Chit Su Khaing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit Su Khaing, Writer, Ye-U, Sagaing.
17/02/2025
လမ်းခွဲလိုက်ပါ...🚶♂️
****************
ဖတ်ကြည့်နော်…
🚶♂️ကိုယ်ဆက်ဆံသလို
ပြန်မဆက်ဆံတဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။
🚶♂️ကိုယ်ကောင်းသလို
ပြန်မကောင်းနိုင်တဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။
🚶♂️ကိုယ့်စေတနာကို
ဝေဒနာဖြစ်အောင်လုပ်တဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။
🚶♂️ကိုယ်ချစ်သလို
ပြန်မချစ်နိုင်တဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။
🚶♂️ဘယ်အရာမှမမြဲတဲ့
လောကကြီးမှာ
ကြိုးစား ဆုပ်ကိုင်ထားရတာ
ပင်ပန်းတယ် မဟုတ်လား-?
🚶♂️လွှတ်ချပေးလိုက်ပါ။
အဲဒီလိုလူတွေက
သူတို့လိုလူမျိုးနဲ့ ပြန်တွေ့မှ
ကိုယ့်တန်ဖိုးကို
နားလည်နိုင်တာပါ။
🚶♂️ဒီလောက်ဆိုရင်...
မင်းပေးခဲ့တာတွေ
လုံလောက်ပြီ မဟုတ်လား-?
မင်းနာကျင်ခဲ့တာတွေ
လုံလောက်ပြီ မဟုတ်လား-?
မင်းချစ်ပေးခဲ့တာတွေ
လုံလောက်ပြီ မဟုတ်လား-?
🚶♂️ဒါဆိုရင်
လမ်းခွဲလိုက်ပါတော့…
မင်းအကောင်းဆုံး လုပ်ပေးခဲ့တဲ့
အတွက်
မင်းလိပ်ပြာ မင်းလုံနေပါပြီ။
04/08/2024
ကိုယ့်အပေါ် သူစိမ်းဆန်သွားတဲ့သူတွေကို
သူစိမ်းဆန်သွားတဲ့ အတိုင်းပဲ ထားလိုက်တယ်။
ကိုယ့်ဘက်ကစခေါ်ဖို့
ထပ်ပတ်သက်ဖို့ အစီအစဥ်မရှိဘူး။
မှန်တစ်ချပ်လို ပြုမှုဖို့
မထိုက်တန်တဲ့ လူတွေကိုတော့
သူ့ဝဋ်နဲ့သူပဲ ထားလိုက်တယ်။
တစ်ယောက်တည်း အထီကျန်းလာဆိုတော့
"No"ပါ ။
သီချင်းတွေရှိတယ်။
ပန်းတွေရှိတယ်။
စာအုပ်တွေရှိတယ်။
စစ်မှန်သော လူအနည်းစုပါ ရှိသေးတယ်။
တိတ်ဆိတ်မှုကိုပဲ ကိုယ်ရွေးချယ်လိုက်တာမို့
လူတချို့နဲ့ပတ်သက်ပြီးတော့
ကောင်းခြင်း ၊ ဆိုးခြင်းတွေကို
ကိုယ် စိတ်ဝင်စားတော့မှာမဟုတ်ဘူး။
အေးချမ်းခြင်းကိုပဲ လိုက်လံရှာဖွေနေတဲ့
လူသားတစ်ယောက်မို့
ပူလောင်မှုပေးတဲ့ရပ်ဝန်းကိုတော့
တတ်နိုင်သမျှ ဝေးဝေးကနေရှောင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Sagaing