Botanical Sakura Myanmar

Botanical Sakura Myanmar

Share

Skin Care

Photos from Botanical Sakura Myanmar's post 18/11/2020

#ကျမလို ဝက်​ခြံ​တွေအမြဲထွက်​လို့ အ​ရေပြားအထူးကုနဲ့​တောင်​ ပြ​နေရတဲ့သူက
#ဒီအတွဲ​လေးသုံးလိုက်​မှပဲ အရင်​ကဝက်​ခြံ​တွေ အရမ်းထွက်​တာပါလို့​ပြောရင်​​တောင်​ သိပ်​မယုံချင်​ကြ​တော့ဘူးဟုတ်​လို့လား​ပေါ့
#အရင်​တည်းကသိတဲ့သူ​တွေက ဟုတ်​တယ်​အရင်​က အိမျက်​နှာဝက်​ခြံ​တွေအများကြီး မပြတ်​ဘူးထွက်​တာဆိုပြီး ဝင်​​ထောက်​ခံ​ပေးရတဲ့အထိ
Scrub & Mask & Foaming cleanser > 1 Set >>>20800

Photos from Botanical Sakura Myanmar's post 29/07/2020

FAQ for Botanical Sakura Facial Foam 🍃

ပါဝင်ပစ္စည်း များ နှင့် ထုတ်ကုန် အကြောင်း
၁။ထုပ်ပိုးမှု ၏ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု
-ပြန်လည် အသုံး ပြု နိုင်သော PET Grade ပလတ်စတစ်ကို သာ အသုံး ပြုထားပါသည်။

၂။အသုံး ပြုထား သော အနံ့ များ မှာသဘာဝအနံ့များ ဖြစ်ပြီး ဘေးကင်းမှု ရှိပါ သလား ။
-Botanical Sakura တွင် အသုံး ပြု ထား သော အနံ့များ မှာ သဘာဝ သစ်သီး အရွက်များ မှ ရရှိသော အဆီ များနှင့် သာ ဖော် စပ်ထား ပြီး ဘေး ကင်း စေ ပါသည်။

၃။တာရှည်ခံ ပစ္စည်းများ ပါဝင်ပါသလား ။
-အလှကုန်ပစ္စည်း များ တွင် ထည့်သွင်း အသုံး ပြုရန် ကမ္ဘာတစ်ဝှမ်းထောက်ခံ ချက် ရရှိထားပြီး ကျယ်ပြန့်စွာ အသုံး ပြုနေသော Phenoxyethanol (1%ရာခိုင်နှုန်း အောက်)ပါဝင်ပါသည်။

၎။Paraben free ဖြစ်ပါသလား
-Paraben free ဖြစ်ရုံ သာမကဘဲ Sulphate Free ဖြစ်ပါသည်။ဘေးကင်းစိတ်ချရသော Potassium Hydroxide ဖြင့် သာ ဖော်စပ်ထား ပါသည်။

၅။ဓာတ်မတည့်မှု ရှိပါသလား ။
-ရှိနိုင်ပါသည်။
မည်သည့်ထုတ်ကုန်မဆို လူတ်ုင်းနှင့် မတည့်ပါသဖြင့် ဓါတ်မတည့်မှု့ ရှိနိုင်ပါသည်။
Essential oil ပါဝင်သောကြောင့် Essential oilထုတ်ယူရရှိသော သစ်သီး အရွက်များ နှင့် ဓာတ်မတည့်မှု ရှိပါက ဖြစ်ပွား နိုင်ပါသည် ။
ဓာတ်မတည့်မှု လက္ခဏာများ မှာ
အသားအရေ ရောင်ရမ်း နီရဲ လာခြင်း အရောင်မညီ မှု ဖြစ်လာခြင်း
ယားယံလာခြင်း
အရည်ကြည်ဖုများ ထွက်ပေါ်လာခြင်း စသည်တို့ ဖြစ်ပွား နိုင် ပြီး
လက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရေဖြင့် ဆေးကြော ကာ သုံး စွဲ မှု ကို ချက်ချင်း ရပ် ၍ နီး စပ်ရာ ဆေးခန်း သို့မဟုတ် ကျွမ်းကျင် သူများ နှင့်ပြ သပါ

၆။ သက် တမ်း ကုန်ဆုံးရက်
-၁နှစ်၆လ
အဖုံးဖွင့်ပြီး ပါက ၉လအတွင်းသုံး စွဲရန်

၇။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အသုံးပြုနိုင်ပါသလား ။
အသုံး ပြုန်ုင်ပါသည်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အသုံး မပြုရန် တား မြစ်ထား သော ဆပ်ပြာအမျိုးအစားပါဝင်ခြင်းမရှိပါ

၇။ တိရစ္ဆာန်အဆီနှင့် စမ်း သပ်မှု
Botanical sakura မျက်နှာသစ်များ ကို အပင်မှရရှိသော ပါဝင်ပစ္စည်း များ နှင့် သစ်သီး ဟင်းရွက် အဆီများ ဖြင့်သာ ပြုလုပ်ထား ပါသည် ။



*အသားအရေ နှင့် သက်ဆိုင်သော မေးခွန်းများ
Foaming Cleanser for oily and Combination Skin
၁။ခြောက်သွေ့သော အသားအရေပိုင်ရှင်များ အသုံး ပြုနိုင် ပါသလား ။
အသုံး မပြုနိုင်ပါ

၂။ထိခိုက် လွယ်သော အသားအရေ ပိုင်ရှင် များ အသုံး ပြုနိုင်ပါသလား ။
အသုံးပြုနိုင်ပါသည်။
မျက်နှာ ပေါ် အသုံး မပြုခင် လက်သို့ မဟုတ် ခန္ဓာ ကိုယ် တစ်နေရာပေါ်တွင် ဦး စွာ စမ်းသပ်ပြီး မှ အသုံးပြုပါ ။

၃။အဆီပြန်သော အသားအရေများ အသုံး ပြုနိုင်ပါသလား ။
အသုံး ပြုနိုင်ပါသည်။

၎။Breakouts ဖြစ်နေသော အသားအရေ ပေါ်တွင် အသုံး ပြုနိုင်ပါသလား ။
အသုံး မပြုနိုင်ပါ။အဆီပြန်နှင့် ပေါင်းစပ်အသားအရေ အတွက်သာ ထုတ်လုပ်ထား ပါသည်

၅။ကြမ်း တမ်းအရေခွံလန်နေသော အသားအရေ ပေါ် အသုံး ပြုနိုင်ပါသလား ။
ကျွမ်း ကျင်သူနှင့် တိုင်ပင်၍ အသုံး ပြုနိုင်ပါသည်

၆။ နေလောင်သော အသားအရေ ပေါ် တွင် အသုံး ပြုနိုင်ပါသလား
အသုံး ပြုနိုင်ပါ သည်
သက်သာပျောက်ကင်း​စေ ပြီး ပိုးမွှားနှင့် မှို စွဲမှု ကို ကာကွယ်ပေးနိုင်ပါသည်။

Photos from Botanical Sakura Myanmar's post 24/07/2020

ပျိုမေလေးတို့ မဖြစ်မနေသိထားသင့်တဲ့ face scrub လုပ်ရာတွင် အထူးသတိထားရမည့်အချက်များ
💚💚💚💚💚💚💚

နေ့စဉ်သွားလာလှုပ်ရှားမှုတွေကြားထဲမှာ
နေဒဏ် လေဒဏ်တွေအပြင်
လေထုညစ်ညမ်းမှုကြောင့်
မမြင်ရတဲ့ဖုန်မှုန့်တွေ အညစ်အကြေးတွေဟာ
မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်လေးတွေမှာ
ပိတ်ဆို့တတ်ပါတယ်။
ပုံမှန် cleaning foam တွေ သုံးပေးရုံက
ချွေးပေါက်အတွင်းပိုင်းထဲအထိ
Cleaning မလုပ်ပေးနိုင်တဲ့အခါမှာ ၀က်ခြံတို့ အဆီဖုတို့ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် အရေပြားအတွင်းပိုင်းမှာ
ကျန်ရှိနေတဲ့ ဆဲလ်သေလေးတွေကို
မဖယ်ရှားပေးနိုင်တဲ့အခါမှာလည်း မျက်နှာအသားအရည်ဟာ
အရင်ထက် ပိုညစ်ညမ်းမှုတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် တစ်ပတ်မှာ တစ်ကြိမ်တော့ scrub လုပ်ပေးဖို့ လိုအပ်ပါတယ်။

Face Scrub တွေကို အသုံးပြုမယ်ဆိုရင် သင့်တော်တဲ့ ပမာဏကိုယူပြီး
မျက်နှာကို စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။
(၁)မိနစ်ကနေ (၃)မိနစ်ထိ ပွတ်တိုက်ပေးပြီး
ရေဆေးချလိုက်ရင် မျက်နှာမှာရှိတဲ့ အဆီတွေ၊ ချွေးပေါက်ပိတ်နေတာတွေ၊ အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။

Face Scrub လုပ်ရာတွင် အထူးသတိထား လိုက်နာရမဲ့ အချက်တွေကတော့

💚၁. မျက်နှာကို scrub အသုံးပြုရာတွင် မျက်နှာအသားအရည်ဟာ အရမ်းကိုနူးညံတာဖြစ်တဲ့အတွက် ညင်သာစွာပွတ် အသုံးပြုပေးရပါမယ်။

💚၂. Scrub က ဆဲလ်သေတွေကို ဖယ်ထုတ်ပြီး ချွေးပေါက်တွေ ပွင့်စေတာမို့ အသုံးပြုပြီးရင် အစိုဓာတ်ထိန်းပေးနိုင်ရန် ကိုယ်သုံးနေကျ moisture တစ်ခုခုလိမ်းပေးရပါမယ်။

💚၃. Scrub သုံးပြီးသည့် ချက်ချင်း အကာအကွယ်မပါဘဲ နေပူထဲထွက်ခြင်းကို လုံးဝရှောင်ရှားရပါမယ်။

💚၄. ထိလွယ်ခိုက်လွယ်တဲ့ အသားအရေရှိသူများနှုင့် ၀က်ခြံအထွက်များသူများ ကိုယ်နဲ့ကိုက်ညီမဲ့ product ကို စမ်းသပ်ရွေးချယ်ကာ အထူးဂရုစိုက် အသုံးပြုရပါမယ်နော်။

💚၅. လေဆာကုသမှု ခံယူထားတဲ့သူများကတော့ မည်သည့် scrub အမျိုးအစားကိုမဆို အသုံးပြုရန် မသင့်တော်ပါဘူးနော်…

ပျိုမေလေးတို့လည်း ဒီအချက်တွေကို လိုက်နာပြီး face scrub ကို စနစ်တကျအသုံးပြုလို့ရအောင် ပြောပြပေးရခြင်း ဖြစ်ပါတယ်ရှင်။

23/07/2020

#မျက်​နှာမှာ ဆဲလ်​​သေ​တွေ ရှိ​နေရင်​​တော့
ဘယ်​​လောက်​​ကောင်းတဲ့ Skin Care ​တွေပဲလိမ်းလိမ်း ထိ​ရောက်​မှာမဟုတ်​ပါဘူး​နော်
#ဆဲလ်​​သေ​တွေဖယ်​ဖို့က Face scrub ​လေး တပါတ်​ ၂ကြိမ်​ မ​ဖြစ်​မ​နေ သုံးရမှာပါ​နော်

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address

Tet Street
Pyay