Pyay Shine Laundry Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyay Shine Laundry Services, Pyay.
02/11/2024
#အကောင်းဆုံးကတော့
တတ်နိုင်သမျှ ကိုယ့်အတွေးထဲမှာ
သူများအကြောင်း မပါတာ အကောင်းဆုံးပါနော်
#ဘာကြောင့်လဲ သိလား.....
#လောကမှာ စိတ်အဆင်းရဲဆုံးလူဟာ
ဘယ်လိုလူဖြစ်မယ် ထင်လဲ.....
#လောကမှာစိတ်အဆင်းရဲဆုံးလူဟာ
#သူများအကြောင်း များများတွေးတဲ့သူ ဖြစ်လို့ပါ...📖💜
Htet Htet Htun
* ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင်နေမှ ...
ဘဝမှာ စိတ်တိုင်းကျဖြစ်တာ ဘာမှ မတွေ့ရသေးဘူး !!!
သင့်ရုံပဲဖြစ်တာ တွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင်နေမှ ဖြစ်မယ် !!!
အခြေအနေ ကောင်းနေလို့ စိတ်ချမ်းသာနေတဲ့သူဟာ
စိတ်ချမ်းသာအောင် နေတတ်ပြီလို့ မပြောနိူင်ဘူး။
အခြေအနေဆိုတာ အမြဲပြောင်းနေတယ်။
စိတ်ချမ်းသာမှုဟာ အရေးကြီးပါတယ်။ စိတ်ချမ်းသာနေ
ရင်ဘဝဟာ နေပျော်တယ်။ စိတ်ချမ်းသာနေရင် ကျန်းမာရေး
ပိုကောင်းတယ်။ ရောဂါဖြစ်ရင်တောင် ပျောက်တာမြန်တယ်။
စိတ်ချမ်းသာနေရင် ဆက်ဆံရေးပိုကောင်းတယ်။
စိတ်ချမ်းသာနေတဲ့သူဟာ ...
သူများကိုလည်း စိတ်ချမ်းသာစေချင်တယ် !!!
လောကဓံက ရိုက်လှဲလိုက်တာကို မခံရတဲ့သူ မရှိဘူး !!!
အရေးကြီးတာက ...
``` ဘယ်လောက်မြန်မြန် ပြန်ထသလဲ ဆိုတာပဲ !!! ´´´
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )။
👍" ဆိုးပါ။ ရပ်သင့်တဲ့အချိန်မှာ ရပ်ပါ။
ဘယ်သူ့ကိုမှ မထိခိုက်ရင်တော့
အကောင်းဆုံးပေါ့ "
လူငယ် တစ်ယောက်နဲ့ စကားပြောနေရင်း
သူက ရုတ်တရက် " အကိုက
ဘယ်အရွယ်မှာ စပြီးအောင်မြင်တာလဲ "
ဆိုပြီး မေးတယ်။
သူဘာလို့မေးလဲ ကျွန်တော်သိတယ်။
သူ့အမြင်မှာကျွန်တော်က ငယ်ငယ်ရွယ်ရွယ်
နဲ့အဆင်ပြေနေတယ်လို့ ထင်နေပုံရတယ်။
ကျွန်တော် သူ့ကို ပြုံးပြရင်း သူ့အသက်ကို
ပြန်မေးတော့ " (၂၈) နှစ် " ပါတဲ့။
" အကြွေးကော ရှိလား " မေးတော့
" မရှိပါဘူး " တဲ့။
ဒီတော့မှ အကို့ အသက် (၂၈) မှာတုန်းက
အကြွေးချည်းပဲ သိန်း (၃၀၀၀) လောက်
တင်နေပြီ။
သူများဆီက ငွေချေးပြီး အလုပ်စလုပ်ရင်း
ငွေကို မစီမံ မခန့်ခွဲတတ်လို့ရယ် ၊
ငွေလေး ရှိလာတဲ့အချိန်
အသုံးနဲ့ အဖြုန်းကို မခွဲတတ်လို့ရယ်၊
အလိမ်ခံရတာရယ်နဲ့
တင်ခဲ့တဲ့ အကြွေးတွေပေါ့။
အဲဒီကာလ ရွှေစျေးက (၁၀) သိန်းလောက်ပဲ
ဆိုတော့ ရွှေ (၃) ပိဿာဖိုးလောက်
အကြွေး ရှိတယ်။
အခုရွှေစျေးနဲ့တွက်ရင် (၂၈) နှစ်နဲ့
သိန်း သောင်းကျော် အကြွေးတင်နေတာ။
" ညီလေးက အကြွေးမရှိတော့
အက်ို့ထက်အများကြီး သာပါသေးတယ် " လို့
ပြောလိုက်တော့ သူစိတ်သက်သာရာ
ရသွားတယ်။
လူငယ်အရွယ်တွေက အရမ်း Compete and
Compare လုပ်တတ်ပါတယ်။
ကျွန်တော်တော့ လူငယ်တွေနဲ့
တွေ့လို့ စကားပြောဖြစ်ရင်
ကိုယ်တော်ကြောင်း တတ်ကြောင်း
ဘယ်လိုတွေ ကြိုးစားခဲ့ကြောင်းတွေ
ပြောပြရတာထက် ...
ကိုယ်ဘယ်လို တိုင်ပတ်ခဲ့လဲဆိုတဲ့
အကြောင်းကို အရင်ပြောပြီး
အားပေးဖြစ်တယ်။
ငါလည်းမင်းအရွယ်က မင်းထက်တောင်
ပေါက်ကရတွေလုပ်ပြီး ခွေးဖြစ်ခဲ့တာပဲ။
ငါတို့လည်း မင်းတို့လို
ဆိုးခဲ့ မိုက်ခဲ့တာပဲ။
ဒါပေမယ့် ဆိုးချိန်တန် ဆိုးပြီး
ရပ်သင့်တဲ့အချိန် ရပ်လိုက်တော့
ဘဝက အဆုံးထိတော့ မရောက်သွားဘူးပေါ့။
" လူဆိုတာ ဆိုးရမယ့်အချိန်မှာဆိုးပြီး
အလုပ်လုပ်ရမယ့်အချိန်မှာ
အလုပ်လုပ်ရမှာပဲ "
အလုပ် တကယ် လုပ်ရမယ့် အချိန်မှာ
ကိုယ့်ကိုယ်ကို မပျက်စီးအောင်နေရင်း
ပုံမှန်လေးနေရင် သာမန်ဘဝကိုရမယ်။
ပုံမှန်ထက်ပိုကြိုးစားပြီး Risk တွေ
ယူရဲရင် ၊ အချိန်တန်တော့ ပုံမှန်ထက်
အဆင်ပြေတဲ့ ဘဝကိုရလာမှာပဲ
ဆိုတဲ့ မက်ဆေ့မျိုးကို ပိုပြောဖြစ်တယ်။
လူငယ်ဘဝက ဘဝရဲ့ ပျော်စရာ
အကောင်းဆုံး ကာလတွေပါ။
အဲဒီကာလကြီးမှာ ကိုယ်တွေက
စိတ်ကြိုက် ဆိုးခဲ့ မိုက်ခဲ့ ကဲခဲ့ပြီးမှ
လူငယ်တွေကို မဆိုးကြပါနဲ့လည်း
မပြောချင်ပါဘူး။
ဆိုးတာဆိုးပါ။
ရပ်သင့်တဲ့အချိန်ရပ်ပါ။
အလုပ်လုပ်ရမယ့်အချိန်မှာအလုပ်လုပ်ပါ။
အလုပ်လုပ်နေရင်းနဲ့မှ
မူးယစ်ဆေး၊ လောင်းကစား ကိစ္စကို
ရှောင်နိုင်ရင် သာမန်ဘဝကိုရမယ်။
အဲဒါတွေရှောင်တဲ့အပြင် သူများထက်
ပေးဆပ်ရင် ၊ Risk ယူရင်၊ ကြိုးစားရင်
ပိုအဆင်ပြေတဲ့ ဘဝကိုရလာမယ်။
ဘဝက ရိုးရှင်းပါတယ်။
ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်ရင်ရိတ်၊
ဒါမှမဟုတ် မိဘစိုက်ထားတာကို
ထိုင်ရိတ် ကြရတာ။
ကိုယ့်တုန်းကတော့ မိဘက
စီးပွါးရေးအပင်ကြီး စိုက်မထားဘဲ
ပညာရေးနဲ့ ဥာဏ်ပညာပဲ စိုက်ပေးထားခဲ့တော့
စီးပွါးရေးမှာတော်တော် ရုန်းခဲ့ရတာပေါ့။
ငါ့ညီတို့ ညီမတို့လည်း
မိဘက စီးပွါးရေး အပင်ကြီး
စိုက်ပေး မထားခဲ့ရင်လည်း
စိတ်ဓာတ်ကျစရာ စိတ်ပျက်စရာတော့
မလိုပါဘူး။
လျှောက်ရမယ့်လမ်းက သူများထက်တော့
ကြမ်းမှာဆိုတော့ သူများတွေနဲ့
Campare လိုက်မလုပ်မိပါစေနဲ့။
ကိုယ့်အလုပ်မှာ စေတနာထားပြီး
ကိုယ်လုပ်စရာရှိတာ၊
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီး
ရှေ့ဆက်ပါ။
ခရီးက ကြမ်းပေမယ့် ရောက်တဲ့လူတွေက
ရောက်သွားကြတာပဲ။
လဲကျလိုက်တိုင်း ပြန်ပြန်ထပြီး
ဆက်လျှောက်နေတဲ့ သူအတွက်
ပန်းတိုင်ကရှိပါတယ်။ အချိနိတန်ရင်
ရောက်ကိုရောက်ပါလိမ့်မယ်။
မပျက်ဆီးအောင်နေရင်း ဆက်သွားနေပါလို့
အားပေးချင်တယ်။
ဒီတော့ လူငယ်တွေနဲ့တွေ့တိုင်း
လူတွေရဲ့ဘဝပေး အခြေအနေတွေရယ်၊
အဆင်ပြေလာကြတဲ့ အချိန်တွေရယ်က
တစ်ယောက်နဲ့တစ်ယောက် လုံးဝ
မတူကြလို့ ဘယ်သူ့ ဘယ်သူနဲမှ
Compare မလုပ်ဖို့ရယ်။
ဆိုးတာဆိုးပါ ရပ်သင့်တဲ့အချိန်ရပ်ပြီး
အလုပ်လုပ်ရမယ့်အချိန်မှာ အလုပ်လုပ်
ဖို့ရယ်ကို ပိုပြီး အားပေးဖြစ်တော့တယ်။
ဆိုးပါ။ ရပ်သင့်တဲ့အချိန်မှာရပ်ပါ။
ဘယ်သူ့ကိုမှ မထိခိုက်ရင်တော့
အကောင်းဆုံးပေါ့။❤
:
Sint Nyi Nyi Tun
Click here to claim your Sponsored Listing.
Telephone
Website
Address
0095