S&K Used Laptop Store
Welcome to S&K used laptop store ယုံကြည်စိတ်ချစွာ၀ယ်ယူအားပေးနိုင်ပါသည်။
05/03/2024
User အများစုသတိမထားမိကြတဲ့
Laptop များရဲ့အားသာချက်တချို့
========================
Desktop နဲ့ Laptop ရဲ့ ကွာခြားမှုအများစုကို အသုံးပြုသူအများစုသတိထားမိကြမှာပါ။ ၂ မျိုးစလုံးမှာ အသုံးဝင်ပုံနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ အားနည်းချက် အားသာချက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် Computer အသုံးပြုသူတွေ သတိမပြုမိကြတဲ့ Laptop တွေရဲ့ အားသာမှုတချို့ ရှိပါတယ်။ အများအားဖြင့် Desktop အသုံးပြုသူတွေအနေနဲ့ မသိကြတာများပါတယ်။ အဲဒါတွေကိုစုစည်းဖော်ပြလိုက်ပါတယ်။
ပုံစာနဲ့လည်း ပူးတွဲဖော်ပြထားပါတယ်။
(၁) Wi-Fi / Bluetooth
Laptop တွေဟာ Mobile Used သွားလာသယ်ဆောင်အသုံးပြုရတဲ့ ပစ္စည်းတစ်ခုဖြစ်တာကြောင့် Wifi / Bluetooth အစရှိတဲ့ ကြိုးမဲ့ကွန်ယက်ကို အသုံးပြုလို့ရအောင် စံနှုန်းအနေနဲ့ ထည့်သွင်းထားပါတယ်။ Desktop System Unit အားလုံးနီးပါးမှာ Wifi Network Chip နဲ့ Bluetooth Chip တွေ မပါဝင်တဲ့အတွက် Wifi / Bluetooth ချိတ်ဆက်မှု တွေကို လုံးဝ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ User အများစုက Desktop ကို Wifi စနစ်ပါတယ်ထင်ပြီး Wifi ချိတ်ဆက်ဖို့ ခဏခဏကြိုးစားကြပါတယ်။ အဲဒီလိုချိတ်ဆက်နိုင်ဖို့အတွက် USB Wifi / Bluetooth Adapter လေးတွေ ဝယ်ယူတပ်ဆင်ပြီးအသုံးပြုရပါမယ်။
(၂) We**am
Laptop အများစုမှာ we**am တပါတည်း ပါဝင်လေ့ရှိပါတယ်။ Desktop တွေအားလုံးမှာတော့ We**am ပါဝင်မှုမရှိပါဘူး အဲဒါကြောင့် USB We**am ကို ထပ်မံတပ်ဆင်အသုံးပြုရပါမယ်။
(၃) Sound Speaker
Mobile ထုတ်ကုန် ဖြစ်တဲ့ Laptop တွေမှာ အသံထွက်စနစ်အတွက် Speaker တစ်စုံကိုပါ တစ်ပါတည်းတပ်ဆင်ထားပါတယ်။ Desktop တွေမှာက Buzzer လို့ခေါ်တဲ့ Error Message ပေးတဲ့ Speaker သေးသေးလေးကိုသာ Motherboard မှာတပ်ဆင်ထားတာကလွဲပြီး တခြားအသံစနစ်အတွက် Speaker တွေတပ်ဆင်ထားတာမရှိပါ။ (တချို့ Branded PC တွေနဲ့ AIO PC တွေမှာတော့ Monitor မှာ တပါတည်းတပ်ဆင်ပေးထားပါတယ်) အဲဒါကြောင့် သီချင်းသံ အစရှိတဲ့ အသံတွေနားထောင်ချင်ရင် Desktop Computer System Unit ရဲ့ Audio Out အပေါက်ကနေတစ်ဆင့် အသံချဲ့စနစ်ပါတဲ့ Active Computer Speaker ကိုသီးသန့် တပ်ဆင်ရပါတယ်။
(၄) Hibernation Power Option
Laptop တွေမှာ Battery ပါဝင်တဲ့အတွက် အသုံးပြုနေတဲ့ System ကို မပိတ်ပဲ Hibernate Option ကို အသုံးပြုနိုင်ပါတယ်။ Hibernate ဟာ ရောက်လက်စ သုံးလက်စနေရာကို မှတ်ထားပြီး Battery ရှိနေသမျှ ကြိုက်တဲ့အချိန် အသင့်ပြန်ဝင်သုံးနိုင်ပါတယ်။ အဲဒီ Option ကို On Windows ထဲမှာ ထားရင် Shut Down ခလုပ်နှိပ်တဲ့အခါ Hibernate ခလုတ်လေးပိုလာပါမယ်။ Desktop တွေမှာက Battery မပါတာကြောင့် Hibernation ဟာ အပိုဖြစ်နေပါတယ်။
(၅) Fn Key
Fn Key ဟာ Laptop တွေမှာ စံနှုန်းတစ်ခုတွေနဲ့ ပါဝင်ပါတယ်။ Fn Key ကို တခြား Key တွေနဲ့ တွဲနှိပ်မယ်ဆိုရင် Laptop တလုံးရဲ့ အရေးပါတဲ့ အလင်းအမှောင်ချိန်ညှိတာတွေ/ အသံအတိုးအကျယ်တွေ/Wireless စနစ် အဖွင့်အပိတ်တွေ
/ ပြင်ပ Monitor သို့မဟုတ် TV နဲ့ချိတ်ဆက်မှု Screen Sharing အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်သလို Laptop Model အပေါ်မူတည်ပြီး Fn ခလုတ်ရဲ့ အသုံးဝင်ပုံချင်း ကွာခြားပါတယ်။
(၆) Screen Sharing
Laptop တွေဟာ ၎င်းမှာပါဝင်တဲ့ HDMI/VGA Port ကနေတစ်ဆင့် External Monitor သို့မဟုတ် TV တွေကို ကြိုးနဲ့ချိတ်ဆက်ပြီး Screen Sharing ပြုလုပ်နိုင်သလို Wifi ကို အသုံးပြုပြီး Screen Cast စနစ်နဲ့ Smart TV တွေနဲ့ ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Desktop တွေမှာက Monitor သီးသန့် ပါဝင်ပြီးသားဖြစ်တဲ့အတွက် Graphic Card အပေါ်မူတည်ပြီး နောက်ထပ် Monitor/TV တစ်လုံးနဲ့ချိတ်ဆက်ဖို့ အကန့်အသတ်ရှိပါတယ်။
(၇) Card Reader
Laptop အများစုမှာ Card Reader တပါတည်း ပါဝင်ပါတယ်။ ပုံမှန်အနေနဲ့ SD Card ထည့်သွင်းအသုံးပြု ရသလို မော်ဒယ်မြင့်ပါးလွှာတဲ့ Laptop တွေမှာဆိုရင် Micro SD Card ပေါက်ပါဝင်ပါတယ်။ အဲဒါကြောင့် Memory Card များကို တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်ကြပါတယ်။
ဒါတွေဟာ User အများစု သတိမထားမိတဲ့ Laptop တွေရဲ့ အားသာချက်တချို့ ဖြစ်ပါတယ်။
Page မှာ Knowledge လေးတွေတင်ပေးသွားအုန်းမှာဖြစ်လို့ like & Follow လုပ်ဖို့မမေ့နဲ့နော် 😊
လေးစားစွာဖြင့်မူရင်းရေးသားသူအား credit ပေးပါသည်။
01/03/2024
Welcome Back 🤗
05/08/2023
အခုလိုဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ🙇
💻Dell inspiron
✅Processor:i5 7th Gen
✅intel(R)HD Graphics620 4Gb
✅RAM:8Gb/SSD:256GB
✅Window 11 Pro
🔋Battery:3hrs
📺Screen display:14"
💽wifi/we**am/dvd raw:all fine
💰Price:670000ks(Fix)
☎️09796769741
🚚ပြည်မြို့နဲ့အနီးတဝိုက်အိမ်မှာလာကြည့်လို့ရပါတယ်/တခြားမြို့နယ်ကဆိုရင်ပစ္စည်းဖိုးးငွေချေပြီးတာနဲ့ကားဂိတ်နဲ့ဖြစ်ဖြစ်Royalကနေဖြစ်ဖြစ်ပို့ပေးပါတယ်။
09/07/2023
Ok par 🤭
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyay
1819