Lin Lat Pharmacy
လင်းလက်ဆေးဆိုင်မှ ကြိုဆိုပါတယ်ရှင့်�
22/03/2023
ဒီနေ့မှာတော့ အမျိုးသမီးတို့ရဲ့ အလှအပအရေးရာအတွက် အကျိုးရှိစေမယ့် Supplyment လေးတွေအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင့်💖
Facia => Facia မှာဆိုရင် ကျွန်မတို့ရဲ့ အသားအရေ၊ ဆံကေသာ နဲ့ ခြေသည်းလက်သည်းတို့အတွက် အကျိုးရှိလှတဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်တဲ့အတွက်ကြောင့်မို့ free radical ကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ဆဲလ်ပျက်စီးမှုကို လျှော့ချပေးပြီးတော့ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်ရှင့်။ အသားအရေကို ကြည်လင်၊ တင်းရင်း၊ စိုပြေစေတဲ့အပြင် biotin ပါဝင်မှုကြောင့် ဆံကေသာနဲ့ အသားအရေ ခြောက်သွေ့၊ ပျက်စီး၊ ကျိုးပဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်ရှင်💖
Fame Collagen => အသားအရေ၊ ဆံကေသာနဲ့ လက်သည်းခြေသည်းတို့ကို ပြန်လည်ကောင်းမွန်စေတဲ့ ဆေးစွမ်းကောင်းတလက်လို့ ပြောလို့ရပါတယ်ရှင့်။ Collagen သောက်လို့ အသားတွေဖွေးလာမှာလားဆိုရင်တော့ နိုး ပါလို့ဘဲ ပြောပါရစေ။ အသားအရေအတွင်းပိုင်းမှအစိုဓာတ်ကို ထိန်းသိမ်းပေးပီး အသားအရေကို တင်းရင်းနုပျိုစေပါတယ်။ ဆံသားခြောက်သွေ့ပျက်စီးတာကိုလည်း ပြန်လည်ကောင်းမွန်စေသလို ခြေသည်းလက်သည်းတွေ ပါးပီး ကျိုးပဲ့တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့ ဖြည့်စွက်စာလေးတခုဆိုလဲ မမှားပါဘူးရှင်💖
Facia နဲ့ Collagen လေးတွေကို အသက် 25 နှစ်အထက်မှ သောက်သုံးသင့်ပါတယ်ရှင်💖
Omega-3 => Fatty Acid ဟာဆိုရင် ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းပီး အတိတ်မေ့ရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်ရှင်။ အသည်းအဆီကိုလျှော့ချပေးလို့ အသည်းအဆီဖုံးခြင်းမှလဲ ကာကွယ်ပေးနိုင်ပါတယ်ရှင်။ အရိုး၊ အဆစ်ကျန်းမာရေးကို ကောင်းမွန်စေလို့ ထိုင်ရ ထရမကောင်းလို့ စိတ်ညစ်နေတဲ့ ဦးဦး၊ အန်တီတို့ သောက်သုံးသင့်ပါတယ်နော်။ အရေးပြားကျန်းမာရေးကိုလည်း ထောက်ပံ့ပေးလို့ အသားအရေထိန်းသိမ်းချင်တဲ့ ဆယ်ကျော်သက်လူငယ်လေးတွေလည်း သောက်သုံးလို့ရပါတယ်ရှင့်။ ရာသီလာချိန် ကိုက်ခဲတတ်တဲ့ အမျိုးသမီးများအတွက်လည်း နာကျင်မှုကို လျှော့ချပေးပါတယ်နော်💖
Collagen နဲ့လည်း တွဲသောက်လို့ရလို့ result ပိုမြန်ချင်တဲ့အခါမျိုးမှာလည်း တွဲဖက်သောက်သုံးနိုင်ပါတယ်ရှင်
Supplyment လေးတွေမှာယူချင်ရင်ဖြင့် 09-400414139 ကို ဆက်သွယ်မှာယူနိုင်ပါပီး
လင်းလက်ဆေးဆိုင်တွင်လည်း ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ပီဖြစ်ပါတယ်ရှင်💖
ဆိုင်လိပ်စာ - မြို့မဈေးမီးပွိုင့်မှ တောင်ဘက်တည့်တည့်လာရင် စီးပွားရေးဘဏ်အနီးမှာပါရှင့်💖
အဆုံးထိဖတ်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့်😍
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Sagaing