Mr.Reality

Mr.Reality

Share

Graphics Designer

14/02/2025

📚 Content အပေါ် Infographic များ၏ အကျိုးသက်ရောက်မှု 📚

ဘာသာစကားတွေဘယ်လောက်ပဲ ကွဲလွဲပါစေဦး ရုပ်ပုံလေးတစ်ခုကို မြင်လိုက်တာနဲ့ ဘာကိုဆိုလိုချင်တာလဲ၊ ဘယ်လို အဓိပ္ပါယ်ကို ရစေသလဲဆိုတာကို ထွေထွေထူးထူး တကူးတကရှင်းပြဖို့ မလိုအပ်တဲ့ Content Creation ပုံစံတွေထဲက တစ်ခုလို့ ပြောလို့ရနိုင်သော အရာ။ ဘာများလဲ ❓❓

Content တွေနဲ့ပတ်သက်ပြီး တစ်ဆနှင့် တစ်ဆ တွေးခေါ်ပုံတွေ ယူဆချက်တွေ ပြောင်းလဲလာခြင်းနှင့်အတူ ခေတ်ရေစီးကြောင်းပေါ်မှာ ထင်ရှားလာတဲ့ Content အမျိုးအစားတစ်ခုကို ပြောပါဆိုရင် ကျွန်တော်ကတော့ သေချာပေါက် Infographic လို့ပြောရမှာပဲ။

စကားလုံးတွေ ဖောင်ဖွဲ့ပြီးရေးပြနေစရာလည်း သိပ်ပြီးမလိုအပ်ဘူး။ အရိပ်မပြခင် ဘာကောင်လဲဆိုတာ တန်းပြီးခန့်မှန်းလို့ရနိုင်တဲ့ Content အမျိုးအစားတစ်ခု ဖြစ်တဲ့ ဒီ Infographic က Content တွေအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေသလဲ ဆိုတာကို ကျွန်တော်နဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်....

📌 အရင်ဆုံး Infographic ဆိုတာဘာလဲ❓❓

Infographic ဆိုတာကတော့ ကျွန်တော်တို့ နားလည်ဖို့ ခက်ခဲတဲ့ အချက်အလက်တွေ၊ ဒေတာတွေ၊ သုတေသန ရလဒ် စတာတွေကို ပုံအနေဖြင့် ဖော်ပြတဲ့ Design ပုံစံတစ်ခုဖြစ်ပါတယ်။ Infographic မှာ စာသားတွေထက် ပုံတွေ၊ ဇယားတွေ၊ Graphic တွေ၊ Color တွေနဲ့ စီခြယ်ပြီး အများဆုံး အသုံးပြုကြလေ့ရှိပါတယ်။

ဆိုတော့ ဒီ Infographic တွေက Content တွေအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိစေတာလဲ ❓❓

ဆိုရရင်တော့.....

No.(1) ရှုပ်နေတာတွေကို ရှင်းအောင်လုပ်ပေးတယ်

ကျွန်တော်တို့လို သာမန်လူတွေ နားလည်ဖို့ ခက်တဲ့ အကြောင်းအရာတွေကို Infographic က နားလည်အောင်လုပ်ပေးနိုင်တယ်။

ဥပမာ- ဆေးဘက်ဆိုင်ရာ ကိစ္စတွေမှာ လူခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းမှာ ဘာရှိတယ်ဆိုတာကို စာနဲ့ရှင်းပြနေတာထက် ပုံကိုမြင်လိုက်ရုံနဲ့ " အော်... ဒါလေးကတော့ နှလုံး၊ ဒါလေးကတော့ ကျောက်ကပ် စသည်ဖြင့်ပေါ့ ဆေးပညာပိုင်းဆိုင်ရာလောကသား တွေ နားလည်နိုင်တဲ့အရာမျိုးကို သာမန်ကျွန်တော်တို့ လိုလူတွေပါ နားလည်နိုင်လာစေတယ်။

No.(2) စာဖတ်သူတွေကို ပိုပြီး အာရုံစိုက်လာနိုင်စေတယ်

လူသားတွေက စာတွေထက် ပုံတွေကို အဆ ၆၀ လောက်ထိ မှတ်မိစေနိုင်တယ်တဲ့ ဒါရှင်းရှင်းလေးပါ

ဥပမာ - Harry Potter စာအုပ်ကို ရုပ်ရှင်ကြည့်ပြီးမှ ဖတ်လိုက်တယ်ဆိုပါစို့ ကျွန်​တော်တို့ စာအုပ်ဖတ်နေချိန်မှာ ကျွန်တော်တို့ အတွေးထဲမှာ မြင်လာတဲ့ Harry Potter Character သည် ရုပ်ရှင်ထဲက Harry Potter ရဲ့ ပုံစံကိုပဲ အတွေးက ပုံဖော်သွားတာ ဒါမျိုးပေါ့

No.(3) မှတ်ဉာဏ်ထဲမှာ ပိုပြီးထင်ထင်ရှားရှား စွဲကျန်စေနိုင်ခြင်း

အပေါ်က ဥပမာ နဲ့ ပုံစံတော့ အတူတူပါပဲ။ နောက်တစ်ခုက လေ့လာဆန်းစစ်မှုတွေအရ စာသားကြည့်သက်သက် Content တွေထက် ပုံနဲ့စာသားပေါင်းစပ်ထားတဲ့ Content တွေက အဆ 60 ခန့် ပိုပြီးမှတ်မိနေစေတယ်လို့ တွေ့ရတယ်တဲ့။

No.(4) Digital Platform (or) Social Platform တွေမှာ အချိန်များများပေးဖို့ မလိုအပ်ခြင်း

တစ်ချို့စာအရှည်ကြီးတွေ မဖတ်ချင်တဲ့ သူတွေအတွက် ပုံလေးကိုကြည့်လိုက်တာနဲ့ ဘာကိုဆိုလိုချင်သလဲဆိုတာကို တန်းပြီး နားလည်စေနိုင်သလို လိုအပ်တဲ့အချက်အလက်တွေကို ရှာဖွေတဲ့နေရာမှာလည်း Screen Time အများကြီးသုံးစရာမလိုဘဲ ရှာဖွေလို့ရနိုင်တာပဲ ဖြစ်ပါတယ်။

No.(5) SEO ကို အထောက်အကူပေးနိုင်ခြင်း

အပေါ်ကပြောခဲ့သလိုပါပဲ ကျွန်တော်တို့ အကြောင်းအရာတစ်ခုခုကို သိချင်လို့ Research လုပ်တဲ့နေရာမှာ အချိန်အများကြီးပေးစရာမလိုဘဲ အ​ချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်တဲ့အတွက် SEO လုပ်ရတာအတွက် အများကြီး အထောက်အကူပေးနိုင်ပါတယ်။

No.(6) ဘာသာစကား နဲ့ ယဥ်ကျေးမှု ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ခြင်း

ပုံကိုမြင်တာနဲ့ ဒါဘာလဲဆိုတာရှင်းပြဖို့မလိုတဲ့အထိ Inforgraphic လုပ်ပေးနိုင်စွမ်းရှိတဲ့အတွက် တစ်ခုခုဆို ကျွန်တော်တို့ မြန်မာနိုင်ငံလို ​ရှေးရိုးဆွဲအယူအဆတွေပါ ကျော်လွှားနိုင်ပါတယ်။

ဥပမာ - ကျန်းမာရေး ပစ္စည်းတစ်ခုကို စာအရှည်ကြီးနဲ့ ဘယ်နိုင်ငံကထုတ်တာပါ ဘာတွေပါပါတယ်ဆိုတာထက် ပုံမြင်လိုက်တာနဲ့ "အော် ဒါကတော့ဘာကြီးပါဆိုပြီး တန်းသဘောပေါက်တာမျိုးပေါ့ ဘာစာမှရေးထားစရာလဲမလိုဘူး ဘာသက်မှတ်ချက်မှလည်းမလိုဘူး ပုံမြင်တာနဲ့ ဒါဘာလဲဆိုတာတန်းပြီး သဘောပေါက်တာမျိုးပေါ့

No.(7) စီးပွားရေး နဲ့ ပညာရေးမှာ အထောက်အကူပေးနိုင်ခြင်း

စီးပွားရေးမှာဆိုရင်တော့ ပုံမြင်လိုက်တာနဲ့ ဘာ Products ဆိုတာတန်းသိသွားနိုင်တာမျိုးကိုပြောတာပါ ပညာရေးပိုင်းမှာဆိုရင်တော့ သင်ကြားရေးမှာ ဒီအတိုင်း စာကြည့်သက်သက်သင်တာထက် ပုံလေးတွေနဲ့ သင်ကြားတာကို ပိုပြီးထိရောက်တာကိုပြောတာဖြစ်ပါတယ်။

Infographic က Content အပေါ်ဘယ်လိုတွေ အကျိုးသက်ရောက်မှု ရှိစေတာလဲဆိုရင် Content ရဲ့ ထိရောက်မှု၊ ပျံ့နှံ့မှု၊ နားလည်စေနိုင်မှုတို့မှာ ပိုပြီး နားလည်အောင်၊ ပိုပြီးပျံ့နှံ့အောင် ပိုပြီး နားလည်စေနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ယနေ့ခေတ်ရဲ့ Content တွေ တော်တော်များများမှာလည်း Inforgraphic ကမပါမဖြစ်ဆိုသလို အသုံးပြုနေကြတဲ့ ပုံစံတစ်ခုဖြစ်လာကြတယ်။

ဆို​တော့ ဒီလောက်ဆိုရင် Inforgraphic က Content အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲဆိုတာကို နားလည်မယ်လိုထင်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်တွေ့ကြပါဦးမယ်


Creating The Future

14/02/2025

👨🏻‍🔧 Human Resource Management (HRM) 👩🏻‍🔧

ကမ္ဘာ့လုပ်ငန်းအများအပြားက ကျွန်တော်တို့ လူသားတွေနဲ့ပဲ လုပ်ကိုင်ကြရတာပဲ ဖြစ်ပါတယ်။

စက်ရုံတွေ၊ အလုပ်ရုံတွေ လည်ပတ်နိုင်ဖို့အတွက် လူသားတွေကပဲ လုပ်ကိုင်ကြရတာပဲဆိုတာ အားလုံးလည်းသိကြမယ်လို့ ထင်ပါတယ်။ လုပ်သားအင်အားနည်းသည် များသည် ဆိုတဲ့ အရေအတွက်သာ ကွာခြားပါလိမ့်မယ် လုပ်ငန်းတော်တော်များများမှာ လူသားတွေပဲ ပါဝင်ကြရတာပဲ ​ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Management ပိုင်းနဲ့ ပတ်သက်ပြီး Human Resource Management အကြောင်းကို တီးခေါက်ကြရအောင်ခင်ဗျာ။

Human Resource Management ကို အလွယ်တကူ (HMR) လိုလည်းခေါ်လို့ရပါတယ်။ HMR ရဲ့ အဓိက လုပ်ဆောင်ရတာကတော့ လုပ်ငန်းတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ လူသားအရင်းအမြစ် Human Resources ကို ထိရောက်စွာ ကိုင်တွယ် စီမံခန့်ခွဲတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

HRM ကလုပ်ငန်းတွေမှာ ဘယ်လိုအရာတွေကို လုပ်ဆောင်ပေးနိုင်သလဲဆိုရင် ဝန်ထမ်းများရွေးချယ်ခန့်ထားခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း နှင့် စီမံခန့်ခွဲခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ HRM ရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြင့်တင်ပေးပြီး လုပ်ငန်းတွေကို ထိရောက်စွာ လည်ပတ်ပေးနိုင်စေဖို့ပဲ ဖြစ်ပါတယ်။

Human Resource Management ရဲ့ အဓိက လုပ်ဆောင်ရတာကတော့

➡ Recruitment and Selection
➡ Training and Development
➡ Performance Management
➡ Compensation and Benefits
➡ Employee Relations
➡ Compliance with Labor Laws တို့ပဲဖြစ်ပါတယ်။

တစ်ခုချင်းပြန်ရှင်းပြရမယ်ဆိုရင် HMR ရဲ့ အဓိကလုပ်ဆောင်ချက်တွေက လုပ်ငန်းတွေအတွက် သင့်တော်တဲ့ ဝန်ထမ်းတွေ ရှာဖွေခန့်အပ်ခြင်း၊ လိုအပ်တဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့ ဝန်ထမ်းတွေ ရွေးချယ်ခြင်း၊ ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်အောင် ကူညီပေးခြင်း၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ပြီး၊ ပြန်လည်ပြင်ဆင်ခြင်း၊ ဝန်ထမ်းတွေကို သင့်တင့်တဲ့လစာနဲ့ အကျိုးခံစားခွင့်တွေ ပေးခြင်း၊ဝန်ထမ်းတွေနဲ့ လုပ်ငန်းကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ခြင်း၊ဝန်ထမ်းတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးခြင်း၊လုပ်ငန်းတွေကို အလုပ်သမားဥပဒေတွေနဲ့ ကိုက်ညီအောင် စီမံခန့်ခွဲခြင်း၊ ဝန်ထမ်းတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးခြင်း တို့ပဲဖြစ်ပါတယ်။

Human Resource Management ကောင်းမွန်တဲ့ လုပ်ငန်းတွေက သာမန်ထက်ပိုပြီး အောင်မြင်နိုင်တဲ့ လုပ်ငန်းတွေဖြစ်ပြီးတော့ လုပ်ငန်းအောင်မြင်မှုကိုလည်းထိန်သိမ်းထားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လုပ်ငန်းတစ်ခုခုလုပ်တော့မယ်ဆိုရင် Human Resource Management ကကောင်းမွန်ဖို့လိုအပ်ပါတယ်။

ဆိုတော့ ဒီလောက်ပါပဲခင်​ဗျာ Management ပညာရပ်ဟာ ကျွန်တော်တို့ထင်ထားတာထက်ပိုရှုပ်ထွေးသလို တစ်ခါတစ်လေမှာလည်း ကျွန်တော်တို့ အံသြလောက်အောင်ကို ရိုးရှင်းနေတက်ပါတယ်။

Management ပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်က သဘောတရားလောက်ပဲ ရှင်းပြပေးတာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးလေ့လာချင်တယ်ဆိုရင်တော့ Management ပိုင်းကို သင်ကြားပေးတဲ့ သင်တန်းများကိုရွေးချယ်ပြီးတက်ပါလို့ပဲ တိုက်တွန်းပါရစေခင်ဗျာ။

အခုလိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Creating The Future page လေးကို Like & Following လေးလုပ်ထားပေးပါခင်ဗျာ။ အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်။


Creating The Future

07/02/2025

ကျွန်တော်တို့ရဲ့ " LuNge Verse Audio Book project "လေးဟာဆိုရင်ဖြင့် မကြာခင် အချိန်အတောအတွင်းမှ စတင်လည်ပတ်တော့မှာပဲ ဖြစ်ပါတယ်။

အမြင်အာရုံချို့တဲ့သူတွေ စာဖတ်ပျင်းတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်လို့ ဒီ Project လေးမှာ ပါဝင်မယ်ဆိုရင်

💜ကုသိုလ်လည်းရမယ်
💜ဗဟုသုတ/ ရသ မျိုးစုံလည်းရမယ်
💜သွေးရင်းသားရင်း မဟုတ်တဲ့ မိသားစုလည်းရဦးမယ်

တစ်ခြားဘာတွေရဦးမလဲဆိုတဲ့ အသေးစိတ်ကတော့.....

" LuNge Verse Audio Book Project " လေး စတင်လည်ပတ်တဲ့အခါကျရင် ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

" LuNge Verse Audio Book " အစီအစဥ်ရဲ့ Management Plan လည်းရေးဆွဲပြီးသွားပြီ ဖြစ်တဲ့အတွက် မကြာခင်အချိန်အတွင်း ဒီ Project ကိုစိတ်ဝင်စားတဲ့ မည်သူမဆို ပါဝင်လို့ရနိုင်တော့မှာ ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

Want your business to be the top-listed Advertising & Marketing Company in Sagaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Sagaing
SAGAINGREGION