Tech Noob
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tech Noob, Information Technology Company, Sittwe.
19/10/2025
MacBook Pro နန့်မိတ်ဆက်လားရေ M5 SoC
Apple က လွန်ခရေလေးရက်က Mac, iPad နဲ့ Visionအသစ် တိအတွက် M5 chip SoC ကို ကြေညာလိုက်ပါရေ။
💻ဇာတိပိုကောင်းလာလေ။
✅13nm Process Design
M5 ကို Appleက Third-generation 3nm process နဲ့ တည်ဆောက်ထားရေတွက်နန့် အယင်က M4 ထက် ပိုပြီးယင်ပနာ စွမ်းအင်သုံးစော်နည်းပါရေ။ အေပိုင် 3nm architecture ကြောင့် performance core နန့် efficiency core နှစ်မျိုးလုံးမှာ balance ကို ထိန်းပီးနိုင်ပါရေ။
✅10-Core CPU Architecture
M5 စော် 4 performance cores နန့် 6 efficiency cores ပါဝင်ရေအတွက် နန့် multi-thread performance မှာ M4 ထက် ၁၅% ပိုယင်လာပါရေ။ Application သုံးစော်တိကို ပိုပြီးနာ အယင်လုပ်နိုင်ပြီးကေ battery life ကိုလည်း ထိန်းသိမ်းထားနိုင်ပါရေ။
✅10-Core GPU with Neural Accelerator
GPU core တစ်လုံးစီမှာ Neural Accelerator ပါဝင်ရေတွက်နန့် AI workload တိကို GPU ထက်မှာ ဘဲprocess လုပ်နိုင်လားပါရေ။ M4 ထက် ၄ ဆပိုယင်ရေ AI processing power ရရှိပါရေ။
✅16-Core Neural Engine
Neural Engine 16 cores စော် Apple Intelligence feature တိမှာ အဓိက အခန်းကဏ္ဍကိုယူထားပါရေ။ Machine Learning တွက်ချက်မှုတိကို ချက်ချင်း run နိုင်ပြီးကေ Text, Voice, Photo, Video AI feature တိအတွက် အထောက်အပံ့ဖြစ်စီပါရေ။
✅153 GB/s Unified Memory Bandwidth
Memory Speed တိစော် 153 GB/s အထိ မြင့်တက်လာရေတွက်နန့် အကြီးသန် AI model တိကို cloud မသုံးဘဲ local မှာ run နိုင်ပြီးကေ Rendering, Video editing, coding, AI generation အစရှိရေ Multitasking တိ ပိုကောင်းလာပါရေ။
💻 M5 အသုံးပြုထားရေ Device တိ
MacBook Pro (M5)
M5 SoC ကြောင့် Video Editor နန့် Designer တိအတွက် Photoshop ရို့ Adobe Premier ရို့ ကိုအီးဆေး run နိုင်ပြီးကေ Meta Llama 3.1 70B နန့် Llama 3.3 70B ရို့ပိုင် Large Language Ai Models တိကို laptop ထက်မှာ တစ်ခါထဲ Offline Run ပနာသုံးလို့ရရေ။ Macbook တိ RAM management ဇာလောက်ကောင်းကောင်း AI ခေါတ်မှာ RAM လည်းလိုအပ်လာပါရေ။ ယင်းတော့နန့် 153 GB/s ထိ speed ရှိရေ Unified Memory RAM ကို16GB အနည်းဆုံး Model နန့်လာစော်တွိ့ရပါရေ။
iPad Pro (M5)
M5 SoC ကြောင့် iPad Pro မှာ Creativity apps တိသုံးရစော်ပိုကောင်းလာပါရေ။ Procreate Dreams(Animation လုပ်စော် App) မှာ 8K canvas မှာတောင် မဟန်းဘဲ အသုံး ပြုနိုင်ပြီးကေ Final Cut Pro ရို့ LumaFusion ရို့ပိုင် video Editing App တိမှာ Export ထုတ်စော်တိ 40% ပိုယင်လားပါရေ။ Latency နည်းပြီး privacy ပိုကောင်းရေ။
Apple Vision Pro (M5)
Apple Vision Pro မှာကျကေ Rendering လုပ်ရစော်တိပိုယင်လာပါဖို့ ၊ 3D spatial တွက်ချက်မှုတိပိုကောင်းလာဖို့နန့် refresh rate ကို 120Hz ထိ အသုံးပြုလို့ရအောင် M5 SoC ကလုပ်ဆောင်ပီးပါရေ။
အေဂုစော် Ai ခေါတ်ဖြစ်ပါရေ။ ယကေလေ့ Google Gemini ရို့ပိုင် Ai တိကို အသုံးပြုနိုင်နီရေအချိန်မှာ Apple Intelligence က တုတ်သတ်ဖြစ်နီပါရေ။ အေဂုပိုင် AI တွက်ပိုကောင်းရေ M5 SoC ကြောင့် Apple Intelligence ပိုကောင်းလာဖို့လားစောင့်ကြည့်ရဖို့ဖြစ်ပါရေ။
Click here to claim your Sponsored Listing.