TharrawaPyay News
သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်းမှ ထူးခြားသတင်းများကို ယခုပေ့မှ ဖော်ပြသွားပါမည်
14/06/2022
သာယာဝတီ အထကကျောင်းရှေ့၌ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားများမှ ရိုက်နှက်ဖမ်းဆီး
၂၀၂၂ ။ ဇွန် ။ ၁၄။ TharrawaPyayNews
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့နယ် အ. ထ. က ၁ ထိပ် ရန်ကုန်ပြည်ကားလမ်းတွင် ၂၀၂၂ ဇွန် ၁၃ ရက် ယမန်နေ့ညနေက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားများမှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည် ။
‛‛ ညနေက ကောင်းလေးတစ်ယောက် ထ - ၁ လမ်းထိပ်မှာ သေနတ်ပါးစပ်ထဲထည့်ပြီး ပါးတွေနားတွေရိုက်နှက်ပြီး တခါထဲဖမ်းခေါ်သွားတယ် ’’ လို့ မျက်မြင်တွေ့ရှိရသူ ဒေသခံတစ်ဦးက သာယာဝပြည် သို့ပြောပါတယ် ။
ဘယ်နေ့ ကိုယ့်အလှည့်ကြမလဲ ဆိုတာ ထိုင်စောင့်နေရသလိုပါပဲ စခွေးတွေ တော်တော်ခွေးပါးဝနေကြပြီ ရှင်းသင့်တာလဲ ရှင်းကြပါ လူထုက တော်တော်လေးကို အထိနာနေပြီ နိူင်ရာက ကူကြမယ် ဆိုလဲ ပြည်သူတွေဘက်က ဝိုင်းဝန်းကူညီပေးကြပါလို့ ၎င်းမှ ဆက်လက်ပြောကြားပါတယ် ။
ယခုဖမ်းဆီးခံရသူ၏အမည်နှင့်ဘာကြောင့် ဖမ်းဆီးသွားသည်ကိုတော့ သာယာဝပြည်အနေနဲ့ အသေးစိတ်မသိရှိရသေးပါ ။
ဇွန် ၁၃ ရက် ည ၁၂ နာရီဝန်းကျင်တွင် သာယာဝတီ သင်တောရိုးအနီးရှိ တိုးဂိတ်တွင် စကစ တပ်များ ကြောက်လန့်တကြား သေနတ်ပစ်ဖောက်နေပြီး မီးနင်းချောင်းတိုးဂိတ်တွင် လဲ စစ်ဆေးမှုများ တင်းကြပ်ထားကြောင်း ဒေသခံများထံက သိရပါတယ် ။
Photo-Crd
12/06/2022
လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မိမိသဘောဆန္ဒဖြင့် အမြန်ဆုံး နှုတ်ထွက်ရန် PDF မှ နောက်ဆုံးအကြိမ်သတိပေး
၂၀၂၂ ။ ဇွန် ။ ၁၂ ။ TharrawaPyay News
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မိမိသဘောဆန္ဒဖြင့် အမြန်ဆုံး နှုတ်ထွက်ရန် PDF မှ နောက်ဆုံးအကြိမ်သတိပေးခဲ့သည်ဟု ၂၀၂၂ ဇွန်လ ၁၂ ရက်နေ့ နေ့ ရက်စွဲဖြင့် အသိပေးကြေငြာထားကြောင်း သိရသည် ။
လက်ပံတန်းမြို့နယ် အတွင်းရှိ စကစ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားခြင်းမဟုတ်ပဲ စစ်အာဏာရှင်၏ လက်ကိုင်တုတ် အဖြစ်သာ ရှိနေပါသဖြင့် ပြည်သူလူထုမှ လုံးဝ နှစ်မြို့ခြင်းမရှိပါ ၊ ထိုအပြင် စစ်အာဏာရှင် ခိုင်းသမျှ ပြည်သူလူထုအပေါ် ဆက်လက် ဖိနှိပ် ပြုလုပ်နေကြရသည်ကို တွေ့ရှိနေရသည် ။
သို့ဖြစ်ပါ၍ ယနေ့ မှစ၍ တစ်ပတ်အတွင်း မိမိသဘောဆန္ဒဖြင့် အမြန်ဆုံး နှုတ်ထွက်ကြရန် တိုက်တွန်းထားပြီး ဆက်လက်တာဝန်ထမ်းဆောင်ပါက ပြည်သူလူထု၏ အဓိကနှင့် အနီးကပ်ဆုံးရန်သူအဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းသွားမည် ဖြစ်ကြောင်း နောက်ဆုံး အကြိမ် သတိပေးကြေငြာချက် ထုတ်ပြန်ထားပါတယ် ။
ယမန့်နေ့က စကစ ခန့်အပ်သည့် လက်ပံတန်းမြို့ ကျွန်းတာလေး တာဆုံ အုပ်ချုပ်ရေးမှူး မြင့်ရွှေ ဖြစ်သူ ပျူစောထီးခေါင်းဆောင် ကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPN - PDF ကသုတ်သင်ရှင်းလင်းထားပါသေးတယ် ။
Click here to claim your Sponsored Listing.