Aaron

Aaron

Share

welcome par

25/08/2024

ချစ်ပါလို့လည် ထပ်ပိမမေးချင်တော့ဘူး

တစ်စုံတယောက်က သွားတဲ့လမ်းခရီးမှာ ကို့ကို ဆွဲမခေါ်တာလည်ဖြစ်နိုင်ပါတယါ

ဘာဘဲဖြစ်လာဖြစ်လာ ကျန်းမာအောင်နေပါ

အများကြီးချစ်တာကိုတော့ မမေ့ပါနဲ့

14/07/2024

တစ်ခါတစ်လေ ကိုယ့်နှလုံးသားထဲကို
ဘယ်သူ့ကိုမှ အဝင်မခံတော့ဘူးဆိုပြီး
ဆုံးဖြတ်ချက်ချလိုက်တာဟာ
တကယ်ကို မှန်ကန်ခဲ့တယ်
လူတွေအကုန်လုံးက ကိုယ့်ကိုကိုယ်ကလွဲရင်
ဘယ်သူ့ကိုမှ တကယ်ချစ်တာမှမဟုတ်ပဲ
အတ္တကြီးတယ်‌ပဲပြောပြော
မာနကြီးတယ်ပဲပြောပြော
ကိုယ့်အတွက်အပိုင်မဟုတ်ရင်
လှည့်ကြည်ချင်စိတ်တောင် မရှိတဲ့စိတ်မျိုး
ကျွန်တော့်မှာရှိတယ်
ကျွန်တော့်အပိုင်ဆိုရင်လည်း
အခြားသူက ငေးကြည့်နေရင်တောင်
မကြိုက်တဲ့သူမျိုးဖြစ်လို့
ကျွန်တော်ဟာ
တစ်ယောက်ထဲနေဖို့သာ အသင့်တော်ဆုံးလူတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ်ဆုံးဖြတ်မှတ်ယူလိုက်ပါတယ်။

10/07/2024

ခေတ်ပျက်ထဲမှာ လမ်းပျောက်နေတဲ့လူငယ်ပါ

ရွယ်တူတွေကိုအားကျမိပေမယ့်သူများတွေ
လိုမိဘဖောက်ပေးတဲ့လမ်းမရ်ှိတေ့ာ

ကို့ဘဝတွက်ခိုင်မာတဲ့လမ်းကြောင်းကိုအရင်ရှာရအုံးမရ်

ရည်မှန်းထားတဲ့လမ်းရောက်အောင်ခွန်အား/ညာဏ်အားသုံးရမှာပေါ့ဗျာ💪💪

08/07/2024

စစ်ကြီးအတွင်းမှာမင်းကိုငါ မစောင့်ရှောက်နိုင်တော့မှာကြောက်တယ်။
စစ်ကြီးပြီးတဲ့အခါ မင်းကိုငါ မတွေ့နိုင်တော့မှာကြောက်တယ် ။

အနည်းဆုံးတော့မင်း ကျန်းမာနေဖို့လိုပါတယ်။
ကျေးဇူးပြုပြီးမင်း ကိုယ်မင်း ချစ်ပါကွယ် ။

29/06/2024

အနည်းဆုံးတော့ အတူရှိခဲ့ကြဖူးတယ်ပေါ့
တစ်ယောက်ကိုတစ်ယောက်
မေ့သွားရင်လည်း ကောင်းတယ်
တစ်ယောက်ကိုတစ်ယောက်
မေ့လို့ မရရင်လည်း ကောင်းတာပါပဲ
ကမ္ဘာပုံမှန်လည် နေမယ်
ရာသီအလိုက်ပန်းတွေ ပွင့်နေမယ်
တစ်ချိန်ချိန်တော့ ပေါ့ပေါ့ပါးပါး
ပြုံးရယ် နိုင်သွားမှာပဲလေ မဟုတ်ဘူးလား။

28/06/2024

သိပ်ချစ်မိကြောင်းလည်း သိစေချင်တယ်
သိပ်ပီးမြတ်နိုးကြောင်းလည်း သိစေချင်တယ်
အရာရာဟာ မင်း ဆိုပီးဖြစ်တည်လာကထဲက
မင်းနဲ့ပတ်သတ်တဲ့အရာတွေကို မြတ်နိုးနေမိတာပါပဲ
မင်းအတွက် ​ချစ်ခြင်းတွေအများကြီးရှိတယ်
မင်းအတွက်ဖြည့်စည်းပေးချင်တာတွေလည်း အများကြီးရှိတယ်
အရာရာဟာ မင်းကြောင့်ဖြစ်တည်ပေးရတာမျိုးပါ
ဘယ်လိုပဲဖြစ်ဖြစ်
မင်းကကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။
ဒီထက်ပိုပီးပြောရရင် မင်းကို ချစ်တယ် ဆိုတာထက်ပိုချစ်တယ်❤

Want your business to be the top-listed Photography Service in Sagaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Taze
Sagaing