PKP Form Service

PKP Form Service

Share

🚀 Form တင်ခြင်းကို လျင်မြန်ဆန်စွာ ဆောင်ရွက်ပေးတဲ့ PKP Form Service

20/01/2026

📢 Tokutei Exam Formများကို ကြိုတင်အပ်နှံထားလို့ရပါပြီ 🇯🇵

“Kaigo, Food Service, Agriculture စသည့်
Tokutei Ginou အလုပ်အမျိုးအစားအားလုံးအတွက် Form တင်ပေးပါသည်”

✅Prometricအကောင့် မရှိသေးသူများကိုလည်း အကောင့်ဖွင့်ပေးပါတယ်နော်

👉 Form တင်ခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်ရန်အတွက် ငွေကြိုလွှဲပေးရန် လိုအပ်ပါသည်

08/08/2025

စောစောစီးစီး 1ယောက်ရသွားပါပြီ။
JLPT Formတွေ အပ်လို့ ရသေးတယ်နော်။

27/01/2022

White Gel 1ဘူးမှ 2,000Ks ပဲ ရှိတယ်နော်

ဆားဝက်ခြံကင်း ချွေးပေါက်ကျဥ်း ပြောင်ရှင်းတောက်ပနေတဲ့ နှာခေါင်းလေးဖြစ်စေမယ့်နည်းလမ်း👃🏻👀
*┈┈┈┈*┈┈┈┈*┈┈┈┈
ℍ𝕖𝕝𝕝𝕠 𝕄𝕪 𝔻𝕖𝕒𝕣𝕤 ✨
2021 မှာအိပ်ပျော်သွားတဲ့ sleeping beauty မင်မင် 2022 မှာတော့နိုးလာခဲ့ပါပြီ 🤣
မင်မင် နာဝါဆော ဖျောင်း ဖျောင်း ဖျောင်း 👏🏻

ကဲ ကဲ ဟုတ်ပြီ ဒီနေ့ကတော့ admin ဝိုးခနဲ ဝါးခနဲဖြစ်သွားလောက်အောင် ဆားဝက်ခြံတွေလျော့သွားတဲ့အပြင် ချွေးပေါက်ပါ ကျဥ်းသွားစေတဲ့နည်းလေး ပြောပြမယ် 🙄
အရင်က ဟိုသုံးဒီသုံးလျှောက်သုံးကြည့်ပေမယ့် ဆားဝက်ခြံက temporary ပဲ ပျောက်ပြီး နှာခေါင်းမှာပြန်ပေါ်နေတာမျိုးတွေပဲဖြစ်နေတော့ admin သိပ် အားမရတော့ဘူး 😓
ဒါနဲ့ ဒီနည်းအတိုင်း Try ကြည့်ရင်ရော သိသာမလားဆိုပြီး လုပ်ကြည့်လိုက်တာပေါ့နော်
အဲ့မှာရလိုက်တဲ့ amazing result ကြီးကို အရမ်းကျေနပ်ပီတ်ိဖြစ်သွားတယ်

Admin လုပ်တဲ့အဆင့်တွေကိုပြောပြမယ်နော်

1️⃣st step မှာ ဆားဝက်ခြံတွေကို အမြန်နည်းနဲ့ ရှင်းပေးမယ့် 𝐒𝐭𝐫𝐢𝐩𝐩𝐢𝐧𝐠
ဆိုတဲ့ (Thai made) ဗူးလေးသုံးပါတယ်
~~~How to use~~~
မျက်နှာနဲ့လက်ကို ဆေးပြီး ရေစင်အောင်သုတ်ထားပါ
သူ့ဗူးထဲမှာပါတဲ့ cream ကို ဆားဝက်ခြံရှိတဲ့နေရာကိုလိမ်းပြီးတော့ သူ့မှာပါပြီးသား စက္ကူကိုကပ်ထားရုံပဲ
အဲ့လိုလိမ်းတဲ့အခါမှာ လက်နဲ့ယူပြီးလိမ်းတာထက် နားကြပ်တောင်နဲ့ လိမ်းတာပိုကောင်းတယ် လက်နဲ့မနှိုက်ထားတဲ့အတွက် စိတ်သန့်တာပေါ့ (it's up to you pr😇)
15mins ထားပြီး ပြန်ခွာလိုက်တာနဲ့ ပါလာတဲ့ ဆားဝက်ခြံတွေဆိုတာ တော်ရုံတန်ရုံမဟုတ်ဘူး
ပြီးရင် cream တွေကပ်နေနိုင်တဲ့အတွက် ရေပြန်ဆေးပေးနော်
Ps-ဒီဗူးကိုတည့်တဲ့သူလည်းရှိသလို မတည့်တဲ့သူလည်းရှိတဲ့အတွက် စ try မယ်ဆို area နည်းနည်းပဲ လုပ်ကြည့််ဖို့ အကြံပြုပါရစေ

2️⃣nd step မှာတော့ ခုနက stripလုပ်လိုက်လို့ ချွေးပေါက်တွေကျယ်သွားချိန်မှာ pore အတွင်းပိုင်းထိ deep cleansing ရအောင် 𝐄𝐱𝐟𝐨𝐥𝐢𝐚𝐭𝐢𝐨𝐧 သုံးပါတယ်
~~~How to use~~~
It's so simple! သူ့အထုပ်ထဲက clay အနှစ်လေးတွေကို ယူပြီး ခုနက cream လိမ်းတဲ့ နေရာကိုပဲ လိမ်းပြီး 10 to 15 minsထားရုံပါပဲ
ပြီးရင် ရေဆေးချပါ
ဒါမှမဟုတ် တစ်ခါတည်း မျက်နှာတစ်ခုလုံး လိမ်းထားလည်းအဆင်ပြေတယ်
တစ်ချက်ခုတ် ၂ချက်ပြတ်ပေါ့

3️⃣rd step ကတော့ ချွေးပေါက်ကျဥ်းစေပြီး အသားအရေအတွက် အထောက်အကူအဖြစ်ဆုံး ❄

ဒီနည်းက စျေးအသက်သာဆုံးနဲ့ အထိရောက်ဆုံးလို့ပြောရမယ်😂
~~~How to use~~~
Fridge ထဲက ရေခဲတစ်တုံးယူလိုက်ပြီး တစ်တုံးလုံးကုန်တဲ့အထိ နှာခေါင်း နဲ့ မေးစေ့ကိုပွတ်ပါတယ် (admin က နှာခေါင်းရော မေးစေ့ရောကို လုပ်နေကျမို့)
ပါး၂ဖက်ကိုပါ တစ်ခါတည်းထည့်ပွတ်လည်းရတယ်

4️⃣th step ကတော့ daily skincare routine ပါ ဲ့_Moisturizer ပဲသုံးပါတယ်

ဒီမှာတစ်ခု သတိထားရမှာက အခုချိန်မှာ pore clog ဖြစ်စေတဲ့ make-up/ heavy oil ပါတဲ့ skincare တွေသုံးတာရှောင်ပေးပါ
ရိုးရိုးရှင်းရှင်း lightweight moisturizer နဲ့ toner လောက်ဆိုရပါတယ်နော်
Before bedtime လုပ်တာ ပိုအဆင်ပြေတယ်

ဆိုတော့ လုပ်ရတဲ့ step တွေများတယ်ဆိုပေမယ့် နှာခေါင်းပေါ်မှာအရုပ်ဆိုးစေတဲ့ အမဲအစက်သေးသေးလေး(ဆားဝက်ခြံ)တွေ အတော်လေးလျော့သွားတယ် ချွေးပေါက်ကျဥ်းသွားတာလည်းတကယ်သိသာတယ်နော်
Admin နဲ့အဆင်ပြေတဲ့နည်းလမ်းလေး sharing လုပ်ပေးပြီးပြီဆိုတော့ ယော်ရောဘွန်းတို့လည်း အဆင်ပြေကြပါ​စေရှင့်🥰

ကမ္ဘာပတ်မယ့်နှာခေါင်းလေးတွေလည်း လှနေဖို့လိုပါတယ်😜

21/01/2022

အသုံးအစွဲလေး လျှော့ကြရအောင်
=========
မြန်မာပြည်ရဲ့ လက်ရှိ အေနအထားအရ ရှေ့လာမယ့် ရက်တွေမှာ ပြည်သူများအတွက် စားဝတ်နေရေး ပိုပြီး ခက်ခဲဖို့ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ စားဝတ်နေရေးအတွက် အဓိက အရေးကြီးတာက ငွေပေါ့။ အဲဒီငွေကို ရွာဖို့ကေတာ့ သမ္မာအာဇီဝအလုပ်မှန်သမျှကို လုပ္ဖို့ လိုပါ့မယ်။ ငွေရရုံနဲ့ မပြီး။ အဲဒီငွေတွေကို စုဆောင်းနိုင်ဖို့က ပိုပြီး အရေးပါတယ်။ အပို မသုံးမိဖို့ ကြိုးစားဖို့ လိုပါ့မယ်။
(ဥပမာ)
- ဖုန်းဆင်းကဒ် ၂ ခု ၃ ခု မထားပဲ၊ တခုပဲ ထားပြီး ၂ ခု ၃ ခုစာ ဖုန်းကဒ်ဖိုးကို လျှော့ချကြည့်ပါ။
- မလိုအပ်ဘဲ ဖုန်းအကြာကြီး ပြောခြင်း ရှောင်ရှားပါ။
- ဆန်ဆိုလည်း တန်ဖိုးနည်းတဲ့ ဆန္ကို ဝယ္စားပါ။
- ဟင်းသီး ဟင်းရွက်များကို နေ လှမ်းပြီး သိမ်းထားပါ။ ချဉ်ပေါ င်ရွက်များကို ကျိုပြီး ရေခဲ သေတ္တာမှာသိမ်းထားပါ။
- ဈေးကြီးတဲ့ အစားအသောက်များကို ဝယ်မစားပါနဲ့။
- မလိုအပ်ဘဲ မီးတွေ မဖွင့်ပါနဲ့။
- လဘက်ရည် ထွက်သောက်မယ့်အစား အထုပ်ဝယ်သောက်ပါ။
- မနေနိုင်လို့ ဆေး လိပ်သောက်သူ ဖြစ်ပါက တနေ့လျှင် ဘယ်နှစ်လိပ်သာ သောက်မည်ဟု မိမိဖာသာ ကန့်သတ်ထားပါ။
- နံက္စာကို အပြင်မှာ ဝယ်စားခြင်းထက် အိမ်မှာ ထမင်းကြမ်းစားပါ။
- အသားဟင်းကို အာလူးစသည်နဲ့ ရော ခ်က္စားပါ။
- အိမ်ငှါးနေသူဖြစ်ပါက လက္တေလာ အိမ်ထက် လခနည်းသည့် အိမ္ကို ငှါးနေပါ။
- ဒီအချိန်မှာ အဝတ်အစား အသစ် မလိုအပ်ပါ။
- အပန်းဖြေခရီး ထွက်ခြင်း သီးခံပါ။
- သာရေး နာရေးများကို တတ်နိုင်သမျှ မသွားပါနဲ့။
- ဖြစ်နိုင်ရင် ကိုယ့်သားသမီးကို ကိုယ်တိုင် စာသင်ပေးပါ။ ကျူရှင် မပို့ပါနဲ့။
- ၁ လုံး၊ ၂ လုံး၊ ၃ လုံး မထိုးပါနဲ့။
- ပိုက္ဆံ သုံးဖို့ ရှိလာရင် သုံးသင့် မသုံးသင့် ၃ ရက် စဉ်းစားပါ။
- ရေဆာရင် ရေကိုသာ သောက်သုံးပါ။ (အျခားဟာ မစဉ်းစားသင့်။)
စသဖြင့် စသဖြင့် စသဖြင့်။
သေချာပါတယ်။
ဒီနည်းလမ်းအတိုင်း ကျင့်သုံးရင် တလ ၅ သိန်းကုန်တဲ့ အိမ်ဟာ တလ ၂သိန်းခွဲသာ ကုန်ကျပါမည်။
ရှေ့ရေး ဝန်လေးမိလို့ ရေးမိပါတယ်။
'

Want your business to be the top-listed Beauty Salon in Shwebo?
Click here to claim your Sponsored Listing.

Website

Address

Shwebo