Automobile Lab

Automobile Lab

Share

Dear Customers...
We'll try our best to achieve your trust.

21/05/2026

♻️

မော်တော်ကားတိုင်းမှာ လေ၊ လောင်စာနဲ့ ဆီ သန့်စင်ဖို့အတွက် Filters အမျိုးမျိုးကို အသုံးပြုကြပါတယ်။ မတူညီတဲ့ Filter တစ်ခုချင်းစီဟာ ကားတွေရဲ့ မတူညီတဲ့ System တစ်ခုချင်းစီကို အထောက်အကူပြုပေးကြပြီး ကားတွေရဲ့ သက်တမ်းပြည့် စွမ်း‌ဆောင်ရည်၊ ဆီစားသက်သာနှုန်းနဲ့ အင်ဂျင်သက်တမ်းကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အရာတွေအဖြစ် ပါဝင်လျက်ရှိပါတယ်။

ဒီနေ့မှာတော့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကနေ ကား Filters အမျိုးအစား (၄) မျိုး အကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်…💙

🔹 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫

ကားအင်ဂျင်အတွင်း ဝင်ရောက်လာတဲ့ လေများကို သန့်စင်ပေးတဲ့အရာ ဖြစ်ပါတယ်။ အင်ဂျင်ဟာ လောင်စာနဲ့ ရောစပ်ဖို့ ပြင်ပလေကို စုပ်ယူတဲ့အခါ ပါလာတတ်တဲ့ ဖုန်မှုန့်၊ အမှိုက်စအညစ်အကြေး၊ သဲနဲ့ သေးငယ်တဲ့ အင်းဆက်ပိုးကောင်လေးတွေကို Air Filter မှ စစ်ထုတ်သန့်စင်ပေးပါတယ်။ ဒီလို သန့်စင်တဲ့လေဟာ အင်ဂျင်တွင်း လောင်ကျွမ်းမှုကို ပိုမိုအားကောင်းစေပြီး အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းများ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

Air Filter ကို ကိုယ့်ရဲ့ကား မောင်းနှင်မှု အရှိန် သိသိသာသာ လျှော့ကျလာတဲ့အခါ၊ ဆီစားမှုနှုန်း ပုံမှန်ထက် မြင့်တက်လာတဲ့အခါ၊ Filter တွေ မဲညစ်လာတဲ့အခါ၊ ကားမှာ Engine Warning Light ပေါ်လာတဲ့အခါ လဲလှယ်ပေးဖို့ အချိန်တန်ပြီပဲ ဖြစ်ပါတယ်။

🔹 𝐀𝐢𝐫𝐜𝐨𝐧 𝐅𝐢𝐥𝐭𝐞𝐫

Aircon Filter ဆိုတာ ကားအတွင်းရှိ လေအေးပေးစက်နဲ့ လေဝင်လေထွက်စနစ်မှတဆင့် ခရီးသည်ထိုင်ခုံအထိ ဝင်ရောက်လာတဲ့ လေများကို သန့်စင်ပေးတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ကားအတွင်း လေအေးများ မဝင်ရောက်ခင် Aircon Filter ကို အရင် ဖြတ်ကျော်ရပါတယ်။ ထိုအခါ ဖုန်မှုန့်၊ အနံ့ဆိုး၊ မီးခိုးငွေ့၊ ပိုးမွှားနဲ့ မှိုမှုန့်များကို Aircon Filter မှ စစ်ထုတ်သန့်စင်ပေးရတာပဲ ဖြစ်ပါတယ်။

ကားလေအေးပေးစက်အပေါက်မှ လေဝင်လေထွက် အားနည်းလာတဲ့အခါ၊ Aircon မှ ပုံမှန်မဟုတ်တဲ့ အနံ့ဆိုးများကို ရှုရှိုက်မိလာပြီဆိုတဲ့အခါ၊ ဖုန်မှုန့်တွေ တအားများလာတဲ့အခါ လဲလှယ်ပေးသင့်ပါတယ်။ Aircon Filter ကို ပုံမှန်လဲလှယ်ပေးခြင်းအားဖြင့် ပိုပြီး သန့်စင်ပြီး အေးမြတဲ့ လေကို ခံစားရမှာ ဖြစ်ပြီး ဓာတ်မတည့်မှုနဲ့ အနံ့ဆိုးများကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။

🔹 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐅𝐢𝐥𝐭𝐞𝐫

Engine Oil Filter ဟာ ကားအင်ဂျင်ဆီမှ အညစ်အကြေးများကို ယ်ရှားပေးတဲ့ အရာပဲ ဖြစ်ပါတယ်။ အင်ဂျင်ဆီထဲက သတ္တုစ၊ ကာဗွန်အနယ်အနှစ်အညစ်အကြေးတို့ကို စစ်ထုတ်ပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ရပါတယ်။

Engine Oil Filter မကောင်းဘူးဆိုရင် မစစ်ထုတ်ထားတဲ့ အင်ဂျင်ဆီတွေဟာ အင်ဂျင်များကို ပုံမှန်ထက် မြန်မြန် ဟောင်းနွမ်းပျက်စီးလွယ်စေပါတယ်။ ဒါ့အပြင် အပူလွန်ကဲခြင်းကိုလည်း ဖြစ်ပေါ်စေတတ်ပြီး အင်ဂျင်သက်တမ်းတိုစေပါတယ်။ ဒါကြောင့် Engine Oil Filter တွေကို အင်ဂျင်ဆီလဲလှယ်တဲ့အခါ အတူတူ လဲလှယ်သင့်ပါတယ်။

🔹 𝐃𝐢𝐞𝐬𝐞𝐥 𝐅𝐢𝐥𝐭𝐞𝐫

ကားအင်ဂျင်ထဲ ဒီဇယ်မရောက်မီ ဒီဇယ်ဆီကို စစ်ထုတ်သန့်စင်ပေးတဲ့ အရာ ဖြစ်ပါတယ်။ အမှုန်အမွှား၊ သံချေးနဲ့ အနယ်အနှစ်တွေကို ဖယ်ရှားပေးခြင်း တာဝန်ကို ဆောင်ရွက်ရပါတယ်။ အများအားဖြင့် Diesel Filter တွေမှာ ကားတွင်းစက်ပစ္စည်းများ မထိခိုက်အောင် ဒီဇယ်ဆီထဲ ပါဝင်နေတတ်တဲ့ ရေ ကို သီးသန့်ခွဲထုတ်ပေးတဲ့ “Water Separator” ပါ တွဲရက်ပါရှိတတ်ပါတယ်။

ဒီဇယ်ကားတွေဟာ High Pressure မှာ အလုပ်လုပ်ကြတာမို့ သန့်စင်ပြီး အရည်အသွေးပြည့်မီတဲ့ ဒီဇယ်ဆီကို သုံးပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကားစက်နှိုးရခက်လာရင်၊ ကားဆီစားမှု ပိုများလာရင် Diesel Filter လဲလှယ်ချိန် တန်ပြီပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ကားကျန်းမာအောင် စောင့်ရှောက်ပေးနေတဲ့ ဒီ Filter (၄) မျိုးကို ပုံမှန်လေး စောင့်ကြည့်ကာ ဂရုတစိုက်လဲလှယ်သင့်ပြီနော်။ Filter လဲတော့မယ်၊ အရည်အသွေးကိုလည်း ကောင်းပေ့မှ ကြိုက်ရင်တော့ ကား Brand အစုံအတွက် ပစ္စည်းများ Instock / Preorder ရှိတဲ့ 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 မှာ မှာယူနိုင်ပါပြီ…🤗

“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”

☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7

10/05/2026

Automobile Parts

🌞 အပူရှိန်ကျမသွားသေးတဲ့ နွေနှောင်းကာလတွေမှာ ကိုယ့်ရဲ့ကားလေး ကြံ့ခိုင်နေစေဖို့ရာ ဘယ်လိုအပိုင်းတွေကို ပုံမှန် စစ်ဆေးပြီး ပြုပြင်သင့်လဲ …🤔

🔹 နွေနေပူမှာ ကားလေးစီးပြီး သက်တောင့်သက်သာ ခရီးသွားလာနိုင်ဖို့ Aircon ကောင်းနေဖို့ကလည်း အရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ ကား AC ဟာ သိပ်မအေးတော့ဘူးဆိုရင်တော့ AC Gas Level နိမ့်နေပြီလား နဲ့ Air Filter တွေ ညစ်ပတ်နေ၊ ဟောင်းနေပြီလားဆိုတာ စစ်ဆေးပေးသင့်ပါတယ်။

🔹 Air Filter လေး သန့်နေမယ်ဆိုရင် အင်ဂျင်အားကို ပိုကောင်းစေပြီး ဆီစားသက်သာစေပါတယ်။ ဒါကြောင့် လိုအပ်ပြီဆိုရင် Air Filter တွေ လဲဖို့ကို မတွေဝေသင့်ပါဘူး။

🔹 မြင့်မားတဲ့ ပြင်ပမှ အပူချိန်ဟာ ကားရဲ့ အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Engine Oil ကို ပုံမှန်စစ်ဆေးပေးသင့်ပြီး လိုအပ်တဲ့အခါ လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Engine Oil ကိုလည်း ကိုယ့်ရဲ့ ကားနဲ့ ကိုက်ညီတဲ့ Grade အမှန်ကို အသုံးပြုသင့်ပါတယ်။

🔹 ပူပြင်းတဲ့ရာသီဟာ Car Tire ရဲ့ Pressure ကို မြင့်တက်စေတာမို့ Tire များကို စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ Tire များကို ကားမောင်းပြီးပြီးချင်း စစ်ဆေးခြင်း မပြုသင့်ဘဲ အပူချိန်ကျအောင် အချိန်တစ်ခုလောက် စောင့်ပြီးမှ စစ်ဆေးသင့်ပါတယ်။ ပိုပြီး အန္တရာယ်ကင်းတဲ့ ‌မောင်းနှင်မှုများ ပြုလုပ်နိုင်စေဖို့ရာ PSI မှန်အောင်လည်း ထိန်းထားသင့်ပါတယ်။

🔹 ကားပါကင်ထိုးတဲ့အခါမှာလည်း အရိပ်ရ၊ အေးမြတဲ့နေရာတွေကို ဦးစားပေး ရွေးချယ်ကာ ရပ်နားသင့်ပါတယ်။ အရိပ်ရတဲ့နေရာမှာ ပါကင်ထိုးတဲ့အခါ ကားအတွင်း အပူအောင်းခြင်းကို သက်သာစေပြီး ကား‌အပြင်ဆေးတွေကိုလည်း မပျက်စီးအောင် ကာကွယ်ရာလည်း ရောက်ပါတယ်။

🔹 Dashboard နဲ့ ကားအတွင်းပိုင်း Leather တွေကို အပူကြောင့် ပျက်စီးခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်လည်း Sunshade နဲ့ Window Film တွေ အသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။

🔹 ကားရဲ့ ကြံ့ခိုင်မှုကို အားဖြည့်‌ပေးနေတဲ့ Fluid တွေဖြစ်တဲ့ Coolant, Brake Fluid, Windshield Fluid, Transmission Fluid တွေ Overheat ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် ပုံမှန်လေး စစ်ဆေးပေးသင့်ပြီး လဲလှယ်ဖို့ လိုတဲ့အခါမှာလည်း အရည်အသွေးမြင့်ပစ္စည်းများကိုသာ အသုံးပြုပေးသင့်ပါတယ်။

ဒီလို အခြေခံအချက်လေးတွေကို ပြုလုပ်ပေးမယ်ဆို နွေနေပူမှာ ကိုယ့်ရဲ့ တန်ဖိုးကြီး ကားတွေဟာ အမြင့်မားဆုံး ကြံ့ခိုင်မှုနဲ့ လိုရာခရီးကို သက်တောင့်သက်သာ၊ အန္တရာယ်ကင်းကင်းနဲ့ အရောက်သွားနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

အရည်အသွေးမြင့် ကားအပိုပစ္စည်းများကို ပစ္စည်းမှန်၊ ဈေးတန် Online မှ ဖြစ်စေ၊ ဆိုင်သို့လာရောက်ပြီးဖြစ်စေ ဝယ်ယူလိုပါက 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐫𝐭𝐬 ကို သတိရလိုက်ပါ။

“𝐃𝐫𝐢𝐯𝐞 𝐁𝐞𝐭𝐭𝐞𝐫, 𝐑𝐞𝐩𝐥𝐚𝐜𝐞 𝐒𝐦𝐚𝐫𝐭𝐞𝐫”

☎️ Phone Number - 09 4500 198 58
📍 Location - Cherry St., Beside B.E.H.S (3), Paung Laung (3), Pyinmana, Nay Pyi Taw.
⏰ Open Daily - 9am to 5pm
🗺️ Google Map - https://maps.app.goo.gl/29JU58qnXE8QhmSn7

Want your business to be the top-listed Cleaning Service in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Address

Automobile Lab , Cherry Street , OoYin Su
Pyinmana