Hnin Set Eain

Hnin Set Eain

Share

Follow your dreams! You are main character of your life 👑!

01/06/2026

ဟိုရက်က ငှက်လေးတကောင်ကြောင်ကိုက်တော့ သူတကောင်ထဲကျန်ခဲ့ပြီးမလာတော့ဘူးဆိုပြီးသနားနေကြတာ အမယ်ဒင်းက ၂ရက်ကြာတော့အသစ်လေးခေါ်ပြီး အရင်လိုပဲ သီဆိုနေတော့ ကိုယ့်မှာ ကျန်ခဲ့တဲ့သူပိုခံစားရတယ်ဆိုတာ ပြန်ပြင်ရမလိုတောင်ဖြစ်😂
အမိအရပြန်ရိုက်ထားရတယ်🐦🐦
ဘာနေနေ ပျော်ရွှင်ပြီးခုလိုရက်မကြာပဲပြန်လာနိုင်တာပဲ စိတ်ချမ်းသာပါပြီ🩷🐦

Photos from Hnin Set Eain's post 30/05/2026

မိုးရာသီထဲ💚🤍💛🫠🌧️

29/05/2026

စိတ်ရှုပ်စရာနည်းနည်းရှိပေမယ့်
ပန်းလေးတွေအများကြီးပွင့်လို့ တော်ပါသေးရဲ့🤍🌧️
စိတ်ညစ်ရင် ပန်းဆိုင်ပြေးသွားတတ်တဲ့ အမျိုးသမီးကိုး😅🌸

21/05/2026

အရင်ကအလှပြင်ရင်
မျက်နှာလှတယ်လို့ထင်မိတာ
တကယ်က
စိတ်အကြည်ဓာတ်မရှိရင်
ဘယ်လောက်အလှပြင်ပြင်
မျက်နှာမှာလာပေါ်တယ်
လူတိုင်းကို ကိုယ်စိတ်ကောင်းတယ်
ဘယ်လောက်လှတယ်
လိုက်ရှင်းပြနေ‌မယ့်အစား
နှလုံးသားကစိတ်ငြိမ်းချမ်းရင်
မျက်နှာကပါအလိုလို
အေးချမ်းလာပါတယ်။


#အတွေးတခု


21.5.2026

Photos from Hnin Set Eain's post 18/05/2026

မိုးရာသီ အရမ်းငယ်တုန်းက အိမ်ရှေ့ကအဘိုးတို့လင်မယားနဲ့
လယ်တောထဲတခါလိုက်ဖူးတယ် ကြာတွေအများကြီးနဲ့ကန်ထဲ
လှေလှော်ပေးပြီး ခူးခိုင်းတယ် ကြာပန်းကြာဖူးတွေ
ကြာကွက်ကတော့ ပွင့်ဖတ်ကြွေပြီး
သူ့အထဲကဝတ်ဆံလေးကြီးရင့်ကျန်ခဲ့တာ
အခုတော့သူတို့လဲတယောက်ကဆုံးပြီး
တယောက်ကအရမ်းအသက်ကြီးနေပါပြီ
လှပတဲ့ကလေးသဘာဝအတိတ်ဆီ
အပူပင်မရှိတဲ့လူလေးတွေကို သတိရမိ🩷

Photos from Hnin Set Eain's post 17/05/2026

ကလေးကသိပ်မဆော့ရှာပါဘူး
သူ့အရုပ်တွေဆို ရစရာမရှိ
တီထွင် စမ်းသပ်ထားတာ
ငယ်ငယ်ကတော့လိမ္မာတုံးလေး
ခုတော့ ၂နှစ်မပြည့်ခင် don't ဆို do
‌အရှေ့၇အိမ်အနောက်၇အိမ်အကုန်ကြားရမယ်
သူပြန်လှည့်မလာဘူး
အဲ့တာလဲချစ်ရတာပဲ🫠🥰
ပန်းရောင်တွေ့တော့ မိန်းကလေးမထင်နဲ့
Boyလေး သူ့မိဘကဝယ်ရင် pink 😂
အသန့်ဆုံးအရုပ်ထဲဂင်းနစ်ဝင်သွားမယ် ဘာမှတ်😅

16/05/2026

ကြိုးကြိုးစားစား ထိုင်းထီထိုးလာတာ
5နှစ်နီးပါးရှိပါပြီ
ဒီလတော့ ပေါက်မယ်ထင်ထားတာ
ထင်တဲ့အတိုင်းပါပဲ


1လုံးတောင်မတူရှာပါဘူး😬😅

16/04/2025

နှစ်စဉ် တန်ခူးလဆို မြင်ရတဲ့ပိတောက်ပန်းလေး
သဘာဝတရားကတော့ သူ့တာဝန်သူကျေရှာပါတယ်
အမြဲဖူးပွင့်လို့ ဝေဆာကြတာပါပဲ
ရနံ့ကလဲသင်းလို့ အရင်အတိုင်းပဲ💛💚

ကိုယ်ကသာ ဘာလို့မှန်းမသိ
သူ့မြင်နေရတာကို
လွမ်းလွမ်းဆွေးဆွေးခံစားချက်နဲ့
ဆရာမဂျူးစာအုပ်နာမည်လို
"ဆုံနေရက်နဲ့လွမ်းလေခြင်း"တွေဖြစ်🙄

ဒီနှစ် နွေဦးဟာ လူအများစုအတွက်
တချို့က ခံစားချက် ဗလာနဲ့
တချို့က ခြေဗလာနဲ့
ဒီလိုနဲ့ နေ့ညပြောင်းရင်း
သက်ြန်တောင်ကုန်ဆုံးသွားပြန်ပြီ။


16April2025

Photos from Hnin Set Eain-နှင်းစက်အိမ်'s post 03/02/2025

ခြံထဲကမရမ်းဖူးလေးတွေ ဒီနှစ် မနှစ်ကထက်အရမ်းပိုများပါတယ်💛
သီးလာရင်တော့စားရပါတော့မယ်💚🧡😋

31/01/2025

မနက်စာကိုဘာစားရမလဲလို့ ညဘက်တွေးမိတိုင်း
မုန့်ဟင်းခါး ခေါက်ဆွဲကို မမုန်းပဲအများဆုံးစားနိုင်တဲ့လူသားပါ😁😋

Want your business to be the top-listed Media Company in Pathein?
Click here to claim your Sponsored Listing.

Category

Website

Address

Pathein