Loon Khat Mhan

Loon Khat Mhan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Loon Khat Mhan, Writer, .

Photos from Loon Khat Mhan's post 31/10/2022

ဖြစ်နိုင်ရင်
ကမ္ဘာမြေပေါ်မယ် အဝါရောင်ပန်းလှလှလေးတွေပဲ
ပွင့်စေချင်တယ်

ချစ်ခြင်းမေတ္တာအားဖြင့်
ကြည်လင်စွာ နိုးထလာရတဲ့မနက်ခင်းတိုင်းမယ်
ဒဏ်ရာတွေကင်းစေချင်တယ်

ပြီးတော့
ချစ်ရသူအားလုံးကို
ပျော်ရွှင်ချမ်းမြေ့စေချင်တယ်။

#လွဏ်းခက်မာန်

30/10/2022

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ

ကျနော့်ရဲ့ ''ဒဏ်ရာမှတ်တိုင် ''စာအုပ်လေးဟာဆိုရင် ၂နှစ်ပြည့်ခါနီးပါပြီ။ စာအုပ်ထွက်လာပြီး ဖြန့်ချိမယ့် ၁.၂.၂၀၂၁ ရက်နေ့မှာပဲ နိုင်ငံရေးအခြေနေကြောင့် နေရာတော်တော်များများကို မရောက်ဖြစ်လိုက်ပါဘူး။ ကျနော်လည်း ကျန်းမာရေးဖောက်ပြီး ဆေးရုံမှာပဲ အချိန်တွေကုန်ခဲ့တဲ့အတွက် ဒါတွေနဲ့ အဆက်သွယ်ပြတ်သွားတယ်။ ကျနော့်ဆီ ဘိုင်နိမ်းနဲ့မှာထားတဲ့သူတွေကိုတောင် ကျနော် ခုထိမပို့ပေးဖြစ်ခဲ့ပါဘူး။ အဲ့ဒီအတွက်လည်း ဒီနေရာကနေပဲ တောင်းပန်စကားဆိုပါရစေ။

အဲ...ခုနကစကားပြန်ကောက်ရရင် တော်တော်များများမဖြန့်ဖြစ်တဲ့အတွက် စာအုပ်တွေက ကိုလတ်စာပေဆီမှာပဲ ကျန်နေပါသေးတယ်။

ခု ကျနော်အဓိကပြောချင်တာက
ဒီရက်ပိုင်းအတွင်းမယ် ကျနော် အရေးပေါ်အခြေနေ ခွဲစိပ်ကုသထားရတာ သိတဲ့သူတချို့လည်း သိပါတယ်။ အဲ့ဒီအတွက် ငွေလိုလို့ပါ။ ဒီစာအုပ်လေးတွေ ပြန်ရောင်းချင်ပါတယ်။ The bookshop by khinkhin ပေ့ချ်က ညီမလေးကလည်း သူပြန်ရောင်းပေးပါ့မယ်လို့ပြောတာနဲ့ ဒီပိုစ့်ကို တင်ရတာပါ။

အားပေးကြပါဦး
အရေးပေါ် ငွေလိုအပ်နေတဲ့အတွက်ပါ

(ဒီလိုပိုစ့်မျိုးကို တင်ရတဲ့အတွက် များစွာအားနာရပါတယ်။)

(ကျနော့်ဆီ ဘိုင်နိမ်းနဲ့မှာထားပြီး မပို့ပေးရသေးတဲ့သူတွေကိုတော့ အမှတ်တရအဖြစ်နဲ့ပဲ ပြန်ပေးပါ့မယ်၊ ဝယ်စရာမလိုပါဘူး။)

21/10/2022

ချန်ခဲ့တာပဲဖြစ်ဖြစ်
ကျန်ခဲ့တာပဲဖြစ်ဖြစ်

နောက်ဆုံးတော့
တစ်ယောက်တည်းဖြစ်သွားတာပဲမဟုတ်လား။

-လွဏ်းခက်မာန်

21/10/2022

သတိရမှုတွေ၊ မပျော်ရွှင်မှုတွေဆိုတာ
ကိုယ်တိုင်လည်ပါတ်စေခဲ့တဲ့
သံသရာစက်ဝန်းလေးပဲမို့

ဘယ်တော့မှ
ရပ်တန့်သွားမှာမဟုတ်ဘူးလေ...။

-လွဏ်းခက်မာန်

21/10/2022

ချစ်ခြင်းမေတ္တာဟာ
ကိုယ် ဘယ်တုန်းကမှ မမှီခဲ့တဲ့ရထားလေးပဲ
အမြဲတမ်း လက်ပြကျန်ရစ်ခဲ့ရတာချည်းလေ။

-လွဏ်းခက်မာန်

12/10/2022

လွှတ်ချလိုက်တော့မယ်လို့ တွေးထားပြီးမှ
မသိမသာ တွယ်ကပ်ချင်နေ​သေးတဲ့
ကိုယ့်ရဲ့ မပြတ်မသားဆုံးဖြတ်ချက်တွေအတွက်လည်း
ရှက်ခဲ့ရပါတယ်။

#လွဏ်းခက်မာန်

Telephone

Website