေနပ်တဲ့အပြုံးတစ်ပွင့်လောက်တော့ဆိုင်ရှင်ဆီကပြန်လိုချင်မိလာတယ်...ဘာရယ်မဟုတ်တဲ့အကြောင်းအရာကလေးကိုတောင် တဖက်ရဲ့အသိအမှတ်ပြုခြင်းကိုခံချင်တဲ့အတ္တလေးတွေနဲ့ ငယ်ငယ်ကလောက် နှလုံးသားလေးကမဖြူစင်တော့တာအမှန်ပါပဲ...
*ငယ်ငယ်က လမ်းဘေးမှာတောင်းစားနေတဲ့သူတွေတွေ့ရင် သနားပါတယ်ဆိုပြီးကိုယ့်မုန့်ဖိုးထဲကနေဖဲ့ပြီး သူတို့ကိုပေးလိုက်ရရင် စိတ်ထဲကြည်နူးပြီးတနေ့လုံးပျော်နေရောပဲ...
*အသက်အရွယ်နဲနဲကြီးရင့်လာပြီးငယ်ငယ်ကလိုပဲလမ်းဘေးမှာတောင်းစားနေတဲ့သူတွေတွေ့ရင် ရှိတာလေးနဲ့ အနည်းငယ်ဝေမျှပြီးတဲ့အခါ ငါပေးတာကို သူအလွဲသုံးစားလုပ်လိုက်မလား..ခုလိုပေးလိုက်လို့ အလုပ်မလုပ်ချင်တော့ပဲ အမြဲအလွယ်တကူတောင်းလို့ရတယ်ဆိုတဲ့စိတ်ကြီးဝင်သွားအောင်အားပေးလိုက်မိပြီလားဆိုပြီးစသဖြင့် ဘာမဟုတ်တာလေးတွေကအစ စိုးရိမ်ပူပန်တတ်လာတယ်.....
*အဲ့လိုအသေးအဖွဲလေးတွေကအစ ကြီးမားတဲ့ကိစ္စရပ်ကြီးအထိ newton ရဲ့နိယာမတွေ နဲ့မျှော်လင့်ချက်မျိုး၊ ပေးလိုက်တဲ့အရာအတွက် ပြန်ရယူလိုစိတ်မရှိပေမဲ့ တဖက်လူရဲ့ ကျေနပ်ပါတယ်၊နှစ်သက်ပါတယ်ဆိုတဲ့တုံ့ပြန်မှုမျိုး၊ မဖြစ်နိုင်ပေမဲ့ အရာအားလုံးအကောင်းဆုံးတွေဖြစ်လာအောင် ထိန်းချုပ်ချင်တဲ့ စိုးရိမ်စိတ်မျိုးတွေဟာ အသက်အရွယ်တခုရလာတဲ့အခါ ကြုံတွေ့လာတဲ့အရာတွေဖြစ်လာနိုင်တာမို့..ကလေးဘဝတုန်းကလောက်နှလုံးသားလေးတွေမဖြူစင်နိုင်တော့တာအမှန်ပါပဲ....
*တီချစ်ရဲ့ကလေးငယ်လေးတွေလည်းအသက်အရွယ်တစ်ခုရောက်လာတဲ့အခါ မာယာများတဲ့လောကကြီးရဲ့လှည့်ကွက်နတွေကိုရင်ဆိုင်လာရတဲ့အခါ ဖြူစင်ခဲ့တဲ့ကလေးဘဝလေးကိုပြန်အမှတ်ရပြီး ဘာမဟုတ်တဲ့ကိစ္စလေးတွေမှာမျှော်လင့်ချက်တွေမထားပဲ ကိုယ်ပေးဆပ်နိုင်တဲ့အရာကိုအတ္တကင်းတဲ့ပေးဆပ်မှုနဲ့သာလောကကြီးကိုအလှဆင်နိုင်ဖို့မျှော်လင့်ပါတယ်..
ကလေးတို့ရဲ့
တီချစ်
#❄️
30/05/2024
ကလေးငယ်လေးရေ
လောကမှာတွန်းချမဲ့လက်တစုံရှိတတ်သလို ဖေးမမဲ့လက်တစ်စုံကိုလည်းဘုရားကပြင်ဆင်ပေးပြီးသားမို့..ချောက်ထဲကျသွားလည်းမကြောက်ပါနဲ့
နေ့ရက်တိုင်းမှာပျော်ရွှင်စရာတွေမဖြစ်ခဲ့ရင်တောင် ဝမ်းနည်းစရာတွေကလည်းနေ့ရက်တိုင်းရောက်မလာနိုင်ပါဘူး..
အဆိုးနဲ့အကောင်းကဒွန်တွဲနေတာမို့ ဆိုးတခါကောင်းတလှည့်theoryလေးကိုလည်းနားလည်ထားရမယ်နော..
လောကမှာလူကောင်းတွေချည်းမရှိသလိုလူဆိုးတွေချည်းရှိနေတာလည်းမဟုတ်တဲ့အတွက် သင့်တင့်လျောက်ပတ်စွာနေတတ်ဖို့လေ့ကျင့်ထားပါဦး..
ကောင်းနေတဲ့သူကလည်း တခါတလေဆိုးကြည့်ချင်သလို ဆိုးနေတဲ့သူရဲ့နှလုံးသားလေးထဲမှာလည်းအဖြူရောင်လေးတစ်ကွက်တော့ရှိနေနိုင်တာမို့ အဖြူရောင်လေးကိုကြိုးစားရှာကြည့်ပါဦးနော...
ရခဲ့တဲ့ဖေးမမှုလက်တစ်စုံအတွက်နွေးထွေးမှုအငွေ့အသက်တွေနဲ့ပြန်ပြီးကျေးဇူးပြုပါ..တွန်းချတဲ့လက်တစ်စုံအတွက်တော့ ပြုံးပြလိုက်ပါ...ကိုယ်တိုင်ကလည်းဖေးမနိုင်တဲ့လက်တစ်စုံဖြစ်နိုင်အောင်ကြိုးစားတည်ဆောက်ပါ...
ရှင်သန်ရတဲ့ဘဝကခဏလေးပဲမို့
မပျော်ရတဲ့နေ့တွေမှာ ပျော်ခဲ့ရတဲ့ဘဝရဲ့သုံးပုံနှစ်ပုံနဲ့အနာဂတ်မှာရလာမဲ့ပျော်ရွှင်ခြင်းနေ့ရက်တွေအတွက် မျက်ရည်တွေခပ်ကြမ်းကြမ်းသုတ်ပလိုက်ပါဦးနော...
ဒီစာလေးရဲ့ခေါင်းစဥ်လေးကိုတော့ မပျော်ရတဲ့ကဗျာတစ်ပုဒ်ရဲ့ပျော်ရွှင်ခြင်းနေ့ရက်များလို့ တပ်ပေးခဲ့မယ်နော..
ကလေးငယ်လေးတို့ရဲ့တီချစ်
#မပျော်ရတဲ့ကဗျာတစ်ပုဒ်ရဲ့ပျော်ရွှင်ခြင်းနေ့ရက်များ
27/01/2024
Smart
ကလေးငယ်လေးရေ..ဒီမနက်လမ်းထလျှောက်ရင်းအတွေးတစ်ခုဝင်လာတယ်..Smartဆိုတဲ့စကားလုံးလေးပေါ့.....Smartအရမ်းကျတယ်နောလို့ပြောလိုက်ရင် သဘောမကျတဲ့သူမရှိသလောက်ပဲမဟုတ်လား...
Smartဖြစ်ဖို့ဆိုရင် Confidenceရှိဖို့လိုမယ်...Confidence ရှိဖို့ဆိုရင် ethicsရှိဖို့လိုမယ်...ethicsရှိဖို့ဆိုရင်တော့ Control yourself ပဲပေါ့ ကလေးငယ်လေးရေ ..
တီချစ်ရုံးကနေအိမ်အပြန်နောက်ကျတဲ့ရက်တွေဆို လမ်းမှာလမ်းသွားလမ်းလာချင်းအတူတူ အချို့သောအမျိုးသားတွေက မိန်းကလေးတစ်ယောက်တည်းလမ်းပြန်လျှောက်လာတယ်ဆိုပြီး ထိကပါးရိကပါးစနောက်ကြတယ်..(အချို့သောနော)..သူတို့တွေကိုကြည့်ပြီး ကျွန်မရဲ့တူလေးတွေကြီးလာရင်ရောဘယ်လိုလူတွေ ဖြစ်လာမှာလဲ ဆိုတဲ့အတွေးမျိုးကိုတွေးမိတယ်. ..လူ့ကျင့်ဝတ်ကိုသိနားလည်ပြီး ကိုယ်နဲ့မဆိုင်တဲ့အရာတွေကို အရေးတယူလုပ် စနောက်တတ်တဲ့သူမဖြစ်ဖို့မှာချင်ပါတယ် ကလေးငယ်လေးရေ....လူ့ကျင့်ဝတ်ကိုသိလျက်နဲ့ selfcontrolမလုပ်နိုင်ပဲ စိတ်ထင်ရာလျှောက်လုပ်မယ်ဆိုရင်လည်း smartဖြစ်တဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးနော..ethicsရှိတဲ့သူဟာ အလိုလို ကိုယ့်လုပ်ရပ်တွေအပေါ် ယုံကြည်မှုရှိလာမှာပါ...ဒါ့ကြောင် စမတ်ကျတဲ့လူသားတစ်ယောက်အဖြစ်ရှင်သန်ကြီးပြင်းလာဖို့ ကိုယ့်စိတ်ရဲ့အလိုဆန္ဒအပေါ်မှာ လူ့ကျင့်ဝတ်နဲ့ပြန်သုံးသပ်ပြီး အသက်ရှင်ဖို့လိုပါတယ်...တီချစ်ရဲ့ ကလေးငယ်လေးတွေ Selfcontrol လုပ်နိုင်ကြပါစေကွယ်...
ကလေးတို့ရဲ့ တီချစ်
Click here to claim your Sponsored Listing.