Honey’s Kitchen Pyay

Honey’s Kitchen Pyay

Share

Food , delivery & class

17/11/2024

ဒီနေ့တော့ မင်မင်ကြော်စားဖြစ်တဲ့ #ကင်မ်ချီထမင်းကြော် ( ) recipe လေးမျှဝေပေးချင်ပါတယ်နော်။

ဆန် - နို့ဆီဗူး 1လုံးခွဲ ( ခပ်မာမာလေးချက်ထားပေးနော်။)
ကင်မ်ချီ - 1 ပန်းကန် ( ခပ်သေးသေးလေးတွေ လှီးထားပါ။)
ကြက်သွန်ဖြူ - 5မွှာ (နုတ်နုတ်စင်း)
ကြက်အူချောင်း - 4 ချောင်း (အတုံးတုံးထားပေးပါ။တခြား အသားများနဲ့လဲ အစားထိုးလို့ရပါတယ်နော်။)
ကိုးရီးယားငရုတ်နှစ် - 1 tbsp (မရှိရင် မထည့်လဲရတယ်နော်။)
ငရုတ်သီးမှုန့် - 1 tbsp (အစပ်ကြိုက်ရင်ပိုထည့်ပါ။)
ဆီ - အနည်းငယ်
ဆား - အနည်းငယ်
ပဲငံပြာရည်အကျဲ - 3 tbsps
ရှာလကာရှည် - 1/2 tbsps
သကြား - 1/2 tbsps
နှမ်းဆီမွှေး - 3 tbsps
ကြက်ဥ - 4 လုံး ( half fried ကြော်ထားပေးပါ။)

-အရင်ဆုံး ပဲငံပြာရည်၊ရှာလကာရည်၊သကြား၊ ကိုးရီးယားငရုတ်နှစ် နဲ့ နှမ်းဆီမွှေး တို့ကို ရောဖျော်ထားပါ။
-ဒယ်အိုးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ အနံ့မွှေးလာရင် ငရုတ်သီးမှုန့်ထည့်ပါ။
-ပြီးနောက် ကြက်အူချောင်းထည့်ကြော်ပါ။ ပြီးရင် ကင်မ်ချီထည့်ပြီး သေချာမွှေပေးပါ။
-ပြီးနောက် ထမင်းထည့်ပါ။ ခုနဖျော်ထားတဲ့ sauce အရောထည့်ပါ။ အရသာအပေါ့ အငံမြည်းပြီး လိုအပ်လျှင် ဆား၊ အချိုမှုန့် ထည့်ပြီး အရသာရှိတဲ့ ကင်မ်ချီ ထမင်းကြော်လေးတပွဲရပါပြီနော်။
-ပန်းကန်ထဲထမင်းကြော်လေးထည့်…အပေါ်က နှမ်းလေးဖြူး ကြက်ဥကြော်ပူပူလေးနဲ့ အရသာကောင်းမှကောင်းလှတဲ့ ကင်မ်ချီ ထမင်းကြော်ပူပူလေးရပြီနော်။🤤🤤🤤

Photos from Honey’s Kitchen Pyay's post 03/11/2024

မင်မင့် Rasmalai လေး…😋😋😋
ကြိုက်ကြလားဝေ့…😬😬😬

Photos from Honey’s Kitchen Pyay's post 25/10/2024

😋😋

Want your business to be the top-listed Home Improvement Business in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pyay