Co Co mobile
Mobile Phones & Accessories Whole sales and Retail Mobile Phones &Accessories Distribution
18/07/2023
#ခပ်ချေချေအတွေးများ(၉၆)
ဖုန်းမှတ်ပုံတင်ရမယ်ဆိုပြီး မက်ဆေ့တွေပို့တယ်။ မှတ်ပုံတော့ အဆင်ပြေပါသတဲ့။ တစ်ခါဖုန်းပိတ်သွားပြန်တယ်။ မှန်ပုံတင်ထပ်လုပ်တော့ မှတ်ပုံတင်ပြီးသားဖြစ်ကြောင်း မက်ဆေ့ဝင်လာတယ်။ ခဏနေတော့ဖုန်းပြောလို့ရတယ်။ တစ်ခါခေါ်မရပြန်ဘူး။ ကိုယ့်ဆီဖုန်းခေါ်တဲ့သူတွေလည်း ဖုန်းပိတ်ထားတယ်လို့ပဲ့ပြန်ဖြေသတဲ့။ ဒါနဲ့မနေ့ကဖုန်းရုံးရောက်သွားတယ်။ ဝန်ထမ်းတစ်ယောက်က'ဦးလေးဖုန်းနံပါတ်ပြောပါ' ဆိုတော့ဖုန်းနံပါတ်ပြောပြီး ဖုန်းကိုပါပြလိုက်တယ်။ ကုတ်နံပါတ်ကျမလာလို့ဆိုပြီး ခဏစောင့်တယ်။ 'ဦးလေးမှတ်ပုံတင်ပါလား'မေးတော့ မှတ်ပုံပေးလိုက်တယ်။ ခဏနေတော့ 'ဦးလေးမှတ်ပုံနဲ့က၂ကတ်ကျော်နေပြီ ဖုန်းအပိတ်မခံရအောင် အခြားမှတ်ပုံတင်ယူခဲ့ပါ' လို့ပြောတယ်။ ၂ကတ်မကျော်ပါဘူးလို့လည်း ပြောလို့မရဘူး။ အပြန်သမီးဖို့မုန့်ဝယ်နေတဲ့အချိန် အဝင်ကောတစ်ကောရတာနဲ့ အထွက်ရောရလားဆိုပြီး မိန်းမဆီဖုန်းခေါ်ကြည့်တော့ ခေါ်လို့ရတယ်။ ညကြတစ်ခါပိတ်သွားပြန်တယ်။ ဒီနေ့မနက်ကြပြန်ပွင့်ပြန်တယ်။ မိန်းမမှတ်ပုံရောယူပြီး ဖုန်းရုံးရောက်သွားတော့ 'ဖုန်းကပွင့်နေပေမယ့် အခြားမှတ်ပုံတင်နဲ့မှလုပ်လို့ရမှာ' ဆိုတော့ မိန်းမမှတ်ပုံတင်ကိုပေးလိုက်တယ်။ ခဏနေတော့ 'ဦးလေးအမည်နဲ့မှတ်ပုံတင်ပြီးသားပါ' လို့ပြောပြန်တယ်။ ရာသီဥတုကလည်းတော်တော်လေးပြင်းတယ်။ ခေါင်းတွေလည်းချာချာလည်နေတာပဲ။ စိတ်ထဲမှာတစ်ခုခုကိုရိုက်ခွဲပြစ်ချင်နေမိတယ်။ အိမ်ပြန်ရောက်တော့မိန်းမကိုမှတ်ပုံတင်ပြန်ပေးလိုက်တယ်။ မိန်းမက 'ရှင့်ဟာ ဘယ်လိုဖြစ်နေတာလဲ' 'မင်းနားလည်အောင်ရှင်းပြဖို့ ငါကိုယ်နားမလည်ဘူးဖြစ်နေတယ်'
#မိုသျှန်း
1872023
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyay
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |