HHW Book Shop
စာပေချစ်မြတ်နိုးသူများ မှာယူအားပေးနိုင်ပါပြီ
12/05/2023
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
အချစ်ရေ..သူကပြောသေးတယ်...
အချစ်ဆိုတာ..လိပ်စာတပ်ထားလည်း မင်းဆီ
ရောက်ချင်မှ ရောက်မှာ တဲ့.. 💛
လူငယ်စာရေးဆရာမလေး လွန်း ရဲ့ ဒုတိယမြောက် စာအုပ်ကလေးဖြစ်ပါတယ်။ ဆရာမ လွန်းဟာ ပထမစာအုပ်ဖြစ်တဲ့ ချစ်သောနေကြာ စာအုပ်မှာကတည်းက လူငယ်ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
လူငယ်ပီပီ အရေးအသားတွေ သစ်လွင်လတ်ဆတ်လှသလို စာဖတ်သူရင်ထဲကို တစိမ့်စိမ့်ခံစားရစေမယ့်
အတွေးရသတွေ၊ ချစ်စရာကောင်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ကဗျာတွေဟာ ထိရှလှပါတယ်။
ကဗျာတွေတင်မဟုတ်ဘဲ လွန်းဟာ ဝတ္ထုတို၊ အက်ဆေးအရေးအသားတွေမှာလည်း အဆင့်အတန်းတစ်ခုအထိ ပိုင်နိုင်လှတာကို တွေ့ရမှာဖြစ်ပါတယ်။
အကယ်၍
ရှင်သာ ကျွန်မအပိုင်လေးဖြစ်လာခဲ့မယ်ဆိုရင်
ဆိုးသွမ်းတဲ့ လောကဓံကို
ဒေါက်ဖိနပ်လေးတစ်ရံက အံတုလိမ့်မယ်
မနက်ဖြန်တွေမှာ ပြုံးဖို့
စိန်ပန်းနီနီတွေ ပွင့်ဝေလိမ့်မယ်
သစ္စာရှိကြောင်းပြဖို့
ဥဩတွေ တွန်မြည်လိမ့်မယ်
ရှင့် အချစ်ဆုံး ကြောင်ကလေး
ကျွန်မ လိုက်ချစ်ပေးမယ်
သဘောထားကြီးပါတယ် အချစ်ရယ်
ရှင့်ကို လုယူသွားမယ့် အမျိုးသမီးတွေကလွဲရင်
သဘာ၀တရားအားလုံးအပေါ်
ကျွန်မက သိပ်သဘောထားကြီးပါတယ်...။
လွန်း
📖 ချစ်စိတ် 📖
🖊 စာရေးသူ - လွန်း
💸 တန်ဖိုး - 4000 (ပထမအကြိမ်)
🗒 စာမျက်နှာ - 112 မျက်နှာ
🎁လက်ဆောင် - စာမှတ်ကတ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Paungde