Diocese of Pyay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diocese of Pyay, Religious organisation, Strand Road, Pyay.
07/06/2026
22.5.2026တွင် ''မေတ္တာစေတနာဖြင့်ပေးကမ်းလှူဒါန်းခြင်း'' သင်တန်းအားသန်ရှင်းသောကားတိုင်အသင်းတော်၌ ပြုလုပ်ခဲ့ပါသည်။ လက်ခံပေးသောဘုန်းတော်ကြီးအာဒံမျိုးမင်းဦးနှင့်အသင်းသူအသင်းသားများအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
အဆိုပါသင်တန်းအား 6.6.2026 တွင် ရှင်ယာကုပ်အသင်းတော်ရှိ သံလည်ကြီးရွာ၌ တစ်ဆက်တည်း ပြုလုပ်ခဲ့ရာလက်ခံပေးသောဂိုဏ်းထောက်ကြီးကင်နွန်ပေါလုကျော်မြင့်နှင့်အသင်းသူအသင်းသားများအားလည်းကောင်း၊သာသနာပိုင်ကြီးကလေမင်ဆန်းဦး၊မိခင်ဥက္ကဌဆရာမမြတ်မြတ်မွန်၊အနားယူဘုန်းတော်ကြီးကင်နွန်သောမတ်စ်စိုးလွင်တို့မှသင်ခန်းစာများ
အသီးသီးသင်ကြားပေးခဲ့ကြသည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
မိခင်ဌာန
ပြည်သာသနာပိုင်နယ်
18/05/2026
ပြည်သာသနာပိုင်နယ်မိခင်များအသင်း၏ စုပေါင်းဝတ်အားရှင်ပေါလုအသင်းတော်ကြာအင်းကွက်သစ်တွင် (16.5.2026)တွင်ပြုလုပ်ခဲ့ပါသည်။ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ကြပါသည်။
သာသနာပိုင်နယ်မိခင်ဘုန်းတော်ကြီးဒေးဗစ်မင်းဇော်သိန်း၊သာသနာပိုင်နယ်အတွင်းရေးမှူးဘုန်းတော်ကြီးဒယ်နီရယ်မျိုးဇော်ထွန်း၊တရားဒေသနာဟောကြားပေးသောဘုန်းတော်ကြီးဂျိုးဇက်စိုးမင်းခိုင်၊ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးသောသာသနာပိုင်နယ်မိခင်ဥက္ကဌဆရာမဒေါ်မြတ်မြတ်မွန်၊ချီးမွမ်းခြင်းတွင်တီးခတ်ပေးကြသောဆရာအန်ဘရို့စ်နှင့်အဖွဲ့နှင့်ဧဝံဂေလိဆရာရှင်ယောဟန်မိခင်များအားလည်းကောင်း၊
သင်ခန်းစာသင်ကြားပေးကြသောဘုန်းတော်ကြီးစတီဗင်နှင်းအောင်၊မိခင်ဌာနမှူးဆရာမမိုင်သန္တာမြင့်တို့အားလည်းကောင်း၊ပါဝင်ပေးကြသောမိခင်များတစ်ဦးစီတိုင်းအားလည်းကောင်း
ချက်ပြုတ်ကျွေးမွေးဧည့်ခံပေးကြသော ရှင်ပေါလုမိခင်များတစ်ဦးစီတိုင်းအားလည်းကောင်း၊အထူးဆုတောင်းပေးနေကြသောသူတစ်ဦးစီတိုင်းအားကျေးဇူးအထူးတင်ရှိပါကြောင်းမိခင်ဌာနမှမှတ်တမ်းတင်အပ်ပါသည်။
မိခင်ဌာန
ပြည်သာသနာပိုင်နယ်
14/05/2026
ပြည်သာသနာပိုင်နယ်မှ ပြုလုပ်လျက်ရှိသော
အပတ်စဥ် စုပေါင်းဝတ်ပြုခြင်းတွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ဘုန်းတော်ကြီးဒေးဗစ်မင်းဇော်သိန်းမှ တရားဒေသနာ ဝေငှပေးမှာ ဖြစ်ပါတယ်။
https://us06web.zoom.us/j/6401815824?pwd=dTlqZnZrQU05aUNaSnovWU12cFZLUT09
Meeting ID: 640 181 5824
Passcode: bibleclass
''ပြည်သာသနာပိုင်နယ်''
Click here to claim your Sponsored Listing.
Category
Website
Address
Pyay