DCCT School
ဒေါ်ချိုချိုသန့်
ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း
အမှတ်(၂၇) ကုသိနာရုံအတွင်းလမ်း၊ ပုသိမ်မြို့။
05/06/2026
မညာပါနဲ့စာဖိုမှူးကြီးရယ်
====================
ဟိုနေကလေ ညနေစာကို မီနူးစာရင်းပေးတော့ ရွက်စုံသုတ်တဲ့
သားတို့ကအသုတ်ဆိုကြိုက်မှကြိုက် စားလိုက်မယ်ပေါ့
တကယ်လာတော့...ရွက်စုံကျော်
နောက်တစ်ရက်..ရာသီပေါ်အရွက်ကျော်ဆိုတော့ ဘာရွက်များဖြစ်မလဲလို့ အလောင်းအစားေတာင်လုပ်ကြလို့
ဟီး...ဟီး လာလည်းလာရော
#သခွားသီးသုတ်...
စာဖိုမှူးကြီးက နိုင်ငံတကာအစားအစာဆိုကောင်းမှကောင်း
စားဖိုမှူးကတော်က မြန်မာစာဆို ဂွတ်မှဂွတ်
ချက်တဲ့လူနဲ့နံမည်ပေးတဲ့လူ ကီးနည်းနည်းလွဲနေတယ်ထင်တယ်
ရာသီပေါ်အရွက်နဲ့သခွားသီးကတော့ နည်းနည်းမကဘူး အများကြီးကီးလွဲတယ်ထင်ပါ့
ညာရင်ငရဲကြီးတတ်တယ်နော်
20/05/2026
DCCT school.က..ကလေးတွေကို
ညနေစာတိုင်း
ရွှေဝတ်မှူံမှာဖွင့်ထားတဲ့
UNCLE SAM က
မှာယူကျွေးတယ်ဆိုတာကို
မယုံချင်ကြဘူး
#ည၇နာရီလောက်ကုသိနာရုံမှာဖွင့်ထားတဲ့DCCTschoolရဲ့ထမင်းစားခန်းမမှာလာကြည့်
09/05/2026
စက္ကူပန်း 🌸
နူးညံ့သလို မြင်ရပေမယ့်
နေပူဒဏ်၊ မိုးဒဏ်ကို ခံနိုင်တဲ့ပန်းမျိုး…
ပန်းဖတ်လေးတွေက စက္ကူလိုပါးပါးလေးဖြစ်လို့
“စက္ကူပန်း” လို့ ခေါ်ကြတာ။
တကယ်တော့ အရောင်လှလှမြင်နေရတာက
ပန်းဖတ်မဟုတ်ဘဲ bract လို့ခေါ်တဲ့ အရွက်ပြောင်းလေးတွေဖြစ်ပြီး
အလယ်က အဖြူသေးသေးလေးကမှ ပန်းအစစ် 🌿
အလှကို အော်ဟစ်မပြပဲ
တိတ်တိတ်လေး ပွင့်နေတတ်တဲ့ ပန်းတစ်မျိုး… ✨
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pathein
10011